တာဝန်ယူမှု တာဝန်ခံမှု စီးပွားရေး ကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ရခိုင်ပြည်နယ်တွင်ကျင်းပ

ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများတွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) မှ အသင်းသားများသည် ကျောက်ဖြူမြို့ နှင့် စစ်တွေမြို့များတွင် သွားရောက်၍ ဒေသရှိ အရပ်ဘက်အဖွဲ့အစည်းများ နှင့် အစိုးရဌာနဆိုင်ရာ အုပ်ချူပ်ရေး အရာရှိများအတွက် တာဝန်ယူမှု တာဝန်ခံမှု စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ သွားရောက်ကျင်းပ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ၄င်းအလုပ်ရုံဆွေးနွေးပွဲများကို Oxam အဖွဲ့၏ ကူညီမှုဖြင့်၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) နှင့် ရခိုင်ပြည်နယ်မှ အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်သော Scholar Institute တို့ပူးပေါင်းကျင်းပသော အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါသည်။
ဒီဇင်ဘာလ ၁၂၊၁၃၊၁၄ ရက်နေ့များတွင် တာဝန်ယူမှု တာဝန်ခံမှုစီးပွားရေး ဆိုင်ရာ အလေ့အကျင့် ကောင်းများ နှင့် အစီစဉ်တကျ ချိတ်ဆက်ဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် အရပ်ဘက်အဖွဲ့အစည်းများ အတွက် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု နှင့် အစိုးရ အုပ်ချူပ်ရေး ဌာနများမှ အရာရှိများအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခု သီးခြားကျင်းပ ဆွေးနွေးခဲ့ ကြသည်။ အရပ်ဘက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် တာဝန်ယူမှု တာဝန်ခံမှု စီးပွားရေး၏ အခြေခံ အကြောင်းအရာများ နှင့် တာဝန်ယူမှု တာဝန်ခံမှု စီးပွားရေးဆိုင်ရာ နှင့် ပတ်သတ်သော နိုင်ငံတကာမှ ကျင့် သုံးသော စံနုန်းများကို အရပ်ဘက်အဖွဲ့အစည်းများမှ တက်ရောက်လာကြသော ၂၅ ရောက်သော ကိုယ်စလှယ်များအား မျှဝေမိတ်ဆက်ပေးခဲ့ကြသည်။ထိုသို့ စံနုန်းများကို မျှဝေ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ လက်ရှိဥပဒေများကို အခြေခံ၍ ရင်နှီးမြုပ်နှံမှု၊ ပတ်ဝန်းကျင်အကျိုးသက်ရောက်မှုဆန်းစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) ၏ လုပ်ဆောင်မှုစံသတ်မှတ်ချက် (၅) တို့ အပါအဝင် နိုင်ငံတကာပတ်ဝန်းကျင် နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ စံနုန်းများ နှင့် ဒေသခံပြည်သူလူထု နှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သော သူများ၏ ထိခိုက်မှုများ၊စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းပေးဖို့ လုပ်ငန်းပိုင်းဆိုင်ရာ တိုင်ကြားနိုင်သည့် စနစ်ကျင့်သုံးရန် ကုပ္မဏီများ သုံးစွဲရမည့် နည်းလမ်းကောင်းများ၊ စသည်တို့ပါဝင်သည်။
တက်ရောက်လာကြသော အရပ်ဘက်အဖွဲ့အစည်းများမှ ဒေသခံများသည် ထို အကြောင်းအရာများကို ဆွေးနွေးရာတွင် လာရောက်အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားသော ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အခြေခံ၍ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးရာတွင် ထို အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်လုပ်ကိုင်ပါက ဖြစ်ပေါ်လာမည့် ဒေသခံတို့၏ အလုပ်အကိုင် နှင့် သဘာဝပတ်ဝန်းကျင်တို့သက်ရောက်သော ကောင်းကျိုး၊ ဆိုးကျိုးများနှင့် ထိုစီမံကိန်းကို အဆိုပြု လုပ်ကိုင်မည့် သူများနှင့် မည်သို့ မည်ပုံ ချိတ်ဆက် ဆောင်ရွက်ရမည် စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) အနေဖြင့် ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထောက်ခံထားသော ကျောက်ဖြူခရိုင်တွင် လာရောက်လုပ်ကိုင်မည့် လုပ်ငန်းသစ်များအတွက် မဟာဗျုဟာမြောက် ပတ်ဝန်းကျင်ဆိုင့်ရာ လေ့လာဆန်းစစ်မှု လုပ်ရမည့် ဟူသော အကြံပေးချက်များအတိုင်း လာရောက်လုပ်ကိုင်မည့် လုပ်ငန်းသစ်များကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကို စဉ်းစားရန်၊ ထိုလုပ်ငန်းသစ်များ ကို လုပ်ကိုင်လာပါက လုပ်ကိုင်မည့် လုပ်ငန်းများ နှင့် နေထိုင်လုပ်ကိုင်ကြမည့် သူများကြောင့် တိုးတက်လာမည့် သောက်သုံးရေး တိုးတက်မှု အတွက် လုံလောက်သော ရေအရင်းအမြစ် ရှိမရှိ စသည်တို့ကို ဦးစားပေး ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကျောက်ဖြုခရိုင်ရှိ အထွေထွေ အုပ်ချုပ်ရေး ဌာန မှ အရာရှိများ နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိသော ရင်နှီးမြုပ်နှံမှု၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ မြန်မာ့ဥပဒေများ နှင့် တာဝန်ယူမှု တာဝန်ခံမှု စီးပွားရေးလုပ်ငန်းများဆိုင်ရာ နိုင်ငံတကာ စံနုန်းကောင်းများ အကြောင်းကို အကျဉ်းချုံး ဆွေးနွေးပွဲတစ်ခုအနေနှင့် ဆွေးနွေးခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲ နှစ်ခု စလုံးတွင် ပြည်သူလူထု နှင့် အစိုးရ အကြား ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင့်မြင်သာမူ့ နှင့် ပူးပေါင်းအကြံဥာဏ်ရယူမှု စသည်တို့ အရေးကြီးပါကြောင်း နှင့် အနာဂတ်ကာလတွင် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားနိုင်ရန် ဒေသခံပြည်သူတို့၏အသံကို လုပ်ငန်းစီစဉ်သည့် အဆင့်မှ စ၍ နားထောင်ပေးရန် လိုအပ်ကြောင်း၊ စသည်တို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) နှင့် Scholar Institute တို့ ပူးပေါင်းကျင်းပသော အလားတူ အလုပ်ရုံဆွေးနွေးများကို စစ်တွေခရိုင်ရှိ အထွေထွေအုပ်ချုပ်ရေး ဌာန၊ စိုက်ပျိုးရေးဌာ နှင့် အလုပ်သမားရေးရာ ဌာန စသော အစိုးရ ဌာနများမှ ၂၂ ရောက်သော အရာရှိများ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
ဤအလုပ်ရုံဆွေးနွေးပွဲများမှ စီးပွားရေးလုပ်ငန်းကြီးများ၏ လူမူရေးတာဝန် (CSR) စသော အသုံးအနုန်း၏အဓိပ္ပာယ် နှင့် နားလည်ထားရမည့် အရာများ စသည့်တို့ကို ထုတ်ဖော်ဆွေးနွေးခဲ့ကြသည်။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) မှ စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကုပ္မဏီများအနေဖြင့် သက်ရောက်လာမည့် ဆိုးကျိုးများကို သတ်မှတ့်ခြင်း နှင့် လုပ်ငန်းတစ်ခု အတွက် ဒေသခံပြည်သူတို့၏ သဘောတူကြည်ဖြူမှုရရှိရန် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ နှင့် ဒေသခံတို့ အတူ အကျိုးစီးပွားဝေမျှခြင်း ဆိုင်ရာများ ဆောင်ရွက်ခြင်းတို့ကို ကွဲပြားခြားနားခြင်းကို အရေးတကြီး သိစေလိုကြောင်း နှင့်  ပရဟိတ လုပ်ခြင်း သည် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာ လုပ်ဆောင်သော လုပ်ငန်းပိုင်ဆိုင်ရာများ နှင့် မသက်ဆိုင်ပါကြောင်း၊ စသည့် အကြောင်းအရာများကို မျှဝေဆွေးနွေးခဲ့ကြသည်။
Share:
