မြန်မာနိုင်ငံရှိ ကုမ္ပဏီများအတွက် စီးပွားရေးနှင့် လူ့အခွင့်အရေး လမ်းညွှန်သစ် အွန်လိုင်းတွင်ရရှိပြီဖြစ်
မြန်မာစီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာ(MCRB)နှင့် Danish Institute for Human Rights (DIHR)တို့က အွန်လိုင်းပေါ်တွင်ရယူနိုင်သည့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လည်ပတ် ဆောင် ရွက်ရာတွင် လူ့အခွင့်အရေးကို ထိခိုက်မှုများနှင့် ဆက်စပ်သော “ မြန်မာလူ့ အခွင့်အရေးနှင့် စီးပွားရေးလမ်းညွှန်“ ကို ယနေ့ ထုတ်ဝေလိုက်သည်။
လမ်းညွှန်သည် (DIHR)၏ “The Human Rights and Business Country Guide” ဟုခေါ်သည့် ကမ္ဘာလုံး ဆိုင်ရာစီမံကိန်း၏ အစိတ်အပိုင်းလည်းဖြစ်သည်။ ၄င်းလမ်းညွှန်မျိုးကို ဘင်္ဂလားဒေ့ရှ်၊ တောင်အာဖရိက၊ ဇင်ဘာဘွေနှင့် ကိုလံဘီယာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် ထုတ်ဝေ ပြီး ဖြစ်သည်။ လမ်းညွှန်များ ကို www.HRBCountryGuide.org တွင် အခမဲ့ရရှိနိုင်ပါသည်။
နိုင်ငံတစ်ခုစီ၏ လမ်းညွှန်များတွင် ကလေးအလုပ်သမား၊ အဓ္ဓမစေခိုင်းခံရမှု၊ လုပ်ငန်းခွင် ကျန်းမာ ရေးနှင့် လုံခြုံစိတ်ချရမှု၊ အလုပ်သမားသမဂ္ဂနှင့် လုပ်ငန်းခွင် အခြေအနေအပါအဝင် အလုပ်သမား အခွင့်အရေးများ အပေါ် သက်ရောက်မှုများကို ဖော်ပြထားသည်။ ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊မြေယာ၊ အခွန်ဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် လုံခြုံရေး၊ အပါအ၀င် ရပ်ရွာလူထုအခွင့်အရေး များ၊ ထို့အတူ ထိခိုက်လွယ်သော အုပ်စုများအပေါ် သက်ရောက်မှုများ ကိုလည်း ဖော်ပြထားသည်။ ၄င်း သက်ရောက်မှုများကို မည်သို့ကာကွယ်ရမည် နှင့်လျော့ချရမည် ဆိုသည်တို့ကို အစီရင်ခံစာက ထောက်ခံအကြံပြုချက်များ ပေးထားသည်။ စီးပွားရေးလုပ်ငန်းများ၏ လူ့အခွင့်အရေး လေးစား လိုက်နာမှုဆိုင်ရာ အလေးထားဆောင်ရွက်မှုမျုားအပြင် အစီရင်ခံစာက စီးပွားရေး လုပ်ငန်းများက ဆက်သွယ်နိုင်သည့် လုပ်ဆောင်ဆဲ အမျိုးသားဖွံ့ဖြိုးတိုးတက် ရေး လုပ်ဆောင်မှုများကို ဖော်ပြပေး ထားသည်။ ၎င်းတို့သည် စီးပွားရေးလုပ်ငန်းများ၏ စည်းမျဉ်း ဥပဒေများအရ လိုအပ်ချက်များ အတိုင်း လိုက်နာဆောင်ရွက်ခြင်းထက် သာလွန်သည့် လုပ်ဆောင်မှု များအတွက် ဖြစ်သည်။
