MCRBသည် အောက်တိုဘာ ၂၂ရက်က ကျောက်ဖြူမြို့တွင် တစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာ MCRB၏ ကွင်းဆင်းသုတေသနတွင် ပါဝင်ခဲ့သော အရပ်ဘက်အဖွဲ့အစည်းများမှ လူဦးရေ ၄၀ခန့်တက်ရောက်ခဲ့သည်။ ကမ်းလွန် ရေနံသဘာဝဓာတ်ငွေ့ ကုမ္ပဏီများဖြစ်ကြသော Woodside နှင့်Poscoတို့လည်းတက်ရောက်ကာ ထုတ်လုပ်မှုဖြစ်စဉ်အဆင့်ဆင့်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုဖြစ်စေရန် ၎င်းတို့ကဆောင်ရွက်ထားပုံနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုမ္ပဏီ၊ အစိုးရနှင့် ဒေသခံတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးမှုများ လိုအပ်ပုံတို့ကို တင်ပြခွင့်ရခဲ့သည်။ |