အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းစီမံချက် ဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် အွန်လိုင်းဆွေးနွေးပွဲ - သတင်းစဉ်
You are here Home » သတင်းစဉ် » အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းစီမံချက် ဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် အွန်လိုင်းဆွေးနွေးပွဲ

အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းစီမံချက် ဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် အွန်လိုင်းဆွေးနွေးပွဲ

ဆွေးနွေးပွဲတွင် MCRB မှ
ဆွေးနွေးပွဲတွင် MCRB မှ

ဒီဇင်ဘာလ ၁၇ ရက်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ တို့နှင့် ပူးပေါင်း၍ မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ “မြန်မာ့မြေဥပဒေများ - လက်ရှိပြသနာများ၊  အလားအလာရှိသော အဖြေများ” ခေါင်းစဥ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို(အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် နှစ်ချိန်ခွဲ၍) ပြုလုပ်ခဲ့ကြပါသည်။

ဤအွန်လိုင်း ဆွေးနွေးပွဲ ၏ ပထမရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံ မြေယာအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် နှင့် လက်ရှိမြေဥဒေဆိုင်ရာ အခြေအနေအား ပိုမိုသိမြင်လာစေရန်၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဤလုပ်ငန်းစဥ်တွင် မည်သို့ပါဝင် ပတ်သက်နိုင်မည်ကို ဆွေးနွေးရန် နှင့် ဒုတိယရည်ရွယ်ချက်မှာ လက်ရှိ မြေဥပဒေများ၊ မြေယာ စီမံအုပ်ချုပ်မှု နှင့်ပတ်သက်၍ ကောင်းမွန်လည်ပတ်နေသောအရာများ၊   အခက်အခဲပြသနာများ နှင့် အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းစီမံချက် ပိုမိုကောင်းမွန်စေရန် နှင့် အမျိုးသားမြေဥပဒေ (သို့) အခြားဥပဒေများ အတွက် လိုအပ်သော ပြင်ဆင်မှုများပြုုလုပ်နိုင်ရန် အတွက်တက်ရောက်လာသူများ ထံမှ အကြုံပြုချက်များ ရယူရန်ဖြစ်ပါသည်။

အင်္ဂလိပ် ဘာသာဖြင့်ပြုလုပ်သော ဆွေးနွေးပွဲကို တက်ရောက်သူ ၇၀ ဦးခန့်ရှိပြီး ၎င်းတို့အနက် ၃၀ ဦးသည် စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေး အသင်းအဖွဲ့ နှင့် ဥပဒေအကြံပေး လုပ်ငန်းများမှ ဖြစ်ကြပါသည်။ မြန်မာဘာသာဖြင့်ပြုလုပ်သော ဆွေးနွေးပွဲကို တက်ရောက်သူ ၁၀၁ ရှိပြီး ၎င်းတို့အနက် ၄၃ ဦးသည် စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေး အသင်းအဖွဲ့များ နှင့် ဥပဒေအကြံပေး လုပ်ငန်းများမှ ဖြစ်ကြပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်သူများသည် အဓိကအားဖြင့် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ဥပဒေအကြံပေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံများ နှင့် အရပ်ဘက် အဖွဲ့အစည်းအချို့ မှပုဂ္ဂိုလ်များ ပါဝင်ပါသည်။ တက်ရောက်လာသူများနှင့် အပြန်အလှန် မေးမြန်းဖြေဆိုနိုင်သည့် အွန်လိုင်းမဲပေးသော အစီအစဥ်မှတဆင့် ၁၈၈၀ ပြည့်နှစ်ဝန်းကျင်က ထုတ်ပြန်ထားသော ဥပဒေများအပါအဝင် လက်ရှိ အမျိုးသားမြေဥပဒေများ နှင့်ဆက်စပ်သော  ပြသနာများ၊ လိုအပ်သောြပုပြင်ပြောင်းလဲမှုများ နှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်များ၊ မှတ်ချက်များ ပေးသွင်း တောင်းဆိုခဲ့ပါသည်။