နိုင်ငံအလိုက်လမ်းညွှန်သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေပြီး ၄င်းတို့၏ အမူအကျင့်များကို တိုး တက်လို သည့် ပြည်တွင်းနှင့်နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ နှင့်မြန်မာနိုင်ငံတွင်း ၀င်ရောက်လုပ် ကိုင်ရန် စိတ်ဝင်စားသူများကို အဓိကရည်ရွယ်သည်။ ထို့အတူ တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများကို မက်လုံးပေး ဆွဲဆောင်လိုသော သို့မဟုတ် ထောက်ပံ့လိုသော အစိုးရအရာရှိများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ အသုံးပြုစေ ရန်လည်း ရည်ရွယ်သည်။
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေကို ပြည်တွင်း၊ပြည်ပရင်းမြစ်ပေါင်း ၁၀၀ ကျော်ထံမှရယူပြီး အစီရင်ခံစာကိုရေးဆွဲခဲ့ပါသည်။ အပြီးသတ်ရေးဆွဲရန်အတွက် ပါဝင်ပတ်သက်သူများ၏ အကြံ ဉာဏ်များ လည်း ရယူခဲ့ပါသည်။
မြန်မာအစီရင်ခံစာတွင် မီးမောင်းထိုးပြသော အဓိကကိစ္စရပ်များမှာ -
- မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ လျင်မြန်စွာ ဖြန့်ကျက်တိုးပွားလာသကဲ့သို့ပင်၊ ဥပဒေရေးရာ အခင်းအကျင်းသည်လည်း လျင်မြန်စွာ ပြောင်းလဲနေသည်။ အထူးသဖြင့် အလုပ်သမား၊ ပတ်ဝန်းကျင်နှင့် မြေယာကိစ္စများနှင့် ဆက်စပ်၍ ဖြစ်သည်။ အဓိက တိုးတက်လုပ်ဆောင်မှုများ ရှိနေသော်လည်း မြေယာနှင့် ကလေးအလုပ်သမားများ အပါအဝင် များစွာသော ဥပဒေရေးရာ ကိစ္စရပ်များ၌ ရှင်းလင်းမှုမရှိဘဲ၊ ပြေလည်မှုမရနိုင်သေးပေ။
- အလုပ်သမားသမဂ္ဂများသည် မြန်မာနိုင်ငံတွင် ၂၀၁၂ခုနှစ် ရောက်မှ တရားဝင်ဖြစ်လာသည်။ အလုပ်သမားများ၊ အစိုးရအရာရှိများနှင့် အလုပ်သမားသမဂ္ဂများကိုယ်တိုင်အပါအ၀င် ထိုအပြောင်း အလဲကို ထောက်ပံ့ပေးနိုင်ရန်စွမ်းဆောင်ရည်များ အလျင်အမြန်တည်ဆောက်ရန် လိုအပ်ပေ လိမ့်မည်။ အလုပ်သမား သမဂ္ဂများ၏ အခွင့်အရေးနှင့် ဆက်စပ်ပြီး အဓိပ္ပါယ်ပြည့်ဝစွာ ကျင်သုံးနိုင် စေရန် အစိုးရကလည်း ဥပဒေသစ်များ အကျိုးရှိရှိ ကျင့်သုံးနိုင်ရေး အထူးသဖြင့် စုပေါင်းတောင်းဆို နိုင်မှု နှင့် သမဂ္ဂမဖွဲ့ရန်တားမြစ်မှုတို့ကို ကျော်လွားနိုင်ရေး လုပ်ဆောင်ပေးရန် လိုအပ်သည်။
- <လုပ်ငန်းခွင်အခြေအနေ၊အထူးသဖြင့် အချိန်ပိုဆင်းရမှုနှင့်လုပ်ခ၊ ထို့အတူကျန်းမာရေးနှင့် လုပ်ငန်းခွင်လုံခြုံစိတ်ချရမှုတို့က မြန်မာနိုင်ငံတွင်လည်ပတ်နေသည့် သို့ မြန်မာနိုင်ငံမှ ရင်းမြစ်ကို ယူကာဆောင်ရွက်နေသည့် ကုမ္ပဏီက လုပ်ဆောင်နေသည့် လူ့အခွင့်အရေးဆိုင်ရာ စွန့်စားရမှု ကိုဖော်ပြသည်။အစိုးရက အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး ဆွေးနွေးနေသည်။
