Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
သတင်းလွှာ
 
ယခုသတင်းလွှာသည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ပထမဆုံး သတင်းလွှာ ဖြစ်သည်။ ယမန်နှစ်က ဌာနအတွက် ကာလဝက်သုံးသပ်မှုများmid-term review ပြုလုပ်ခဲ့ကြရာ ဌာန၏ ဆက်သွယ်ရေးနှင့် ပြင်ပဆက်ဆံရေး တိုးမြှင့်အောင်လုပ်ဆောင်ရန်လိုအပ်နေသည်ဟု ၄င်းသုံးသပ်မှုက ဖော်ပြပါသည်။

သတင်းလွှာကို လစဉ်ထုတ်ဝေရန် ရည်ရွယ်ထားပြီး လုပ်ဆောင်ဆဲနှင့် ဆက်လက်လုပ်ကိုင်မည့် လုပ်ငန်းများကို ဖော်ပြသွားပါမည်။ အကယ်၍ ကျွန်ပ်တို့ ဝက်ဆိုဒ်ပေါ်ရှိ သတင်းများကို အချိန်နှင့် တပြေးညီ သိရှိလိုပါက ကျွန်ုပ်တို့၏ လူမှုကွန်ယက်စာမျက်နှာ myanmar.responsible.business ကိုlike ပြုလုပ်ထားနိုင်သလို http://www.myanmar-responsiblebusiness.org/rss.xml တွင်လည်း RSS feed လုပ်နိုင်ပါသည်။

 
ကျွန်ုပ်တို့ ဝက်ဆိုဒ်ကို လေ့လာပါ။
 
 
 
 
 
About MCRB
 
MCRB အကြောင်း
 
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနသည် ရန်ကုန်အခြေစိုက်အဖွဲ့ဖြစ်ပြီး မိခင်အဖွဲ့အစည်းများမှာ ယူကေအခြေစိုက် Institute of Human Rights and Business နှင့် Danish Institute for Human Rights တို့ဖြစ်သည်။ ဌာနကို ၂၀၁၃တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်း လိုအပ်ချက် များပေါ်မှုတည်၍ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ တာဝန်ယူမှုရှိသော စီးပွားရေးကျင့်ဝတ်များ ပေါ် ပေါက်လာရန် လိုအပ်သောအသိပညာ၊စွမ်းရည်၊ ဆွေးနွေးတိုင်ပင်ခြင်းများကို အားပေးပြီး ထိရောက် အသုံးတည့်သည့် ဘက်လိုက်မှုကင်းသော အခင်းအကျင်းတစ်ခု ဖန်တီးပေးလိုသော ရည်ရွက်ချက်ဖြင့် စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ အစိုးရများနှင့်ပူပေါင်းဆောင်ရွက် နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
SWIA Team
 
သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း
 
၂၀၁၅ စက်တင်ဘာလတွင် MCRBသည် ICT Sector-Wide Impact Assessment (SWIA) ကိုပြုလုပ်ခဲ့သည်။ ၄င်းအစီရင်ခံစာသည် မြန်မာနိုင်ငံအတွက် အိုင်စီတီကဏ္ဍ အတွင်းဝင်ရောက် လုပ်ကိုင်နေ သည့်ကုမ္ပဏီများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရတို့အတွက် အွန်လိုင်း (အမုန်း စကား၊ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်နှင့် တရား ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ခွင့် အတွက် လိုအပ်သည့် စည်းမျဉ်းများ)နှင့်အော့ဖ်လိုင်း လူ့အခွင့်အရေးအန္တရာယ် ဖြစ်နိုင်ခြေ များနှင့် အခွင့်အလမ်းများကို ဖော်ပြထားသည်။ နောက်ဆက်တွဲ လုပ်ဆောင်ချက်များတွင် အစိုးရကို ဆွေးနွေး အကြံပြုခြင်းနှင့် လူတိုင်း သုံးနိုင်သည့်အခြေအနေရှိသော အင်တာနက်ဖြစ်လာစေရန် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ ပါဝင်မည်ဖြစ်သည်။
 
