Doing Good Index ၂၀၂၀တွင် မြန်မာနိုင်ငံ အဆင့် မြင့်တက်လာ

မကြာမီကထုတ်ပြန်လိုက်သော Doing Good Index (DGI) ၂၀၂၀အစီရင်ခံစာ တွင် မြန်မာနိုင်ငံက အဆင့် မြင့် တက်လာသည်။ ၂၀၁၈ခုနှစ်က “လုံလောက်စွာ ဆောင်ရွက်ခြင်းမရှိ-Not Doing Enough” ဟူသော အနေအထားမှ “ဆောင်ရွက်မှုအဆင်ပြေလာသည်-Doing OK”ဟူသော အခြေအနေသို့ ရောက်ရှိ လာြခင်းဖြစ်သည်။ ယင်းမှာ အကျိုးအမြတ် မယူသော အဖွဲ့များ မှတ်ပုံတွင်ရေးတွင် တိုးတက်မှုရှိလာသလို ခြုံငုံကြည့်ပါကလည်း တိုးတက်မှုများရှိလာ၍ ဖြစ် သည်။
၂၀၁၉ခုနှစ်တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိ ရေး အထောက်အကူပြုဌာန MCRB သည် Centre for Asian Philanthropy and Society CAPSနှင့် တွဲဖက်၍ DGI2020အတွက် မြန်မာနိုင်ငံဆိုင်ရာ သုတေသနများဆောင်ရွက် ခဲ့သည်။ ယင်းသို့ဆောင်ရွက်ရာတွင် လူမှုရေး ဆိုင်ရာများ လုပ်ကိုင်နေသော social delivery organisations’ (SDOs) အကျိုးအမြတ် မယူသောအဖွဲ့ (၁၀၅) ခုအား ပြည့်စုံသော မေးခွန်း များဖြင့် အွန်လိုင်းမှ လည်းကောင်း လူကိုယ်တိုင် လည်းကောင်း စစ်တမ်း များ ကောက်ယူသလို အစိုးရ အရာရှိများ၊ ကျွမ်းကျင်သူများနှင့်လည်း ယင်း သုတေသန အတွက်မေးမြန်းမှုများပြု လုပ်ထား သည်။
DGI 2020 သည် မြန်မာနိုင်ငံအပါအဝင် အာရှ ၁၈နိုင်ငံ၏ လှူဒါန်းမှုများနှင့် ပုဂ္ဂလိကကဏ္ဍ လူမှုရေး ရင်းနှီးမြှုပ်နှံမှုများ အတွက် ဖြစ်နိုင်ခြေပတ်ဝန်းကျင် အပေါ်လေ့လာခြင်းဖြစ်သည်။ DGI အစီရင်ခံစာသည် အခွန်နှင့်ဘဏ္ဍာရေးမူဝါဒများ၊ စည်းကြပ်မှုများ၊ လူမှု-ယဉ်ကျေးမှု ဂေဟစနစ်များနှင့် အစိုးရ၏ ဝယ်ယူရေး ကဏ္ဍ စသည့် မတူညီသော နယ်ပယ်လေးခုကို တိုင်းတာခြင်းဖြစ်သည်။ နိုင်ငံ ၁၈ခုမှ ကျွမ်းကျင်သူ ၁၄၅ဦးအားတွေ့ဆုံမေးမြန်းခြင်းနှင့် social delivery organisations’ (SDOs) ၂၁၈၉ခုအား စစ်တမ်း ကောက်ယူခြင်းများမှ ရရှိသော အချက် အလက်များ ကို စုစည်းအခြေခံထားခြင်းဖြစ်သည်။ ြောင့် ဖြစ်သည်။
