Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

သိမြင်နားလည်ပါ ။ ပြသပါ။ ထုတ်ဖော်ြပသခြင်းက စီးပွားရေးလုပ်ငန်းအတွက် အဘယ်‌ကြောင့် ကောင်းမွန်ပါသနည်း။

 

MCRB ၏ ဒါရိုက်တာ ဗစ်ကီဘိုမန်နှင့် စီးပွားရေးသတင်းများရေးသားသူ Thompson Chau တို့က ကော်ပိုဆိုင်ရာ ထုတ်ဖော်ပြသခြင်း နှင့် မီဒီယာနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဖေဖော်ဝါရီ ၆ရက် က ဟောင်ကောင် ကုန်သည် စက်မှုအသင်းတွင် ဟောပြောခဲ့သည်။ အကျိုးအမြတ်ပိုင်ဆိုင်သူ  (beneficial ownership )အပါအဝင် ကော်ပိုရိတ်ဆိုင်ရာ ထုတ်ဖော်ပြသခြင်းတွင်လတ်တလောြဖစ်ပေါ်လာသော တိုးတက်မှုများ ကို ဗစ်ကီက မီးမောင်းထိုးပြခဲ့သည်။ ၎င်းသည် ပွင့်သစ်စ ၂၀၂၀ စီမံချက် သုတေသနလုပ်ငန်းများ စတင်ခြင်း ၏ နောက်ဆက်တွဲလည်း ဖြစ်သည်။

ထို့အပြင် MCRB သည်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှဖိတ်ခေါ်သည့် ကုမ္ပဏီသတင်းအချက်အလက်များ ထုတ်‌ဖော်ပြသခြင်း ဆိုင်ရာကိစ္စအတွက်လည်း မှတ်ချက်များ ပေးပို့ခဲ့သည်။ ယင်းတွင် အကျိုးအမြတ်ပိုင်ဆိုင်သူရာ ပမာဏ၊ နိုင်ငံရေးအရသြဇာရှိသူ စသည်တို့ကို မှတ်ချက်ပြုခဲ့ပြီး MyCo စနစ်ပိုကောင်းစေရန် အကြံပြုချက်များလည်း ပါဝင်သည်။
 
ပိုမိုသိရှိလိုပါက
 
 
 
 
 
 

MCRB က ဝန်ထမ်းသစ်များ လိုအပ်နေပါသည်။ အတူအတွ တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်ပါသည် ။

 
  • တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ မတူညီသော ကဏ္ဍများတွင် တာဝန်ထမ်းဆောင်ရန် စီမံကိန်း တွဲဖက်တာဝန်ခံ (၂) အလိုရှိပါသည်။
  • ဒီဂျစ်တယ်အခွင့်အရေးဆိုင်ရာများကို ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် အလုပ်သင်တစ်ဦးလည်း အလိုရှိပါသည်။

အမျိုးသမီး၊ တိုင်းရင်းသားများ၊ လူနည်းစု ဘာသာကိုးကွယ်သူများ နှင့် အချို့နေရာတွင် သန်စွမ်းသူများကို လည်းဖိတ်ခေါ်ပါသည်။ အချိန်ပိုင်းသာလုပ်ကိုင်လိုသူများလည်း လျှောက်ထားနိုင်ပါသည်။ ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထားလျှောက်ထားပါရန်။

 
ပိုမိုသိရှိလိုပါက
 
 
 
 
 
 

ဒီဂျစ်တယ်အခွင့်အရေးဆိုင်ရာဖိုရမ်နှင့် Mobile Money/e-Commerce Summits အတွက် နောက်ဆုံးအကြိမ် ဖိတ်ခေါ်ခြင်း။

 

၄ ကြိမ်မြောက် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် (MDRF) ကို ဖေဖော်ဝါရီလ ၂၈-၂၉ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ပြီး၊ နောက်ဆုံးပေါ်အွန်လိုင်းလွတ်လပ်ခွင့် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နှင့် သတင်းအချက်အလက်ရယူခွင့်များနှင့် ပတ်သက်ပြီး ဆွေးနွေးကြမည် ဖြစ်ပါသည်။ တက်ရောက်နိုင်ပါရန် အတွက် နောက်ဆုံးအကြိမ် ဖိတ်ခေါ်အပ်ပါသည်။ 

