မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် အရင်းအမြစ် သုံးစွဲမှု ကို လျော့ချရန် နည်းလမ်းများကို အမြဲတစေ ရှာဖွေလျက်ရှိသည်။ လျှပ်စစ်၊ ရေ၊ လောင်စာဆီ၊ ပလတ်စတစ် နှင့် စာရွက် သုံးစွဲမှုလျော့ချရန် ကြိုးပမ်းနေသည် ။ မကြာသေးသော ကာလအတွင်းမှာပင် ဌာန ၏ ပွဲများ နှင့် ပူးတွဲကျင်းပသော ပွဲများ တွင် ပလတ်စတစ်ရေဘူးများ ကို သုံးစွဲရန် ငြင်းဆန်ခြင်း မူဝါဒ ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဟိုတယ်များ နှင့် ခန်းမများ ကိုလည်း ပလတ်စတ်ရေဘူးများ နှင့် ကော်ဖီမုန့်ထုတ်များ၊ နို့မုန့်ထုတ်များ သကြားထုတ်များ စီစဉ်ပေးခြင်း မပြုရန် တောင်းဆိုလျှက်ရှိပါသည်။ လွန်ခဲ့သော (၅)လအတွင်း MCRB အနေဖြင့် ပလတ်စတစ်ရေဘူးပေါင်း (၅၅၇) ဘူး ချွေတာနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ ရေဘူးအစား ရေခရားသုံးစွဲသည့် အစီအစဉ်ကိုလည်း ကျင့်သုံးကြရန် နှိုးဆော်ပါသည်။ |