Myanmar Centre for Responsible Business
Myanmar Centre for Responsible Business

မြန်မာကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ငန်း ကျင့်ဝတ်ဖြောင့်မှန်ရေး ဂုဏ်သိက္ခာဆိုင်ရာလက်စွဲစာအုပ် ထုတ်ဝေ

မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန(MCRB) သည် “မြန်မာကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ငန်း ကျင့်ဝတ်ဖြောင့်မှန်ရေး ဂုဏ်သိက္ခာဆိုင်ရာလက်စွဲစာအုပ်”ကိုထုတ်ပြန်လိုက်သည်။ အဂတိလိုက်စားမှု ကို ဖြစ်ပေါ်စေနိုင်သည့် ဘေးအန္တရာယ်များကို လျော့ချပြီး အဂတိလိုက်စားမှု အလေ့အကျင့်များကို ဆန့်ကျင်လိုသည့် မြန်မာနိုင်ငံတွင်းရှိ စီးပွားရေး လုပ်ငန်း ရှင်များနှင့် မန်နေဂျာများ ကို အကူအညီပေးနိုင်ရန်ရည်ရွယ်၍ ယခု လက်စွဲကို ပြုစုထုတ်ဝေခြင်းဖြစ်ပါသည်။ယင်းကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မ ရှင်(ACC)ကထုတ်ပြန်ထားသည့်အခြေခံမူ (၈)ချက် ပေါ်တွင် မူတည်ရေးဆွဲထား ပြီးACC၊မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI)နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)တို့နှင့် ပူးပေါင်း ထုတ်ဝေခြင်းဖြစ်သည်။

လက်စွဲစာအုပ်ကို ဖတ်ရှုလိုပါက

ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဗီဒီယို

မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန ( MCRB) သည်  ကုလသမဂ္ဂ စီးပွားရေးနှင့်  လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆိုင်ရာ ဗီဒီယိုလေးခု အတွက် မြန်မာဘာသာပြန်နှင့် စာတမ်းထိုးခြင်းကို ဆောင် ရွက်ခဲ့သည်။ ယင်းသည် ( MCRB) ကစတင်တည်ထောင်ချိန်မှ စပြီး လက်ခံ ကျင့်သုံးဆောင်ရွက်နေသည့် လုပ်ငန်းများပင်ဖြစ်သည်။  (ကုလသမဂ္ဂ စီးပွား ရေးနှင့်  လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများကို မြန်မာဘာသာဖြင့် လည်းရရှိနိုင်သည်။) ကုလသမဂ္ဂသည် လမ်းညွှန်အခြေခံမူများကို ၂၀၁၁ တွင် စတင်လက်ခံကျင့်သုံးခဲ့ပြီး ဆယ်နှစ်အကြာတွင် နောင် ၁၀နှစ်အတွက်  ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ များ  “လာမည့် (၁၀)နှစ် စီမံကိန်းအား”  ထုတ်ပြန်ထားပါသည်။

ဆက်လက်ဖတ်ရှုလိုပါက
သင်၏ ကိုယ်ရေးကိုယ်တာများကို အွန်လိုင်းတွင် လုံခြုံစေခြင်း - မြင်ခွင့်မပေးသော ရည်မှန်းချက်

လတ်တလောတွင် မြန်မာနိုင်ငံ၌ အချက်အလက်လုံခြုံရေးဆိုင်ရာ ဥပဒေ မူဘောင်မရှိသေးပါ။ မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သို့ကာကွယ်ရမည်၊ ဆိုဒ်ဘာလိမ်လည်မှုသားကောင်များနှင့် အချက်အ လက်ခိုးယူခြင်းရသူများဖြစ်နိုင်ချေတို့ကို လျော့ကျသွားစေရန်အတွက်  MCRB ၏ ဒီဂျစ်တယ်အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ Svetlana Zens၏ တင်ပြချက် ကနားလည်စေပါလိမ့်မည်။ 

ဗီဒီယိုကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

Doing Good Index နောက်ဆက်တွဲwebinar များ

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ ၁၈ခုရှိ လှူဒါန်းမှုနှင့် ပုဂ္ဂလိက လူမှုရေး ရင်းနှီးမြှုပ်နှံမှုများကို သုတေသနပြုလုပ်ထားသော  Doing Good Index 2020 Report, (DGI2020) ၏ နောက်ဆက်တွဲအဖြစ် webinar များကို  Centre for Asian Philanthropy and Society (CAPS) နှင့်တွဲဖက်၍ ဆက်တိုက်ကျင်းပသွား မည် ဖြစ်ပါသည်။

  • အခွန်အပါအဝင် လှူးဒါန်းခြင်းများဆိုင်ရာ ဥပဒေမူဘောင်များ
  • social enterprisesများဆိုင်ရာ ဥပဒေမူဘောင်များ
  • အကျိးအမြတ်မယူသောအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများအကြား ဆက်သွယ်ချက်
စိတ်ဝင်စားပါက [email protected] ဆက်သွယ်နိုင်ပါသည်။

“Universal Periodic Review (ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်)” အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းနှင့်ပတ်သတ်သည့် အကြောင်းအရာများအား အဆိုပြု တင်သွင်း

မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် ဒီဂျစ်တယ်အခွင့်အရေးများ အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ အကြောင်းအရာများကို ဖော်ပြထားသော တင်ပြချက်အစီရင်ခံစာတစ်စောင်အား ရေးသားပြုစုကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ထံသို့ မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ် Universal Periodic Review အား ပြုစုခြင်းမစမီအချိန်တွင် ပေးပို့ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုလိုပါက

ကျောက်စိမ်းကဏ္ဍမှ ပတ်ဝန်းကျင်နှင့်လုံခြုံစိတ်ချရမှုဆိုင်ရာ စီမံခန့်ခွဲမှု

ကျောက်စိမ်းကဏ္ဍတွင် လုံခြုံစိတ်ချရမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားမှုများ မြင့်တက်လာသောကြောင့်  MCRBသည် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအမံမူကြမ်းကို အင်္ဂလိပ် နှင့် မြန်မာ ၂ ဘာသာဖြင့် လွှင့်တင်ထားပါသည်။ ၎င်းကို ၂၀၁၈ခုနှစ်က Coffey-Valentis က ရေးသားထားပြီး   ကချင်ပြည်နယ် လုံးခင်းနှင့် ဖားကန့်ဒေသ  အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဥ် မူကြမ်းများ နှင့်အတူ ရေမဆေးကျောက်တူးဖော်လုပ်ကိုင်သူများအတွက်ပါ ထည့်သွင်းစဥ်းစားထားသော ‘ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် ပိုမိုဘေးအန္တရာယ် ကင်းရှင်း၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အလေ့အကျင့် ကောင်းများ’ ရရှိအောင် လုပ်ဆောင်နိုင်မည့် အကြံပြုချက်များပါဝင်သည်။

စစ်တမ်းဖြေဆိုရန်အတွက်

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု -ဆက်လှမ်းရမည့်လမ်း

MCRB၏ Deputy Director ဒေါ် နှင်းဝတ်ရည်သည်  Frontier Magazine တွင် အတွေးအမြင်ဆောင်းပါတစ်ပုဒ်ရေးသားခဲ့သည်။ ၎င်းတွင် လက်ရှိဥပဒေမူဘောင်အခင်းအကျင်းအတွင်းတွင် မည်သို့ရှေ့တိုးနိုင်သည်၊ National Action Plan တွင် မူဝါဒများနှင့် ဥပဒေမူဘောင်များ ကို ပြင်ဆင်ရန် လိုအပ်ပုံ အစရှိသည်တို့ကို စနစ်တကျ သုံးသပ်ရေးသားထားသည်။

ဆောင်းပါးကို လတ်တလောတွင် Frontier Myanmar၌ ရရှိနိုင်သည်။ မြန်မာနိုင်ငံရှိအမှီအခိုကင်းသောသတင်းလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက် ဤနေရာတွင် အဖွဲ့ဝင်အဖြစ်လျောက်ထားကာ သတင်းများ ဝယ်ယူဖတ်ရှုနိုင်ပါသည်။
စစ်တမ်းဖြေဆိုရန်အတွက်
facebook linkedin