မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနအကြောင်း
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက် အကူပြုဌာနသည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိ သော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ ပေါ် ပေါက် လာစေရန် တိုက်တွန်းအားပေး ဆောင်ရွက်နေ ပါသည်။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းတာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို အားပေးမည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Institute for Human Rights and Business IHRB နှင့် Danish Institute for Human Rights DIHR တို့မှ ပူးပေါင်း တည်ထောင်ထားပါသည်။
ရန်ကုန်မြို့တွင် အခြေစိုက်သည့် အဖွဲ့ ဖြစ်ပြီး Vicky Bowman ကဦးဆောင်ပါသည်။ ယုံကြည်ရပြီး ဘက်လိုက်မှုမရှိသောစကားဝိုင်းများ၊ ဆွေးနွေးပွဲများပြုလုပ်ပေးရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်တွေ့ဆုံကာ သတင်းအချက်အလက်များ၊ အကြံဉာဏ်များပေးပြီး နိုင်ငံတကာမှ ကျွမ်းကျင်မှုများနှင့်နည်းနာများကို လည်း ရရှိအောင်ဆောင်ရွက်ပေးရန် ရည်ရွယ်သည်။
Founders
IHRBသည် ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် စီးပွား ရေး လုပ်ငန်းတို့အကြား ဆက်နွယ်မှုဆိုင်ရာများတွင် အရည်သွေးမြင့် ကျွမ်းကျင်မှုများ ရှိ သည့် ကမ္ဘာလုံးဆိုင်ရာ ဌာနတစ်ခုဖြစ်သည်။
DIHRသည် ဒိန်းမတ်၊ဥရောပနှင့် နိုင်ငံတကာတို့တွင် လူ့အခွင့်အရေးအကြောင်း အသိ အမြင် ဗဟုသုတများ ဆက်သွယ်ညှိနှိုင်းရန် ၊ဖွံ့ဖြိုးရန်နှင့် စုစည်းမှုများအားကောင်းရန် အတွက် အောင်မြင်စွာဆောင်ရွက်နေသည်။