ပတ်၀န်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) သည် ရင်းနှီးမြှုပ်နှံသူများက ဆိုးကျိုးသက်ရောက်မှုများကို ဖြေရှင်းရန်အတွက် သေချာစွာလုပ်ဆောင်ထားသည့် ဆန်းစစ်မှုဖြစ်သင့်သည်။ သို့သော် ၎င်းဆန်းစစ်မှုသည် ရပ်ရွာဖွံ့ဖြိုးရေးကို မြှင့်တင်ရန်အတွက် နည်းစနစ်ကောင်း တစ်ခုတော့မဟုတ်ပါ။
MCRB ၏ ဒါရိုက်တာ ဗစ်ကီဗိုမန်းသည် မြန်မာ့ပတ်ဝန်းကျင် ဆန်းစစ်လေ့လာခြင်းဆိုင်ရာအသင်း(MEAA) မှ မေလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော တက်ရောက်လာသူ ၆၀ ခန့်ပါ၀င်သည့် ဝက်ဘီနာဆွေးနွေးပွဲတစ်ခုတွင် တင်ပြမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ ၎င်းဆွေးနွေးပွဲတွင် ဗစ်ကီဗိုမန်းမှ “စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်” (‘CSR’) ကို နားလည်မှုအမျိုးမျိုးနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှု အမျိုးမျိုးတို့အား ရှင်းပြခဲ့ပါသည်။
ထိုကွဲပြားခြားနားသောနားလည်မှုများကို တစ်ခါတစ်ရံတွင် CSR1.0 (ပရဟိတလုပ်ငန်း)၊ CSR2.0 (လူမှုအဖွဲ့အစည်းများအပေါ်သက်ရောက်များအတွက် စီးပွားရေးလုပ်ငန်းများ၏ တာဝန်ယူမှု)၊ CSR3.0 (အကျိုးစီးပွားမျှဝေခြင်း) စသည်ဖြင့် ဖော်ပြလေ့ရှိသည်။ ထိုကဲ့သို့ CSR ဆိုသည့် စကားလုံးကို အမျိုးမျိုးနားလည်နေခြင်းကြောင့် ဥပဒေပြုရေးအတွက် မသင့်တော်ဟု ဆိုလိုပါသည်။
MCRB ၏ နှစ်သက်သော အသုံးအနှုန်းတစ်ခုဖြစ်သည့် “တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ လုပ်ဆောင်ရမည့် လုပ်ငန်းများ (RBC)”ကို လုပ်ဆောင်ရန် တွန်းအားပေးသည့်အခါ မြန်မာနိုင်ငံ၏ ပတ်၀န်းကျင်ထိန်းသိမ်းရေးဥပဒေ (ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းစဥ် အပါအ၀င်) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အခြားဥပဒေများအရ ရင်းနှီးမြှုပ်နှံသူများ၏ ဥပဒေအရ တာဝန်၀တ္တရားများကို ရှင်းလင်းစွာခွဲခြားရန် လိုအပ်ကြောင်းအလေးပေး ပြောကြားခဲ့ပါသည်။ ကုမ္ပဏီတစ်ခုသည် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးများဆိုင်ရာ လမ်းညွှန်အခြေခံမူများနှင့်အညီ လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တာဝန်ရှိပါသည်။ ထိုတာဝန် ဝတ္တရားများအပြင် ရင်းနှီးမြှပ်နှံသူများအနေဖြင့် တာဝန်ယူမှုရှိစွာရင်းနှီးမြှပ်နှံခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော ပံ့ပိုးပေးမှုများကို တိုးမြှင့်လုပ်ဆောင်ခြင်း နှင့် ၎င်းတို့၏ “အများသဘောတူကြည်ဖြူလက်ခံမှု” (social licence to operate) ကိုအားကောင်းလာစေခြင်း စသည့် အခြားလုပ်ဆောင်ရမည့်အရာများလည်း ရှိပါသည်။
မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ထုံးလုပ်နည်းသည်ကို ကောင်းမွန်စွာဒီဇိုင်းရေးဆွဲထားသည့်အပြင် လူမှုရေးနှင့် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများကို လွှမ်းခြုံဖော်ပြထားမှုရှိသော်လည်း ၎င်းတို့၏ အကောင်အထည်ဖော်မှုများမှာ အကြောင်းအမျိုးမျိုးကြောင့် အားနည်းမှုများရှိခဲ့သည်ဟု ဗစ်ကီဗိုမန်းမှ မှတ်ချက်ပြုခဲ့သည်။ ပြဿနာတစ်ခုမှာ regulator