MCRBသည် တဆင့်ခံလုပ်ကိုင်သူများအပါအဝင် တယ်လီကွန်းကုမ္ပဏီများအချင်းချင်းဆွေးနွေးမှုများပြုလုပ်နိုင် ရန်လည်း လုပ်ဆောင်ပေးရန် စီစဉ် ထားပါသည်။ ယင်းဆွေးနွေးပွဲများတွင် အော့လိုင်း လူ့အခွင့်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊အထူးသဖြင့် တာဝါတိုင်တည်ဆောက်ရေးနှင့် ဖိုင်ဘာဆက်ကြောင်းများ သွယ်တန်းရေးတို့နှင့် ဆက်စပ်၍အလုပ်သမားနှင့် လုံခြုံစိတ်ချရရေးတို့ကို ဆွေးနွေးမည်ဖြစ်သည်။ ၄င်းကဏ္ဍနှင့်ပတ်သက်၍ သိရှိလိုပါက သို့မဟုတ် ကျွန်ပ်တို့နှင့် ဆက်သွယ်လိုပါက [email protected] သို့ ဆက်သွယ်နိုင်ပါသည်။
 
ICT SWIA အကြောင်းပိုမိုဖတ်ရှုလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
 
 
 
 
 
Mining SWIA team
 
သတ္တုတွင်းကဏ္ဍ၏ သက်ရောက်မှုများအားလေ့လာဆန်းစစ်ခြင်း
 
MCRBသည် သတ္တုတွင်းကဏ္ဍ၏ သက်ရောက်မှုများအားလေ့လာဆန်းစစ်ခြင်း Mining SWIA ကို ဆောင်ရွက်လျှက်ရှိ နေပြီး၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ဝေနိုင်မည်ဟု ခန့်မှန်းပါသည်။ပထမကွင်းဆင်သုတေသနကို ကရင်ပြည်နယ် ဘားအံမြို့နှင့် ရှမ်းပြည်နယ် ဟိုပုန်းမြို့ တို့တွင် ပြုလုပ်ခဲ့ပြီး ထုံးကျောက်နှင့် ဘိလပ်မြေတို့ကိုကို ဦးစားပေးသတေသနပြုလုပ်ခဲ့သည်။ နောက်ထပ်သုတေနပြုလုပ်မည့် နေရာများမှာ တနင်္သာရီ၊မန္တလေး၊စစ်ကိုင်း၊ကရင်နှင့် ကချင်ပြည်နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းများနှင့် ခဲမဖြူထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
Briefing Papers
 
မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများ၏အခွင့်အရေးနှင့် စီးပွားရေး
 
MCRB၏ မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးနှင့် စီးပွားရေး အနှစ်ချုပ်စာလွှာကို ဝက်ဆိုဒ်တွင် မြန်မာဘာသာ Burmese နှင့်ရော English အင်္ဂလိပ်ဘာသာ ဖြင့်ပါရရှိနိုင်ပါသည်။ ၄င်းသည် ဌာနေ တိုင်းရင်း သားတို့၏ အခွင့်အရေးနှင့် လွတ်လပ်စွာကြိုတင်အသိပေး၍ သိရှိပြီးဖြစ်သော သဘောတူညီမှု (FPIC)တို့နှင့် ပတ်သက်ပြီး အကန့်အသတ်ရှိသော မြန်မာ့တရားရေးဆိုင်ရာမူဘောင်ကို လေ့လာသုံးသပ် ထားပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများက IFC၏စွမ်းဆောင်ရည် အဆင့်၇ ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ စံနှုန်းများ ကို မည်သို့လိုက်နာကျင့်သုံးရမည်ကိုလည်း အကြံပြုထားပါသည်။ ယခင်ကထုတ်ဝေခဲ့သော အနှစ်ချုပ်စာလွှာ မှာမြေယာ Land ဖြစ်သည်။ဆက်လက်ထုတ်ဝေမည့် အနှစ်ချုပ်စာလွှာမှာ ကလေးသူငယ်အခွင့် အရေးနှင့် စီးပွားရေး ဖြစ်သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
Thilawa Special Economic Zone
 
သီလဝါ အထူးစီးပွားရေးဇုန်
 
MCRBသည် သီလဝါအထူးစီးပွားရေးဇုန်အတွက် ဘက်ပေါင်းစုံပါဝင်သော အကြံပေးညှိနှိုင်းအဖွဲ့ The Thilawa SEZ Multistakeholder Advisory Group ကို ဦးဆောင်သည် ။ အဖွဲ့၏ရည် ရွယ်ချက်မှာ နှစ်ဦးနှစ်ဘက်တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်ရေး၊ နစ်နာမှုကုစားရေးအဖြေများ ထွက်ပေါ် လာစေရေး၊သီလဝါအထူးစီးပွားရေးဇုန်အပိုင်း၁ အကောင်အထည်ဖော်မှုနှင့် ၄င်း၏ပြည်လည်နေရာချထားရေး အစီအစဉ်များကို စောင့်ကြည့်ရေးနှင့် နောင်အဆင့်များလုပ်ဆောင်ချိန်နှင့် အခြားအထူးစီးပွားရေးဇုန်များ ဖြစ် သည့် ထားဝယ်နှင့် ကျောက်ဖြုတို့တွင်လုပ်ငန်းများဖော်ဆောင်ချိန် ရှေ့လုပ်ငန်းများမှရရှိသည့် သင်ခန်းစာများကို ပြန်လည်ဝေမျှရေး တို့တွင် အားဖြည့် ကူညီပံ့ပိုးရန်ဖြစ်သည်။ နိုဝင်ဘာတွင် ဂျီနီဗာ၌ကျင်းပသည့် ကုလသမဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဖိုရမ်တွင် သီလဝါအထူးစီးပွားရေးဇုန်မှ အကျိုးစီးပွားပါဝင်ပတ်သက်သူများ တက်ရောက်ခဲ့သည့်ဆွေးနွေးပွဲသို့ မြန်မာဂျပန်သီလဝါဖွံဖြိုးတိုးတက်ရေး ကုမ္ပဏီနှင့် စီမံကိန်းကြောင့် ထိခိုက်ခံရပြီး ပြန်လည်နေရာချခံထားရသူများ ထဲမှတစ်ဦးကို ဖိတ်ခေါ်ပြီး ဆွေးနွေးပွဲတွင် MCRBက ဦးဆောင်ပင်တိုင်ဆွေးနွေးပြီး အားဖြည့်ကူညီ ပံ့ပိုးပေးခဲ့သည်။ ဆွေးနွေးမှုများကို discussion can be watched online မှ ကြည့်ရှုနိုင်ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
Myanmar Business Coalition on Aid
 
MBCAအား MCRBက ပံ့ပိုးကူညီမှု
 
MCRBသည် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးကို ဦးတည်ဆောင်ရွက် နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Myanmar Business Coalition for Aid ကို စစ်တွေနှင့်ထားဝယ်တွင် ရုံးခွဲများဖွင့်လှစ်ပေးခြင်း အပါအဝငင် ငွေကြေးဆက်လက်ထောက်ပံ့ရန် သဘောတူညီခဲ့သည်။ ၂၀၁၆-၂၀၁၈တွင် MCRBသည် ၄င်း၏ကိုယ်ပိုင်လုပ်ဆောင်ချက်အနေဖြင့် တနင်္သာရီနှင့်ရခိုင်တို့တွင် ရေနံနှင့် သဘာဝ ဓတ်ငွေ့နှင့် ခရီးသွားကဏ္ဍတို့၏ သက်ရောက်မှုအားလေ့လာဆန်းစစ်ခြင်း(SWIA)နောက်ဆက်တွဲလုပ်ငန်း များကို လုပ်ကိုင်မည်ဖြစ်သည်။ လာမည့် မေလတွင် ငပလီ၌ ကဏ္ဍပေါင်းစုံမှ အကျိုးစီးပွားပါဝင်ပတ်သက်သူများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို Hanns Seidel Foundation နှင့် ပူးပေါင်းပြီး ဆောင်ရွက်ရန် စီစဉ်ထားသည်
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
Pwint Thit Sa Project
 
