စီးပွားရေး လုပ်ငန်းများတွင် မသန်စွမ်းသူများ ပါဝင်ရေးအတွက် ဆွေးနွေးမည့် အစည်းအဝေးနှစ်ခုကို မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က နိုဝင်ဘာလ အတွင်းပြုလုပ်မည် ဖြစ်သည်။ ပထမအစည်းအဝေးကို နိဝင်ဘာလ ၂၀ရက်တွင် ပြုလုပ်ရန်ရည်ရွယ်ထားပြီး အဓိက လုပ်ငန်းကြီးများမှ လူ့စွမ်းအားအရင်းအမြစ်တာဝန်ခံများတက်ရောက်ကာ မသန်စွမ်းသူများ ပိုမိုပါဝင်နိုင်သည့် လုပ်ငန်းခွင်များ ဖြစ်လာစေရန် ဆွေးနွေးမည်ဖြစ်သည်။ နိုဝင်ဘာ ၂၁ရက်တွင် ဆက်နွယ်ပတ်သက်သူများပါဝင်သော အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ပြီး ၂၀၁၅ မသန်စွမ်းဥပဒေတွင် ဖော်ပြထားသည့် မသန်စွမ်းသူ ၂ရာနှုန်း မဖြစ်မနေကိုတာ ထားရှိရမည့် စည်းမျဉ်းများ နှင့် မူဝါဒများကို ဆွေးနွေးကြမည် ဖြစ်သည်။ |