မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် “မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းများဆိုင်ရာ စာတမ်းအနှစ်ချုပ်”ကို ထုတ်ပြန်ခဲ့သည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ အချို့သော ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများအပေါ် မည်သို့ဆိုးကျိုးသက်ရောက်မှုများ ရှိနိုင်ကြောင်း၊ ၎င်း၏အကျိုးဆက်အနေဖြင့် လူ့အခွင့်အရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အခွင့်အရေးကိုလည်း မည်သို့ ထိခိုက်စေနိုင်ကြောင်းကို စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက်လူ့အဖွဲ့ အစည်းနှင့် အစိုးရဌာနများမှ ပိုမိုနားလည်သဘောပေါက်စေရန်အတွက် အကူအညီပေးရန် ဖြစ်ပါသည်။ ဤစာတမ်းနှင့်အတူ တွင်းထွက်တူးဖော်ရေးလုပ်ငန်းဆိုင်ရာ၊ ခရီးသွားလုပ်ငန်း ဆိုင်ရာနှင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အစရှိသဖြင့် ကဏ္ဍအလိုက် ပြုစုရေးသားထားသည့် ဖြည့်စွက်စာတမ်းများကို လည်း ရေးသားထားပြီး ကုမ္ပဏီများအတွက် လက်တွေ့ကျသည့် အကြံပြုချက်များနှင့် ထပ်ဆင့်ကဲ သတင်းအချက်အလက်များနှင့် ဆက်သွယ်ရမည့် လိပ်စာများအစရှိသည့် အရင်းအမြစ်များလည်း ပါဝင်သည်။ |