ဇွန်လ ၂၁ရက် စနေနေ့မှ စတင်ကာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ကိုးခုကို အင်တာနက် ပိတ်ပင်မှု ပြုလုပ်ခဲ့ရာ သန်းပေါင်းများစွာသော လူများကို ထိခိုက်စေခဲ့သည်။ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) ၊ ဖွံ့ဖြိုးမှုအတွက်"မြန်" အိုင်စီတီအဖွဲ့ ၊နှင့် ဖန်တီးရာတို့နှင့် ပူးပေါင်းပြီး MCRB က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ပုဒ်မ ၇၇ အရ အင်တာနက် ဆက်သွယ်မှု ဖြတ်တောက်ခြင်းသည် အန္တရာယ်ကြီးမားသည့် နမူနာဖြစ်ရပ်ဖြစ်ပြီး တည်ငြိမ်မှုကို ထိခိုက်စေကာ နိုင်ငံတစ်ဝန်းလုံးအား ကြီးမားသော ဆိုးကျိုးကို ဖြစ်ထွန်းစေနိုင်သဖြင့် အင်တာနက် ဆက်သွယ်ရေး အပြည့်အဝ ပြန်လည်ရရှိစေရန် တိုက်တွန်းတောင်းဆိုထားသည်။ |