- မယာသည် လူ့အခွင့်အရေး၊ဖွံ့ဖြိုးတိုးတက်မှုနှင့်ပုဂ္ဂလိကကဏ္ဍအတွက် အဓိကအကျိုး သက်ရောက်မှုဖြစ်စေသည့် ကိစ္စဖြစ်သည်။ လယ်သမားအများစုသည် မြေအသုံးချမှု အ ထောက်အထားစာရွက်စာတမ်းများ မရှိကြပေ။ တိုင်းရင်းသားမျိုးနွယ်စုများ အဓိက အသုံးပြုသည့် ရိုးရာအတိုင်း ထွန်ယက်စိုက်ပျိုးခြင်းကို ပိုင်ဆိုင်မှု ပုံစံတရပ်အဖြစ် အသိမှတ်ပြုမှု မရှိကြပေ။ ၄င်းက လယ်သမားများကိုထိခိုက်လွယ်စေပြီး မြေများကိုလည်း အစိုးရအသိမ်းခံဘ၀ သို့ရောက် သွားစေ သည်။ ကုမ္ပဏီများက အစိုးရထံမှခွင့်ပြုချက်ရလျှင်ပင် မြေ၏တရားဝင်ပိုင်ဆိုင်မှုကို သေချာစွာ စုံစမ်းစစ်ဆေးသင့်သည်။ အထူးသဖြင့် လျော်ကြေးပေးရာတွင် လူ့အခွင့်အရေး မထိခိုက်စေဘဲ ပေးရန်ဖြစ်သည်။
- ဆန္ဒပြသူများသည် လုံခြုံရေးအဖွဲ့များ၏အကြမ်းဘက်နှိမ်နှင်းခြင်းခံရပြီးအချို့မှာ ထိန်းသိမ်း ခံထားရသည်။
- မြန်မာနိုင်ငံ၏ အစိတ်အပိုင်း အချို့မှာ ပဋိပက္ခများ အကြားတွင်ပင်ရှိသေးသည်။ အစိုးရက တိုင်းရင်းသားမျိုးနွယ်၁၄ခုနှင့်၂၀၁၁ကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးနိုင်သော်လည်း ကချင်နှင့် ရှမ်းမြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။
နိုင်ငံအလိုက်လမ်းညွှန်သည် ထိုအချက်များအားလုံးအပေါ်တွင် အသေးစိပ်ထပ်မံဖော်ပြထားသည်။ စီးပွားရေးလုပ်ငန်းများက လူ့အခွင့်အရေးပေါ်တွင် ဆိုးရွားစွာသက်ရောက်မှုများ၊ ကုစားမှုအတွက် နည်းလမ်းများ အကြံပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ၏ လူ့အခွင့်အရေးလေးစားလိုက်နာမှုရှိရန် အာမခံပေးမှု နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအတွက် လက်ရှိ အကောင်အထည်ဖော်နေသော အစီအမံများနှင့် ပတ်သက်ပြီး ဥပမာအကြောင်းခြင်းရာများဖြင့် ဖော်ပြထားသည်။
အယ်ဒီတာများအတွက်မှတ်စုများ
၁။ လူ့အခွင့်အရေးနှင့် စီးပွားရေးလမ်းညွှန်ကို www.HRBCountryGuide.org ဝက်ဘ်ဆိုဒ်တွင် အခမဲ့ရယူနိုင်ပါသည်။ ၄င်းတွင် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများ၏ လူ့အခွင့်အရေးဆိုင်ရာ အမှန်တ ကယ်နှင့် ဖြစ်နိုင်ခြေရှိသော အကျိုးသက်ရောက်မှုများကို ဖော်ပြထားသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကာကွယ်ပေးနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများက ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင် သူဖြစ်ရေးအာမခံနိုင်ရန် လမ်းညွှန်တွင် နိုင်ငံတစ်ခုခြင်းစီအတွက် စီးပွားရေးလုပ်ငန်းများ၊ အစိုးရ များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အခြားပါဝင်သူအားလုံးအတွက် တိကျပြည့်စုံသော သတင်း အချက်အလက်များကို ဖော်ပြထားသည်။