ဖြစ်သော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် EIA consultants များအား EIA လုပ်ငန်းစဥ်ကိုလုပ်ဆောင်ရာတွင် ‘CSR’ သို့မဟုတ် ရပ်ရွာဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကိုသတ်မှတ်ဖော်ထုတ်ပေးရန် တောင်းဆိုမှုများပင် ဖြစ်သည်။ တစ်ခါတစ်ရံတွင် consultants များသည် ဖြစ်နိုင်ချေရှိသောဆိုးကျိုသက်ရောက်မှုများနှင့် ထိုသက်ရောက်မှုများကို ရှောင်ရှားရန်၊ လျော့ချရန်၊ ရှောင်ကြဥ်ရန် စသော အစီအမံများကို ဖော်ထုတ်သတ်မှတ်ရန် ဖြစ်သည့် EIA ၏ အဓိကရည်ရွယ်ချက်ထက် ‘CSR’ ကို ပိုမိုအာရုံစိုက်လုပ်ဆောင်သည့် ပုံပေါ်နေပါသည်။
ဤသို့ချဥ်းကပ်ပုံသည် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးစရိတ်အဖြစ် အဓိပ္ပယ်ဖွင့်ဆိုထားသော ‘CSR’ သည် မှားယွင်းသောယုံကြည်ယူဆမှုဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မဖြစ်မနေလိုအပ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြခြင်းမှ ဖြစ်ပေါ်လာသည့် ပုံပေါ်ပါသည်။ သို့သော် ဗစ်ကီ၏တင်ပြချက်မှာ ကျောက်မျက်ဥပဒေမှလွဲ၍ ကျန်ဥပဒေများတွင် ကုမ္ပဏီတစ်ခုသည် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေထောက်ပံ့ရန်အတွက် မြန်မာနိုင်ငံတွင် တရားဝင်လိုအပ်ချက်အဖြစ် ဖော်ပြထားခြင်းမရှိသည်ကို မီးမောင်းထိုးပြခဲ့ပါသည်။ ရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) ၏ အတွင်းရေးမှူးဖြစ်သော ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်လွင်မှ အောက်တိုဘာလတွင် MCRB မှ ကျင်းပခဲ့သော corporate philanthropy လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် အတည်ပြုခဲ့ပါသည်။ ၎င်း၏ ရှင်းပြချက်အရ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်တို့သည် ရင်းနှီးမြှပ်နှံသူများ (နိုင်ငံခြား သို့မဟုတ် မြန်မာ)အနေဖြင့် ၎င်းတို့အမြတ်အစွန်း၏ ရာခိုင်နှုန်းကို CSR သို့မဟုတ် ပရဟိတလုပ်ငန်းများတွင် သုံးစွဲရန် မလိုအပ်ကြောင်း ဆိုပါသည်။ ထိုကဲ့သို့လုပ်ဆောင်မည့်အစား MIC သည် ရင်းနှီးမြှပ်နှံသူအား ၎င်းတို့၏စီးပွားရေးလုပ်ငန်းများသည် မြန်မာပြည်သူပြည်သားများ၏ သက်သာချောင်ချိရေးကို မြှင့်တင်ရန်နှင့် ဒေသတွင်းအပြုသဘောဆောင်သည့် သက်ရောက်မှုများနှင့်အတူ “တာ၀န်ယူမှုရှိပြီး အများပါဝင်အကျိုးခံစားခွင့်ရှိသည့် စီးပွားရေးလုပ်ငန်း”ကို မျှဝေပေးနိုင်ရန် နည်းလမ်းများစွာကို စဥ်းစားရန်အတွက်သာ တွန်းအားပေးပါကြောင်း ရှင်းပြခဲ့ပါသည်။ ဗစ်ကီအနေဖြင့် ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် နည်းလမ်းများစွာဖြင့် အောင်မြင်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ကုမ္ပဏီများသည် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်စေရန် သင်တန်းအစီအစဥ်များ၊ ပညာရေးများ ပံ့ပိုးပေးခြင်း နှင့် ဒေသခံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များထံမှ ဦးစားပေးဝယ်ယူခြင်း သို့မဟုတ် ဒေသတွင်းယဥ်ကျေးမှုဆိုင်ရာ သို့မဟုတ် အားကစားပွဲများတွင် ကုမ္ပဏီနာမည် အနည်းငယ်ဖော်ပြကာ ကမကထပြုလုပ်ပေးသင့်ပါသည်။ အချို့သောလုပ်ဆောင်မှုများသည် အသုံးစရိတ်အဖြစ်တွက်ချက်ရန် ခက်ခဲသကဲ့သို့ စီးပွားရေးလုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ် ဥပမာ -၎င်းတို့၏လူ့စွမ်းအားအရင်းအမြစ်အတွက် အဓိကကျသော ကဏ္ဍလည်း ဖြစ်နိုင်သည်။
