မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ဘုတ်အဖွဲ့၏ သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ၏လက်ရှိ လုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားကာ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာများမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ MCRB ရုံးအား ပိတ်ရန် ခက်ခဲသောဆုံးဖြတ်ချက်အား ချခဲ့ကြပါသည်။
ဤ ဆုံးဖြတ်ချက်အရ MCRB ဝန်ထမ်း အားလုံးအား အလုပ်မှ ရပ်စဲ ရမည်ဖြစ်ပါသည်။ တာဝန်ယူမှုရှိသည့် လုပ်ငန်းရပ်တန့်စွန့်ခွာမှု ဆိုင်ရာ အခြေခံမူများ (principles of responsible exit) နှင့် လျှော်ညီစွာ ဝန်ထမ်းများ အတွက် ဥပဒေရေးရာ တာဝန်ဝတ္တရားများနှင့် အညီ ဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ပြီး အခြားရွေးချယ်စရာ အခွင့်အလမ်းများကိုလည်း ကူညီရှာဖွေပေးသွားမည် ဖြစ်ပါသည်။
ရန်ကုန်ရုံးခွဲအား ပိတ်မည်ဖြစ်သော်လည်း MCRB Ltd (ယူကေတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ) အား ကုမ္ပဏီ ၏ ရည်ရွယ်ချက်များ နှင့်အညီ ဆက်လက်လည်ပတ်သွားမည် ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံတွင်း တာဝန်ယူမှုရှိသော စီးပွားရေးမှ တဆင့် လူ့အခွင့်အရေး မြှင့်တင်ရန်လည်း ပါဝင်သည်။ ဤ လုပ်ငန်းများအား ဗစ်ကီဘိုမန် ၏ ခေါင်းဆောင်မှုအောက်တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ IHRB နှင့် DIHR တို့နှင့်အတူ နီးကပ်စွာ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ဗစ်ကီဘိုမန် သည် MCRB Ltd ဘုတ်အဖွဲ့ ၏ အဖွဲ့ဝင် တစ်ဦးအဖြစ် ဆက်လက် ပါဝင်သွားမည်လည်း ဖြစ်ပါသည်။ MCRB Ltd သည် ယူကေနိုင်ငံတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက လီမိတက် ကုမ္ပဏီ တစ်ခုဖြစ်ပြီး Institute for Human Rights and Business Ltd (IHRB) သည် MCRB Ltd ၏ တစ်ဦးတည်းသော ရှယ်ယာရှင်ဖြစ်သည်။ MCRB အား IHRB မှ Danish Institute for Human Rights (DIHR) နှင့် အတူတကွ တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။
MCRB ဘုတ်အဖွဲ့ သည် လွန်ခဲ့သော ဆယ်နှစ်ကျော်မှ အစပြု၍ MCRB မှ စုစည်းထားရှိသော မြန်မာနိုင်ငံတွင်းရှိ တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ အဆက်အသွယ် ကွန်ယက်များ၊ အသိပညာ နှင့် ကျွမ်းကျင်မှုများကို မြန်မာနိုင်ငံတွင်းနှင့် ပြင်ပ မှ ပတ်သက်ဆက်စပ်သူများ အားလုံးအား ဆက်လက် ရယူအသုံးပြုနိုင်စေလိုပါသည်။
-
MCRB ဝက်ဘ်ဆိုဒ် www.myanmar-responsiblebusiness.org/mm/ အား မြန်မာနိုင်ငံ၏ တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ အသိပညာများအား ရှာဖွေသူများ ရယူနိုင်ရန် ရည်ရွယ်၍ အရင်းအမြစ် တစ်ခုအဖြစ် ဆက်လက် ထားရှိခြင်း၊ မွမ်းမံပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။
-
မြန်မာ နှင့် နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ၊ လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများအား လေ့လာစိစစ်ခြင်း (human rights due diligence) အတွက် လမ်းညွှန် ရှာဖွေနေသော ပတ်သက်ဆက်စပ်သူများ၊ သို့မဟုတ် မြန်မာနိုင်ငံအတွင်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ လည်ပတ်မှု နှင့်ဆိုင်သော အခြား အကြောင်းအရာများကို လေ့လာသိရှိလိုသူများ အနေဖြင့် ဝက်ဘ်ဆိုဒ် ပေါ်ရှိ အရင်းအမြစ်များအား ဆက်လက် အသုံးပြုနိုင်ပြီး၊ MCRB အား ဆက်သွယ်လိုပါက သို့ဆက်သွယ်နိုင်ပါသည်။
-
လွန်ခဲ့သောဆယ်စုနှစ်အတွင်း MCRB ၏လုပ်ငန်းများတွင် ပါဝင်တာဝန်ယူခဲ့သူများသည် အာဆီယံဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုများတွင် အတွေ့အကြုံများကို ဆက်လက်ဝေမျှသွားမည် ဖြစ်ပြီး နိုင်ငံတကာ စီးပွားရေးနှင့် လူ့အခွင့်အရေးစံနှုန်းများ (international business and human rights standards)၊ သက်ရောက်မှုများအား လေ့လာစိစစ်ခြင်း ဆိုင်ရာ လုပ်ငန်းစဥ်များ (due diligence processes) ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုသွားမည် ဖြစ်ပါသည်။
MCRB ဘုတ်အဖွဲ့မှ MCRB ၏ အောင်မြင်မှု အတွက် လွန်ခဲ့သော ဆယ်စုနှစ်တာ ကာလအတွင်း ပါဝင်ကြိုးပမ်းအားထုတ်ခဲ့သော လက်ရှိ နှင့် ယခင် ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်လိုပါသည်။ ထို့ပြင် ပတ်သက်ဆက်စပ်သူ အားလုံးကိုလည်း ပူးပေါင်းဆောင်ရွက်မှု အတွက် ကျေးဇူးတင်ရှိပါသည်။
MCRB သည် ပတ်သက်ဆက်စပ်သူ အစုအဖွဲ့စုံ ပါဝင်သည့် ဆန်းသစ်သော အစပြုလုပ်ဆောင်မှု (innovative multistakeholder initiative) တစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ၊ အစိုးရများ နှင့် အရပ်ဘက်အဖွဲ့အစည်းများအား ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (၂၀၁၁ ခုနှစ်) ကို လက်တွေ့ကျင့်သုံးရန် အောင်မြင်စွာ ကူညီခဲ့ပါသည်။ ဘုတ်အဖွဲ့မှ လုပ်ငန်းလည်ပတ်မှု ပတ်ဝန်းကျင်၊ ကျယ်ပြန့်သော နိုင်ငံရေးနှင့် စီးပွားရေးဝန်းကျင်များတွင် ကောင်းသော ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်လာသော အချိန်ကာလ တစ်ခု၌ မြန်မာနိုင်ငံတွင် ရုံးပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်လင့်ပါသည်။