မြန်မာစီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် ၄င်း၏ ဖွင့်ဟခြင်းဆိုင်ရာ သုတေသန ကို အချိန်နှင့်တပြေးညီ (update) ပြုလုပ်သည့်အနေဖြင့် ၂၀၁၆ ဧပြီလက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ၏ ပတ်ဝန်းကျင်သက်ရောက်မှုအား ဆန်းစစ်ခြင်း( EIA)နှင့် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) ဖွင့်ဟခြင်း သတေသနကို များကို ထပ်မံပြုလုပ်ခဲ့သည်။ ၄င်းသုတေသနအရ ၂၀၁၃ခုနှစ်ကတည်းက လုပ်ကိုင်ခွင့်ချပေးထားခဲ့သောရေနံနှင့်သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက် ၂၀ထဲမှ ၁၄ခု (၇၀)ရာခိုင်နှုန်း သည် ၄င်းတို့၏ IEE/EIA ထုတ်ပြန်ထားကြသည်။ ပထမအကြိမ်သုတေသနပြုလုပ်စဉ် မတ်လက ၅၈ ရာခိုင်နှုန်းသာရှိရာမှ တိုးတက်လာခြင်းဖြစ်သည်။ ကုန်းတွင်းလုပ်ကွက်များတွင်မူ ၁၅ခုအနက်မှ ၇ခုက ထုတ်ပြန်လာပြီး ရာခိုင်နှုန်းအားဖြင့် ၄၇ ဖြစ်သည်။ မူလ၂၆ရာခိုင်နှုန်းရှိရာမှ တိုးတက်လာခြင်းဖြစ်သည်။ မြန်မာ့ရေနံနှင့် သဘာဝဒာတ်ငွေ့ကဏ္ဍသည် ဖွင့်ဟခြင်းတွင် ခေါင်းဆောင်နေသည်ဆိုသော်လည်း တိုးတက်ပြောင်းလဲခြင်းမှာ လိုအပ်နေသေးသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက်ချထားခြင်းနှင့် EIA လုပ်ငန်းအတွက် ဥပဒေဘောပိုင်းဆိုင်ရာ မကြာသေးမီအချိန်က ပြပြင်ပြောင်းလဲတိုးတက်မှုများနှင့် ထပ်မံသိရှိလိုသည်များကို ဤတွင်လေ့လာဖတ်ရှု နိုင်ပါသည်။ |