၂။ The Danish Institute for Human Rights သည် နိုင်ငံတစ်ခုစီတိုင်းတွင် လက်တွဲလုပ်ကိုင်သူ များ နှင့်တွဲဖက်ပြီးသတင်းအချက်အလက်များ စုဆောင်းခြင်း၊တွေ့ဆုံညှိနှိုင်းနိုင်ရေးအတွက် လမ်းကြောင်း တည်ဆောက်ခြင်းများကို လုပ်ကိုင်သည်။
၃။ လမ်းညွှန်တစ်ခုစီတိုင်းသည် ဥပဒေ၊ လက်တွေ့အခွင့်အရေးကျင့်သုံးမှု နှင့် အကောင်အထည် ဖော်နေသော အစီအမံများ လုပ်ဆောင်မှုများနှင့် ဆက်စပ်၍ အရေအတွက်ရော အရည်အချင်းပါ ပါဝင်သည့် သတင်းအချက်အလက်များ ပါဝင်သည်။ ၄င်းတွင် အဆင့်သတ်မှတ်ခြင်း၊ နှုန်းသတ်မှတ် ခြင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ စစ်တမ်းကောက်ယူခြင်းများသာမက ပြည်တွင်းအဖွဲ့အစည်း များမှရရှိသည့် သတင်းအချက်အလက်များ၊လက်ဦးမှုနှင့် နမူနယူစရာဖြစ်စဉ်များလည်းပါဝင်သည်။ လမ်းညွှန်တစ်ခုစီ သည် ပြည်တွင်းမှသတင်းအချက်အလက်များစုစည်းခြင်းနှင့် အကြံဉာဏ်ရယူ ခြင်း လုပ်ငန်းစဉ်များ ဖြင့်ပြုလုပ်ဖန်တီးထားသည်။ ၄င်းလုပ်ငန်းစဉ်ကို ၂၀၁၆တွင် ဘရာဇီးလ်၊ ကမ္ဘောဒီးယား၊မြန်မာနှင့် တောင်အာဖရိက အပါအ၀င် အနည်းဆုံးနိုင်ငံ၂၀ကိုပြုလုပ်မည်ဖြစ်သည်။
၎။နိုင်ငံတစ်ခုစီအတွက် လမ်းညွှန်သည် နိုင်ငံတကာက အသိမှတ်ပြုထားသော လူ့အခွင့်အရေးများ နှင့် ကုသမဂ္ဂကလမ်းညွှန်ထားသည့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ နှင့်လျော်ညီသည့် သတင်းအချက်အလက်များ ပါဝင်သည်။ ထို့အပြင်လူ့အခွင့်အရေးချိုးဖောက်ခြင်း မှ ရှောင်ကြဉ်ထိန်းသိမ်းရန်အာမခံချက်ပေးရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် တက်ကြွ စွာ ပါဝင်ရန်အတွက် due diligence ကိုကျော်လွန်သော သတင်းအချက်အလက်များကိုလည်း ဖော်ပြထားသည်။
အစီရင်ခံစာရေးသားသူများ အကြောင်း
၅။Myanmar Centre for Responsible Business (MCRB)သည် ရန်ကုန်မြို့တွင် အခြေစိုက်ပြီး ယူကေ၊ဒိန်းမတ်၊ နော်ဝေ၊ဆွစ်ဇာလန်၊နယ်သာလန်နှင့် အိုင်ယာလန်အစိုးရတို့မှ ထောက်ပံ့ပေး ထားသည်။ ယူကေအခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ်အခြေစိုက် Danish Institute for Human Rights (DIHR) တို့၏ ပူပေါင်းဆောင်ရွက် မှုဖြင့်၂၀၁၃ခုနှစ်တွင်ဖွဲ့စည်းခဲ့သည်။ ပြည်တွင်းလိုအပ်ချက်များပေါ် မူတည်၍ နိုင်ငံတကာ စံချိန်စံ ညွှန်းနှင့်အညီ တာဝန်ယူမှုရှိသောစီးပွားရေးကျင့်ဝတ်များ ပေါ် ပေါက်လာရန် လိုအပ်သော အသိ ပညာ၊စွမ်းရည်၊ဆွေးနွေးတိုင်ပင်ခြင်းများကို အားပေးပြီး ထိရောက်အသုံးတည့်သည့် အခင်းအကျင်း တစ်ခု ဖန်တီးပေးလိုသောရည်ရွက်ချက်ဖြင့် ဤ ဌာနကို တည်ထောင်ခဲ့ရခြင်းဖြစ်သည်။ (MCRB) သည်စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အစိုးရများနှင့်ပူးပေါင်းဆောင်ရွက် နေသော ဘက်လိုက်မှုကင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
၆။ Danish Institute for Human Right (DIHR) သည် ဒိန်းမတ်နှင့် ကမ္ဘာတစ်ဝှမ်းတွင် လူ အခွင့်အရေးတိုးမြှင့်ရန်နှင့်ကာကွယ်ရန်၊ တန်းတူညီမျှဆက်ဆံရန် အခွင့်အာဏာတစ်ရပ် ရှိပြီး ကုလသမဂ္ဂပါရီအခြေခံမူများနှင့်အညီ ထူထောင်ထားသည့် ဒိန်းမတ်၏အမှီအခိုကင်း သော အမျိုးသား လူ့အခွင့်အရေးအင်စတီကျူးရှင်းဖြစ်သည်။ DIHR၏ လူ့အခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းဌာနသည် ပုဂ္ဂလိကလုပ်ငန်းကဏ္ဍ၏ လူ့အခွင့်အရေးလေးစားလိုက်နာမှု အခန်းကဏ္ဍ ကိုအာရုံစိုက်သည်။ သုတေသနပြုလုပ်ခြင်း၊ အသုံးပြုရမည့်ရင်းမြစ်များ ထုတ်ဝေခြင်းနှင့် အထူး သဖြင့် ကော်ပိုရိတ်သက်ဆိုင်ပတ်သက်သူများ နှင့်လက်တွဲဆောင်ရွက် ခြင်းဖြင့် လူ့အဖွဲ့အစည်း အပေါ် စီးပွားရေးလုပ်ငန်း များ၏ ကောင်းကျိုးသက်ရောက်မှုများကို အမြင့်ဆုံးဖြစ်စေပြီး ဆိုးကျိုး သက်ရောက်မှုများကို အနိမ့်ဆုံးဖြစ်စေရန် DIHR က ကြိုးပမ်း လျှက်ရှိသည်။ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန် အခြေခံမူများကို အကောင် အထည်ဖော်နိုင်စေရန် မိမိတို့၏မရှိမဖြစ် အရေးပါသော အခန်း ကဏ္ဍတွင်ပါဝင်လုပ်ဆောင်ရန် NHRIsနှင့် အခြားနိုင်ငံတော်ပိုင်းဆိုင်ရာ လှုပ်ရှား ဆောင်ရွက်သူများ ကိုလည်း DIHR က ထောက်ပံ့ပေးသည်။
(မြန်မာနိုင်ငံအတွက်) MCRB (www.myanmar-responsiblebusiness.org)
ဖြူဖြူဇင်၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးမှူး၊
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန(MCRB)၊ ၀၉၇၉၉၆၆၇၇၁၃ သို့မဟုတ် phyuphyu.zin@ myanmar-responsiblebusiness.org
(မြန်မာနိုင်ငံပြင်ပ) DIHR (www.humanrights.dk)
Emanuela Ranieri-Svendsen: [email protected]