MCRB ၏ ဒါရိုက်တာဖြစ်သော Vicky Bowman ကလည်း မြန်မာနိုင်ငံတွင် မြေယာနှင့်ပတ်သက်သော ဥပဒေများစွာရှိကြောင်း၊ မကြာခင်ကာလများက ချမှတ်ခဲ့သော ကဏ္ဍဆိုင်ရာ ဥပဒေများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများ ကလည်း မြေဥပဒေများ နှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေများ နှင့် အမြဲတစေ ကောင်းစွာချိတ်ဆက်မှု ရှိမနေကြောင်းပြောြကားခဲ့ပါသည်။ သူမက အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများအား တာ၀န်ယူမှုရှိစေရန် အခွင့်အရေးများကို ကာကွယ်သော (rights-protecting) စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒအခြေအနေများကို  တသမတ်တည်းဖြစ်စေရန် ဖန်တီးပေးရန် အရေးကြီးကြောင်း၊ နှင့် အစိုးရမှ စီမံကိန်းဘဏ် နှင့် မြေဘဏ်များ တည်ထောက်ရန် ပြုလုပ်နေမှုများနှင့် ပတ်သက်၍လည်း မီးမောင်းထိုးပြခဲ့ပါသည်။ မြေဘဏ်များ တည်ထောင်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ စီမံကိန်းများအတွက် မသင့်လျော်သော မြေကွက်များကို ဖော်ထုတ်ပြီးသားဖြစ်ခြင်း အပါအဝင် မှန်ကန် ပြည့်စုံသော ဥပဒေမူဘောင်တစ်ခု ဖြစ်ရန် အခွင့်အလမ်းတစ်ခု ဖြစ်စေနိုင်သည်။ သို့သော် မလိုလားအပ်သည့် ပြသနာများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ ဥပမာ - မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရေး နှင့် ပြုပြင်ပြောင်းလဲရေး စီမံချက်မူကြမ်း (Draft MERRP)၏ အပိုဒ် (၁၃.၇)တွင် မြေယာဘဏ်တွင် ပါ၀င်ရန် အလားအလာရှိသော
စီးပွားဖြစ်စိုက်ခင်းများ (စိုက်ပျိုးရေး၊ ငါးမွေးမြူရေး၊  အပင်နှင့် တိရစ္ဆာန် ရောနှောစိုက်ပျိုးမွေးမြူခြင်း ကဏ္ဍများ) အတွက်ရရှိနိုင်သည့် မြေကွက်များကိုဖော်ထုတ်၊ ဆန်းစစ်ရန်၊ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူများ (သို့) အစိုးရ နှင့် လုပ်ငန်းပူးတွဲလုပ်ငန်းများအတွက် ရရှိနိုင်ရန် ဟုဖော်ြပပါရှိကြောင်း၊ သို့သော် ဓလေ့ထုံးတမ်းဆိုင်ရာမြေယာလုပ်ပိုင်ခွင့် (land tenure) အားအဓိပ္ပာယ် ဖွင့်ဆိုထားခြင်း မရှိသောကြောင့် (အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းစီမံချက် တွင် အဓိပ္ပာယ် ဖွင့်ဆိုထားချက် ပါဝင်ရန် မျှော်လင့်ပါသည်) ထိုမြေများအား “ရယူနိုင်သော” မြေအဖြစ် သဘောထား ခြင်းကြောင့်  တိုင်းရင်းသားဒေသရပ်ရွာများတွင် ပဋိပက္ခ ဖြစ်စေသော အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်လာနိုင်ပါသည်ဟုတင်ပြခဲ့ပါသည်။ Vicky က လက်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) မှရရှိသောတိုင်ကြားချက်များအနက် မြေယာနှင့်ပတ်သက်သော တိုင်ကြားမှုများမှာ  အများဆုံး ဖြစ်ကြောင်းသိရှိရသည်ဟု မှတ်ချက်ပြုပါသည်။

ဓလေ့ထုံးတမ်းဆိုင်ရာမြေယာလုပ်ပိုင်ခွင့် (land tenure) အားအဓိပ္ပာယ် ဖွင့်ဆိုချက် မရှိခြင်းသည် မြေအသုံးချမှုနှင့်ပတ်သက်သော အဓိကပြသနာ တစ်ခုဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေ (၂၀၁၅) နှင့် မြေဥပဒေများ၏ ဆက်စပ်မှုကလည်း မသဲကွဲပါ။ ထို့အပြင် မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၉) (ဥပဒေ အသက်မဝင်သေးပါ) တွင် “အများပြည်သူအကျိုးစီးပွားအလို့ငှာ” ဟူသော စကားရပ်ပါရှိသော်လည်း ထိုစကားရပ်အား အဓိပ္ပာယ်ဖွင့်ဆိုပုံမှာ ကျယ်ပြန့်သောကြောင့် အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ဒေသတွင်းဥပဒေများ (ဥပမာ - အိန္ဒိယ ဥပဒေ) နှင့် မကိုက်ညီပါ။ ဥပဒေမူဘောင်များကြောင့် ဖြစ်ပေါ်လာနိုင်သော မလိုလားအပ်သော အဟန့်အတားများ၊ ပြသနာများအား ရှောင်ရှားရန်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့်  မြေယာ၏သမိုင်းကြောင်းနှင့် ပိုင်ဆိုင်မှု၊ နှင့် လက်ရှိမြေယာအသုံးပြုနေမှုများကို သေချာစွာလေ့လာရန်၊ တရားဝင် စာရွက်စာတမ်းများ အပေါ်တွင်သာ မှီခိုခြင်းမပြုပဲ  ထိခိုက်နစ်နာမှုများကို ကြိုတင်သိရှိစေရန် စိစစ်ခြင်း (due diligence) လုပ်ငန်းစဥ်များကို လုပ်ဆောင်သင့်ကြောင်း ကိုလည်းတင်ပြခဲ့ပါသည်။