ပွင့်သစ်စစီမံချက်
 
နှစ်စဉ် ထုတ်ဝေနေကြဖြစ်သည့် ပွင့်သစ်စအစီရင်ခံစာ Pwint Thit Sa report ကို ထုတ်ဝေရန်သုတေသနများ စတင်ပါတော့မည်။ ၄င်းအစီရင်ခံစာသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်း မြင်သာမှု ( ကုမ္ပဏီအုပ်စုနှင့် လက်အောက်ခံပိုင်ဆိုင်မှု)နှင့် ကျန်းမာရေး၊လုခြုံစိတ်ချရရေး၊ ပတ်ဝန်းကျင် နှင့် လူ့အခွင့်အရေး တို့နှင့် ဆက်စပ်ပြီး ထိပ်တန်းကုမ္ပဏီကြီး ၁၀၀ က မည်သို့လုပ်ကိုင်သည်ကို ၄င်းတို့ ဝက်ဆိုဒ်များ မှ လေ့လာအမှတ်ပေးခြင်းဖြစ်သည်။ ၄င်းစာရင်းတွင် ပါဝင်လိုသည့် ကုမ္ပဏီငယ်များ အတွက်လည်း ၄င်းတို့၏စီးပွားဖက်များ ရင်းနှီးမြှုပ်နှံသူများကို သက်သေပြရန်သာမက ပွင့်သစ်စစီမံချက်တွင်ပါဝင်သော လုပ်ငန်းကြီးများကဲ့သို့ပင် ၄င်းတို့သည် ပွင့်လင်း မြင်သာမှုရှိသည်ကို ပြသနိုင်ရန် အမှတ်ပေးမှုများ ဆောင်ရွက်ပေးမည့် မီနီပွင့်သစ်စစီမံချက်ကို ဆောင်ရွက် သွားမည်ဖြစ်သည်။ အကယ်၍သင့်လုပ်ငန်းကို ကုမ္ပဏီကြီးများနည်းတူ မေးခွန်း၃၅ ခုဖြင့် အကဲဖြတ် အမှတ်ပေးစေလိုပါက [email protected] သို့ အကြောင်းကြားပေးစေလိုပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
Rosie Zhang
 
MCRB ၏ Deputy Director သစ်
 
၂၀၁၅ ဒီဇင်ဘာလတွင် စတင်တာဝန်ထမ်းဆောင်သည့် Rosie Zhang ကို လည်း ကြိုဆိုပါသည်။ Rosieသည် ရှန်ဟိုင်းတွင် မွေးဖွားကြီးပြင်းပြီး ကုန်သွယ်ရေးနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရှေ့နေသင်တန်းများ တက်ရောက်ခဲ့သည်။ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ၊ အလုပ်သမားနှင့်ကုန်သွယ်ရေးပိုင်းများတွင် အာရှအတွေ့ အကြုံများခြင်းက ဌာနအတွက်တန်ဖိုးရှိပြီး အာရှရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ဆာင်ရွက်ရာတွင်လည်း အဆင်ပြေပါသည်။ လွန်ခဲ့သည့် ၁၂နှစ်အတွင်း အပြည်ပြည်ဆိုင်ရာ လူမှုရေး စံနှုန်းများသတ်မှတ်သည့် အဖွဲ့အစည်း သုံးခုကို အုပ်ချုပ်ခဲ့သည်။၎င်းသည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတွင် ကုန်အမှတ်တံဆိပ်၊တင်ပို့သူနှင့်လက်လီရောင်းချသူများ နှင့် အာရှ ၁၆နိုင်ငံရှိ အထည်ချုပ်၊ဖိနပ်၊လျှပ်စစ် နှင့် ကစားစရာစသည့် အမျိုးမျိုးသော လုပ်ငန်းများအတွက် တတိယအဖွဲ့အစည်းအကဲဖြတ်အကြံပေးမှု ပေးသောလုပ်ငန်းများဖြစ်သည်။ ဟောင်ကောင်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကစားစရာကောင်စီ၏ CARE ဖောင်ဒေးရှင်းတွင် စီမံခန့်ခွဲမှုအရာရှိချုပ်အဖြစ်တာဝန်ထမ်းဆောင်ပြီး ကစားစရာလုပ်ငန်းများအတွက် ICTI Certificate များထုတ်ပေးရေးကို ကြီးကြပ်သည်။ Harvard Kennedy school of Governance မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိထားပြီး အင်္ဂလပ်၊ မန်းဒရင်းနှင့် ကန်တုံ ဘာသာစကားများ ပြောဆိုနိုင်ပါသည်

ဒေသဆိုင်ရာဆက်ဆံရေးတာဝန်ခံ မဝေဖြိုးမြင့်နှင့် ခင်ပွန်းကိုဝေထွန်းတို့ကိုလည်း နိုဝင်ဘာလတွင် သမီးငယ် ဒေဝီဝေထွန်း မွေးဖွားခြင်းအတွက် ဂုဏ်ပြုပါ သည်။

ထို့အတူ သုတေသနနှင့် အရပ်ဘက်အဖွဲ့အစည်း တာဝန်ခံမနှင်းဝတ်ရည်နှင့် ခင်းပွန်း ကိုဖြိုးဝေအောင်တို့ကိုလည်း ဖေဖော်ဝ်ရီလတွင် သမီးငယ်လေး မွေးဖွားခြင်း အတွက် ဂုဏ်ပြုပါသည်။
 
 
 
 
 
 
facebook linkedin googleplus