MCRB မှ Svetlana Zens သည် ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက် နေ့တို့တွင် ရန်ကုန်မြို့ရှိ ၁၁ ကြိမ်မြောက် Mobile Money & Financial Inclusive Summit 2020 နှင့်် တတိယအကြိမ်မြောက် ပြုလုပ်ကျင်းပမည့် အာရှ E-Commerce နှင့် Last Mile Logistics ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ e-commerce ကဏ္ဍအတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများ၏ အရေးပါပုံကို ဆွေးနွေးမည် ဖြစ်သည်။
 
Svetlana Zens သို့ ဆက်သွယ်ရန်
 
 
 
 
 
 

မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းအတွက် ‘ခွဲတမ်း’

 

မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းအတွက် အကျိုးသက်ဆိုင်သူများ ပါဝင်သော ဆွေး‌နွေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၁၅ရက်က ကျင်းပခဲ့ပြီး ခွဲတမ်းစနစ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့်  မသန်စွမ်းသူများ၏အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မှု၊ ဆုတ်ယုတ်မှု တို့ကို ဆွေးနွေးခဲ့သည်။

MCRB နှင့် AAR Japan တို့သည် မသန်စွမ်းသူများ၏အလုပ်အကိုင်အခွင့်အလမ်း မည်သို့မြှင့်တင်ရမည်ကို လေ့လာဆန်းစစ်သည့် အမျိုးသားမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အလုပ်အကိုင် ကော်မတီခွဲအတွက်  မူဝါဒရွေးချယ်မှု စာတမ်းကို ပြင်ဆင်‌နေရာ သဘောထားမှတ်ချက်များကို ဆက်လက်ရယူနေဆဲဖြစ်ပါသည်။  
 
ကျေးဇူးပြု၍ သဘောထားမှတ်ချက်များကို မြင့်နိုင်ကျော် သို့ ပေးပို့ရန်။
 
 
 
 
 
 

ရက်မှတ်ထားပေးပါရန်။ ‌ဒေသခံများနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပဉ္စမ အကြိမ်မြောက် အမျိုးသားအဆင့်ကွန်ဖရင့် ၂၀၂၀

 

ဒေသခံများနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပဉ္စမ အကြိမ်မြောက် အမျိုးသားအဆင့်ကွန်ဖရင့်ကို မေ ၂၁ရက်မှ ၂၃ ရက်အထိ ထားဝယ်မြို့တွင် ကျင်းပမည် ဖြစ်ရာ တနသ်ာရီတိုင်း‌ဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသော လုပ်ငန်းများ ၊ အဖွဲ့အစည်းများ၊ ‌ဒေသအခြေခံ ခရီးသွားလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ က အတူတကွ ပါဝင်ကြမည်ဖြစ်သည်။ ယင်းကို Hanns Seidel Foundation (HSF)၊ MCRB၊ Myanmar Responsible Tourism Institute (MRTI)၊ နှင့်  International Trade Center (ITC)တို့ ပူး‌ပေါင်းဦးစီးကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရကလည်း ပူးပေါင်းပါဝင်မည် ဖြစ်သည်။

 
Win Min သို့ ဆက်သွယ်ပါရန်။
 
 
 
 
 
 

ရက်မှတ်ထားပေးပါရန်။ ‌ဒေသခံများနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပဉ္စမ အကြိမ်မြောက် အမျိုးသားအဆင့်ကွန်ဖရင့် ၂၀၂၀

 

ဒေသခံများနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပဉ္စမ အကြိမ်မြောက် အမျိုးသားအဆင့်ကွန်ဖရင့်ကို မေ ၂၁ရက်မှ ၂၃ ရက်အထိ ထားဝယ်မြို့တွင် ကျင်းပမည် ဖြစ်ရာ တနသ်ာရီတိုင်း‌ဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသော လုပ်ငန်းများ ၊ အဖွဲ့အစည်းများ၊ ‌ဒေသအခြေခံ ခရီးသွားလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ က အတူတကွ ပါဝင်ကြမည်ဖြစ်သည်။ ယင်းကို Hanns Seidel Foundation (HSF)၊ MCRB၊ Myanmar Responsible Tourism Institute (MRTI)၊ နှင့်  International Trade Center (ITC)တို့ ပူး‌ပေါင်းဦးစီးကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရကလည်း ပူးပေါင်းပါဝင်မည် ဖြစ်သည်။

 
Win Min သို့ ဆက်သွယ်ပါရန်။
 
 
 
 
 
 
facebook linkedin