ဆွေးနွေးပွဲတွင် MCRB မှ တင်ပြခဲ့သော powerpoint presentation ကိုလည်း အင်္ဂလိပ် နှင့် မြန်မာ နှစ်ဘာသာြဖင့် ရရှိနိုင်ပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများနှင့် အပြန်အလှန် မေးမြန်းဖြေဆိုနိုင်သည့် အွန်လိုင်းမဲပေးသော အစီအစဥ်ပါဝင်ရာ ခြုံငုံဖော်ြပထားသော အဖြေများအား အင်္ဂလိပ် နှင့် မြန်မာ နှစ်ဘာသာဖြင့်ရယူနိုင်ပါသည်။

တက်ရောက်လာသော စီးပွားရေး ရင်းနှီးမြှုပ်နှံသူများမှ မြေယာနှင့်ပတ်သက်သော ဥပဒေ မူဘောင်၊ လုပ်ငန်းစဥ်များအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေများ နှင့် DICA ၏ အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCO) တို့က ကောင်းစွာအလုပ် လုပ်ဆောင်နိုင်သော အရာများဖြစ်သည်ဟုဆိုပါသည်။ အခြားတစ်ဘက်တွင် မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်း နှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေ နှင့် လယ်ယာမြေဥပဒေ တို့က ပြသနာဖြစ်စေသော အဓိက ဥပဒေများဖြစ်သည်ဟုဆိုပါသည်။ အကြံပြုချက်များမှာ -

  • မြေဥပဒေနှင့် ပတ်သက်သော အစိုးရဌာန အသီးသီးမှ အစိုးရအရာထမ်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်၊ ဥပဒေကို လိုက်နာရန်နှင့် ဥပဒေကျင့်သုံးရာတွင် တသမတ်တည်း ရှိရန်။

  • သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ သက်ရောက်မှုများကို ဥပဒေတိုင်းတွင် ထည့်သွင်းရန်၊  နည်းဥပဒေများတွင်လည်း ထည့်သွင်းကျင့်သုံးရန် နှင့် တသမတ်တည်းဖြစ်ရန်။

  • မြေနှင့်သက်ဆိုင်သော သတင်းအချက်အလက်များကို အများပြည်သူနှင့် ရင်းနှီးမြှုပ်နှံသူများအား ဖွင့်ဟအသိပေးပါ။

  • စီးပွားရေးလုပ်ငန်းများအနေဖြင့် မြေပိုင်ရှင်အစစ်အမှန် မည်သူဖြစ်သည်ကို အတည်ပြုရန် ခက်ခဲသည်။

  • မြေနှင့်ပတ်သက်သော လုပ်ငန်းစဥ်အဆင့်များအား လျော့ချရန်၊ အထူးသဖြင့် မြေယာလွှဲပြောင်းခြင်းနှင့် မြေယာအသုံးပြုမှုလုပ်ငန်းစဥ်အတွက် လွယ်ကူအောင် ဆောင်ရွက်ပေးရန်။

  • အခွန်တိမ်းရှောင်ခြင်းများအား လျှော့ချရန်အတွက် မြေယာလွှဲပြောင်းခြင်းဆိုင်ရာ အခွန်အခများအားလျှော့ချပေးရန်။

  • မြေယာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွင် ပါဝင်သောအစိုးရအဖွဲ့အစည်းများအား လျှော့ချခြင်းဖြင့် အဂတိလိုက်စားမှုလျှော့ချရန် နှင့် အချိန်ကြန့်ကြာမှုအားလျှော့ချရန်။

  • မြေဥပဒေများကို အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးလုပ်ထုံးလုပ်နည်းများနှင့် သဟဇာတဖြစ်စေရန် ပြန်လည်သုံးသပ်ရန်။

  • မြေဥပဒေရေးဆွဲရာတွင် အစိုးရမှ စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းများအား ထည့်သွင်းဆွေးနွေးရန်။

Download the full reportအထက်ပါ မှတ်ချက်များအပြင် ကဏ္ဍအလိုက် အကြံပြုမှတ်ချက်များတွင်  ငါးမွေးမြူရေးကဏ္ဍ၊ အထူးစီးပွားရေးဇုန်များ၊  အိမ်ခြံမြေအကျိုးဆောင် ကဏ္ဍ၊ ရာဘာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဘဏ်လုပ်ငန်း ကဏ္ဍ၊ သတ္တုကဏ္ဍ တို့အပေါ်တွင် ပြုထားခြင်းဖြစ်ပါသည်။ အစီရင်ခံစာအပြည့်အစုံကိုဤနေရာတွင်ရရှိနိုင်ပါသည်။.

