ယခု ၂၀၂၀ ခုနှစ်တွင် ထုတ်ဝေမည့် အစီရင်ခံစာသည် ဆဌမအကြိမ်မြောက် ထုတ်ပြန်သော ပွင့်သစ်စ/မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု (Transparency in Myanmar Enterprises – TiME) အစီရင်ခံစာဖြစ်ပြီး ၎င်းအစီရင်ခံစာအတွက် သုတေသနလုပ်ငန်း စတင် လုပ်ဆောင်မည် ဖြစ်ပါသည်။ ကော်ပိုရိတ်ကိုယ်ရေးအချက်အလက်များ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ ရေရှည်တည်တံခိုင်မြဲမှုဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် အစီရင်ခံခြင်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အများပြည်သူသိရှိစေရန် အွန်လိုင်းပေါ်၌ ထုတ်ပြန်သော ကုမ္ပဏီများအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဖေဖော်ဝါရီလ ၃ ရက်တွင် ကျင်းပမည် ဖြစ်ပါသည်။ MCRB နှင့် ပရိုဗိုနို မိတ်ဖက်ဖြစ်သည့် Yever တို့သည် စာရင်းပြုစုထားသော ကုမ္ပဏီပေါင်း၂၅၀ကျော်ဖြစ်သည့် အစုရှယ်ယာရှင် ၁၀၀ ကျော်ပါဝင်သော အများပိုင်ကုမ္ပဏီများ၊ ဘဏ်များ၊ အဓိကအခွန်ထမ်းများနှင့် အခြားသြဇာလွှမ်းမိုးမှုရှိသော ကုမ္ပဏီများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ နှင့် အခြားပါဝင်ရန် ဆန္ဒရှိသော ကုမ္ပဏီများကို အကဲဖြတ်သုံးသပ်၍ ဆန်းစစ်ပါမည်။ နောက်ထပ်သတင်းအချက်အလက်များအတွက် ထိုနေရာတွင် ကြည့်ရှုပါ။ |