ရခိုင်ပြည်နယ်၊မြောက်ဦးဒေသတွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖြစ်ပေါ်စေရေး စီမံခန့်ခွဲခြင်းအတွက် ရန်ကုန်မြို့တွင် ဇူလိုင် ၁၀ရက်နှင့် ၁၁ ရက်တို့၌ MCRB နှင့်UNSCEO တို့ ပူးပေါင်းကာ ပါဝင်ပတ်သက်သူများပါဝင်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင် းပခဲ့ သည်။ ပြည်ထောင်စု အစိုးရက ခရိးသွားလုပ်ငန်း စိမံခန့်ခွဲမှုအစီအစဉ်အပါအဝင် မြောက်ဦးဒေသကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုရန် အစီအစဉ်စာတမ်းမူကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ တွင်နောက်ဆုံးထားပြုလုပ်ရန် စီစဉ်ထားရာ ၎င်းအတွက်လည်း အထောက်အပံ့ ဖြစ်စေပါသည်။ မြောက်ဦးဒေသ လွှတ်တော် ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ကလော နှင့် သရေခေတ္တရာ တို့မှ အခြေအနေများနှင့် နှိုင်းယှဉ်ဆွေးနွေးခဲ့ကြသည်။ |