အခက်အခဲများစွာရှိနေသော်လည်း အကျိုးအမြတ် မယူသော အဖွဲ့များ မှတ်ပုံတွင်ရေးတွင် တိုးတက်မှု ရှိလာသလို ခြုံငုံကြည့်ပါကလည်း တိုးတက်မှု များရှိလာ၍ ညွှန်းကိန်းတွင် တိုးတက် လာြခင်း ဖြစ်သည်။ သို့သော် စည်းမျဉ်းများမှာ တည်ငြိမ်မှု မရှိသေးဘဲ ရှင်းလင်းတိကျမှုလည်း မရှိသေးပေ။ စစ်တမ်းတွင်ပါဝင်သော (SDOs) များ၏ ၄၆ရာခိုင်နှုန်းသည် သက်ဆိုင်သော မူဝါဒများကို နားလည်မှု မရှိသဖြင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အတားအဆီးများဖြစ်နေသည်။ ထို့အပြင် ထိုစည်းမျဉ်းများအား လိုက်နာ အောင် ဆောင်ရွက်ရာတွင်လည်း တည်ငြိမ်မှုမရှိသဖြင့် အဖွဲ့အစည်းများက ဆောင်ရွက်ရာတွင် စည်းကမ်းများကို မလိုက်နာဘဲ ဆောင်ရွက်မှုများရှိနေသည်ဟု ၈၃ ရာခိုင်နှုန်းကလည်း ယုံကြည်နေကြသည်။ အခွန်ကိစ္စတွင်လည်း အခွန်အရာရှိ၏ ဥပဒေကို နားလည်မှု အပေါ် အခြေခံပြီး ဖြစ်စဉ်တစ်ခုချင်းစီ အလိုက် ဆောင်ရွက်ပေးဆောင်နေကြရသည်။
မြန်မာနိုင်ငံရှိ (SDOs) များသည် အခြား အာရှနိုင်ငံများနှင့်ယှဉ်လျှင် နိုင်ငံခြားငွေ ထောက်ပံ့ရရှိမှု ပိုမိုထင်ရှားသည်။ စစ်တမ်းတွင်ပါဝင်သော အဖွဲ့များ၏ ၆၆ ရာခိုင်နှုန်းမှာ နိုင်ငံခြားမှ ရန်ပုံငွေထောက်ပံ့မှု ရရှိသည်။ အာရှနိုင်ငံများတွင် ၄၅ ရာခိုင်နှုန်းကသာ နိုင်ငံခြားမှ ရန်ပုံငွေထောက်ပံ့မှု ရရှိသည်။ အစိုးရက (SDOs) များအပေါ်ထောက်ပံ့မှုတွင်မူ မြန်မာနိုင်ငံက အားအနည်းဆုံးဖြစ်သည်။ အစိုးရ၏ထောက်ပံ့မှု ရန်ပုံငွေကို စစ်တမ်းတွင်ပါဝင်သော အဖွဲ့များ၏ ၁ရာခိုင်နှုန်းကသာရရှိသည်။ ရန်ပုံငွေရရှိမှုတွင် စစ်တမ်းတွင်ပါဝင်သော အဖွဲ့များ၏ ၁၉ ရာခိုင်နှုန်းကသာရရှိပြီး အာရှတွင် အနိမ်ဆုံးဖြစ်သည်။ မြန်မာနိုင်ငံမှ (SDOs) များအတွက် ပျမ်းမျှရသုံးငွေမှ ၁၆ ရာခိုင်နှုန်းမှာ ကော်ပိုရိတ်များ၏ ထောက်ပံ့ငွေ မှ ဖြစ်သည်။
မြန်မာနိုင်ငံသည် လှူဒါန်းမှုများတွင် ထိပ်တန်းမှ ရှိနေပြီး Charities Aid Foundation (CAF)က နှစ်စဉ်ပြုလုပ်သည့် World Giving Indexတွင် ထိပ်ဆုံးမှ အမြဲတမ်းရှိနေပြီး အခြားနိုင်ငံများနှင့်ယှဉ်လျှင် ကော်ပိုရိတ်များက ထောက်ပံ့မှုတွင်မှု အားအနည်းဆုံးဖြစ်နေသည်။ MCRB က ၂၀၁၉ အောက်တိုဘာတွင် ကျင်းပသည့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ အစည်းအဝေးတစ်ခုဖြစ်သည့် governance of corporate philanthropyတွင် (CAPS)မှ Chief Executive ဖြစ်သူ Dr Ruth A. Shapiro က charity သည် သဘာဝအတိုင်း ပေးကမ်းမှုဖြစ်ပြီး philanthropy က တည်ဆောက်ပုံ၊စနစ်တစ်ရပ် ပြောင်းလဲသွားစေရန် အတွက် စနစ်တကျလုပ်ဆောင်သော ပေးအပ်မှု ဟု charity နှင့် philanthropy ၏ကွာြခားမှုကို ရှင်းပြခဲ့သည်။ သူ(မ)ကဆက်လက်ပြီး အကယ်၍ CAF က ပြီးခဲ့သည့်လက တစ်ယောက်ယောက်ကို ငွေပေးလှူ ဖြစ်ပါလားဟု မေးလျှင် ယင်းသည် မြန်မာများအတွက် ယေဘုယျဆန်ပြီး လုပ်နေကျအမူအကျင့်တစ်ခုလည်း ဖြစ်သည် ။ CAPS ကမူ စနစ်တကျလုပ်ဆောင်သော ပေးအပ်မှုမျိုးကို လေ့လာြခင်း ဖြစ်သည်ဟု ဆိုသည်။
DGI ၂၀၂၀ အစီရင်ခံစာ ၏စာမျက်နှာ ၁၁၉တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အကျဉ်းချုပ် ပါရှိပြီး လူမှုရေး၊ လတ်တလောပြောင်းလဲမှုများ၊ တိုးတက်လာမှုများကို ဖတ်ရှနိုင်သည်။
စီးပွားရေးလုပ်ငန်း များက ၎င်းတို့၏ လှူတန်းမှုများဖြင့် အရေးပါသော အခန်းကဏ္ဍ တွင် ဆောင်ရွက်နေသည်ကို ကိုဗစ် ၁၉ ကပ်ရောဂါကလည်း မီးမောင်းထိုးပြသလို ဖြစ်နေသည်။ ထို့အတူ ခိုင်မာအားကောင်းသော ကော်ပိုရိတ် စီမံအုပ်ချုပ်ပုံများ ရှိနေပါက ခက်ခဲသော အခြေအနေတွင် ပိုမိုခံနိုင်ရည်ရှိပြီး ဝန်ထမ်းများရော ပါဝင်ပတ်သက်သူများကိုပါ အထောက်အပံ့ဖြစ်စေနိုင်သည်ကို အခြားသော စီးပွားရေးလုပ်ငန်းများကိုလည်း သတိပေးနေပါသည်။
CAPS သည် ၎င်းတို့သုတေသန၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် MCRB ၏ ဒါရိုက်တာဗစ်ကီဘိုမန်ကို “ကုမ္ပဏီများနှင့် တစ်ဦးချင်းအလှူရှင်များ၏ လှူဒါန်းမှုများအပါအဝင် DGI ၂၀၂၀ အစီရင်ခံစာတွင် ပါဝင်သော နိုင်ငံများအပေါ် ကိုဗစ်၏ သက်ရောက်မှုများ” ကို ဧပြီလတွင် မေးမြန်းဆွေးနွေးခန်းတစ်ခုပြုလုပ်ကာ မေးမြန်းခဲ့သည်။
ကိုဗစ် ၁၉ ကပ်ရောဂါကိုတုန့်ပြန်ရာတွင် တိုက်တွန်းမှုဖြစ်စေရန်အတွက် MCRB က လုပ်ဆောင်နေသည့် လုပ်ငန်းတစ်ခုမှာ ကိုဗစ်ကို တုန့်ပြန်ရန်အတွက် စီးပွားရေးလုပ်ငန်းများက မည်သို့ဆောင်ရွက်နေကြသည်ကို နမူနာဖြစ်ရပ်များစုဆောင်းနေခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ၊အတွေးအမြင်များကို မျှဝေလိုပါက မဖြူဖြူဇင် ထံဆက်သွယ်နိုင်ပါသည်။