MCRB သည် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေး ပွဲများကို အစဉ်လိုက်ပြုလုပ်သွားမည် ဖြစ်ပါသည်။ ၎င်းကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ စိတ်ပါဝင်စားသော ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကျင်းပမည် ဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန တို့နှင့် ပူးပေါင်းကျင်ပခြင်း ဖြစ်သည်။စီးပွားရေးလုပ်ငန်း၏ဂုဏ်သိက္ခာ ၊ အလုပ်အကိုင်ကောင်း၊ ပတ်ဝန်းကျင်၊နှင့် ဒေသခံများနှင့် စေ့စပ်ညှိနှိုင်း ဆက်သွယ်မှု စသည့် ကိစ္စရပ်များ အပါအဝင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မူဝါဒများနှင့်အညီ စီးပွားရေးလုပ်ငန်းမျိုးစုံကို တာဝန်ယူမှုရှိစွာ လည်ပတ်စေရန်အတွက် ကူညီရန် ရည်ရွယ်သည်။ ၎င်းသဘောတရားများကို ဇွန် ၂၂ ရက်က ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဆွးနွေးခဲ့သည်။ဆွေးနွေးရာတွင် ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေအကြုံပြုလိုသူ ကုမ္ပဏီများ လည်း ပါဝင်ခဲ့သည်။ ပထမဆုံး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၅ရက်က OECD နှင့် ပူးပေါင်းကျင်းပခဲ့ပြီး ဟန်နီကန်နှင့် ရွှေတောင်တို့က စီးပွားရေးလုပ်ငန်းများအနေဖြင့်မိမိတို့၏ လုပ်ငန်းလည်ပတ်မှုကြောင့် လူ့အခွင့်အရေးဆိုင်ရာနှင့်လူမှု သို့မဟုတ်သဘာဝပတ်ဝန်းကျင်တို့ကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်နစ်နာမှုများကို ကြိုတင်သိရှိနိုင်ရန်စိစစ်ခြင်း (due diligence)၊ အကြောင်း ဆွေးနွေးခဲ့သည်။ ပါဝင်ရန်စိတ်ဝင်စားပါက မာချီကိုထံ ဆက်သွယ်နိုင်ပါသည်။ |