MCRB ၏ မြန်မာ့ မြေယာအရေးကိစ္စ နှင့် ပတ်သက်လုပ်ဆောင်မှုများတွင် စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) လုပ်ငန်းစဥ်လည်းပါဝင်ပြီး
ICT ကဏ္ဍသတ္တု ကဏ္ဍရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍ အသီးသီးတို့အတွက် ထုတ်ဝေသော အစီရင်ခံစာတွင် မြေယာ နှင့်ပတ်သက်၍ သီးခြားအခန်းတစ်ခန်း အနေအဖြစ်ထည့်သွင်းဖော်ြပခဲ့ပြီး   ခရီးသွားလုပ်ငန်း ကဏ္ဍ တွင်လည်း မြေယာနှင့် ပတ်သက်၍ အလေးထား ဖော်ြပခဲ့ပါသည်။ မြေယာဆိုင်ရာ အကျဥ်ချုပ် စာတမ်း ကိုလည်း၂၀၁၅ တွင်ထုတ်ဝေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်လည်း မြေယာနှင့် ဆက်စပ်သော ဇီဝမျိုးစုံမျိုးကွဲ၊ စီးပွားရေးနှင့် လူ့အခွင့်အရေး စာတမ်း အနှစ်ချုပ် ကိုထုတ်ဝေခဲ့ပါသည်။ MCRB မှမြေယာနှင့် ပတ်သက်သောလုပ်ဆောင်မှုများကို MCRB ၏ ဝဘ်ဆိုဒ် မှရယူနိုင်ပါသည်။

ထို့အပြင် OECD မှလည်း ဒုတိယအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု  မူဝါဒသုံးသပ်ချက် (၂၀၂၀) ကိုလည်း မကြာသေးမီကထုတ်ပြန်ခဲ့သည်။ ဤသုံးသပ်ချက်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏တောင်းဆိုချက်အရ ထုတ်ဝေခြင်းဖြစ်ပြီး ဤ သုံးသပ်ချက် ၏ အဓိက အခန်း  တစ်ခန်းအဖြစ်သော“ အာမခံချက်ရှိပြီး ရှင်းလင်းကောင်းမွန်သော မြေအသုံးချခွင့်ကို မြှင့်တင်ဆောင်ရွက်ခြင်း” ကို MCRB ၏အကြီးတန်း အကြံပေးပုဂ္ဂိုလ် လည်းဖြစ်၊ IHRB ၏ အကြီးတန်း သုတေသီ လည်းဖြစ်သော Margaret Wachenfeld က ရေးသား ပြုစုထားခြင်းဖြစ်ပါသည်။ ဤ အခန်းတွင် မြန်မာနိုင်ငံ၏ မြေယာ အခွင့်အရေး နှင့် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းမူဘောင်ကို ခြုံငုံသုံးသပ်ထားပါသည်။ ဖြစ်ပေါ်တိုးတက်နေသော မူဝါဒများ နှင့် ပြုပြင်ပြောင်းလဲမှုများ၊ မြေယာလုပ်ပိုင်ခွင့် မလုံခြုံခြင်း နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ချို့တဲ့မှုများကို ဖော်ြပထားပြီး ဤ စိန်ခေါ်မှုများ အတွက် ပြုပြင်ပြောင်းလဲမှု မူဘောင် ဆိုင်ရာ အကြုံပြချက်များ လည်းပါရှိပါသည်။ ဤမူဝါဒသုံးသပ်ချက် အား အင်္ဂလိပ် နှင့် မြန်မာ နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။

သတင်းစဉ်

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးမှာ ဘာတွေကျန်ခဲ့လဲ။

2024 ခုနှစ် စက်တင်ဘာလ 16 ရက်နေ့တွင်၊ MCRB ဒါရိုက်တာ Vicky Bowman သည် Stimson Center မှ Pamela Kennedy မှ 2021 ခုနှစ် ဖေဖော်ဝါရီလ 1 ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးတွင် ဖြစ်ပျက်ခဲ့သည့်အရာများနှင့် အနာဂတ်အတွက် အလားအလာများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

© 2024 Myanmar Centre for Responsible Business