၂၀၁၉ ခုနှစ် မေလက မြန်မာနှင့် နိုင်ငံတကာကုမ္ပဏီ ၂၀ခန့်က ရန်ကုန်မြို့တွင် သက်တံ့ရောင်အလံ လွှင့်တင်ခဲ့ကြသည်။ သင့်အဖွဲ့အစည်းက ၂၀၂၀ပြည့်နှစ် "နိုင်ငံတကာ လိင်တူချစ်သူများ အပေါ် ရွံရှာမုန်းတီးရေးကို ဆန့်ကျင်သောနေ့ (IDAHOT) “တွင် အလံလွှင့်တင်ရန် ဆန္ဒရှိပါသလား ။
MCRBနှင့် Colors Rainbow တို့ ပူးပေါင်းဆောင်ရွက်သည့် "Fly the Rainbow Flag" လှုပ်ရှားမှုကို ယခုနှစ်တွင်လည်း ဆောင်ရွက် မည်ဖြစ်ရာ ပူးပေါင်းပါဝင်ရန် မြန်မာနှင့် နိုင်ငံတကာ ကုမ္ပဏီ များကို ဖိတ်ခေါ်ပါသည်။ မေလ ၁၇ ရက်တွင် နှစ်စဉ်ကျင်းပသည့် "နိုင်ငံ တကာ လိင်တူချစ်သူများအပေါ် ရွံရှာမုန်းတီးရေးကို ဆန့်ကျင် သောနေ့ (IDAHOT) တွင် အမျိုးသမီးအချင်းချင်းကိုချစ်သူ (Lesbian)၊အမျိုးသားအချင်းချင်းကို ချစ်သူ(Gay)၊ လိင်တူလိင်ကွဲကို ချစ်သူ(Bisexual)၊ ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်နေထိုင်သူ (Transgender) -(LGBT) များအပေါ် ဆိုရှယ်မီဒီယာများတွင် သော်လည်းကောင်း လက်တွေ့အားဖြင့်လည်းကောင်း တန်းတူ ညီမျှ ရေးကို ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။ |