အောင်မြင်မှုရရှိရန်အတွက် စီမံကိန်းလုပ်ဆောင်သူများသည် စီမံကိန်းကာလတစ်လျှောက်လုံးတွင် ထိုကဲ့သို့ သောအစပျိုးလုပ်ဆောင်မှုများကို လုပ်ဆောင်သင့်ပြီး၊ ဒေသခံများဖြင့်လည်း စဥ်ဆက်မပြတ်ဆွေးနွေးမှုများကို ညှိနှိုင်းဆောင်ရွက်သင့်သည်။ ရင်းနှီးမြှပ်နှံသူများအား ဆိုးကျိုးသက်ရောက်မှုများနှင့် ထိုသက်ရောက်မှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အကြံပေးရမည့် ကာလတိုသက်တမ်းဖြင့် တာဝန်ယူလုပ်ကိုင်ရသော EIA consultant များအတွက် လုပ်ဆောင်ရမည့် ကိစ္စမဟုတ်ပါ။
ထို့အပြင် သတ္တု နှင့် ရေအားလျှပ်စစ်စီမံကိန်းများကဲ့သို့သော ရေရှည်စီမံကိန်းများရှိသည့် နေရာများတွင် ‘ဒေသဖွံ့ဖြိုးတိုးတက်ရေးသဘောတူစာချုပ် (CDA)’အတွက် ဒေသတွင်းရပ်ရွာအသိုင်းအဝိုင်းများနှင့် ညှိနှိုင်းလုပ်ဆောင်ခြင်းသည် ကုမ္ပဏီအတွက် ကောင်းမွန်သော အလေ့အကျင့် ဖြစ်ပါသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ရပ်ရွာနှင့် ကုမ္ပဏီတို့၏ဆက်ဆံရေး နှင့် ဖွံ့ဖြိုးရေးရန်ပုံငွေအပါအဝင် ရင်းနှီးမြှပ်နှံမှုများမှ မည်ကဲ့သို့အကျိုးကျေးဇူးများ ရှိနိုင်သည်ကို လွှမ်းခြုံမှုရှိပါသည်။ ဗစ်ကီသည် CDA များကို ကုမ္ပဏီမှ စေတနာဆန္ဒအလျောက် မည်သို့ ဆောင်ရွက်သည် သို့မဟုတ် အချို့သော စီမံကိန်းများအတွက် အချို့သော အစိုးရဌာနများအနေဖြင့် မဖြစ်မနေလုပ်ခိုင်းခြင်းတို့ကို ဥပမာပေး ပြောကြားခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံဥပဒေပြုရေးတွင် ရွေးချယ်စရာ (option) တစ်ခုဖြစ်သည်။ သို့သော် ထိုအရာကို EIA လုပ်ငန်းစဥ်ထဲတွင် မဟုတ်ပဲ ရင်းနှီးမြှပ်နှံမှုဥပဒေ၊ ကဏ္ဍအလိုက်သက်ဆိုင်သောဥပဒေများ သို့မဟုတ် ရင်းနှီးမြှပ်နှံမှု သဘောတူညီချက်များ၏ တစ်ခုချင်းစီမှ တစ်ဆင့်လည်း အကောင်းဆုံး အောင်မြမင်မှုကို ရရှိနိုင်ပါသည်။
နောက်ဆုံးတွင် ဗစ်ကီသည် COVID-19 ကာလအတွင်း EIA လုပ်ငန်းစဥ်များတွင် အများပြည်သူပူးပေါင်းပါဝင်ခြင်းအတွက် ဖြစ်ပေါ်နိုင်သော စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ပြီး၊ အခြားနိုင်ငံများအနေဖြင့် မည်သို့ချဥ်းကပ်ကြသည့်ပုံများကို မီးမောင်းထိုးပြခဲ့သည်။ ယူကေနိုင်ငံသည် အွန်လိုင်းမှ တိုင်ပင်ဆွေးနွေးရန်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ခဲ့ကြသည်/ သို့သော် မြန်မာနိုင်ငံအတွက် ၎င်းသည် သင့်တော်မှု မရှိပေ။ EIA လုပ်ဆောင်သော အကြံပေးပုဂ္ဂိုလ်များနှင့် စီမံကိန်းအဆိုပြုသူများအနေဖြင့် EIA လုပ်ထုံးလုပ်နည်းအရ အချက်အလက်နှင့် ဆန်းစစ်အကဲဖြတ်မှုများကို အွန်လိုင်းတွင် ဖော်ပြရမည်ဟု တာဝန်ရှိသော်လည်း ပုံမှန်လုပ်ဆောင်နေခြင်းများ မရှိသေးပါဟု သူမမှ မှတ်ချက်ပြုခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဖော်ထုတ်ပြသခြင်း၊ ဒေသအဆင့်နှင့် အမျိုးသာအဆင့်များတွင် အရပ်ဖက်အဖွဲ့အစည်းများ (CSOs) ဖြင့် ချိတ်ဆက်ဆောင်ရွက်မှုများအပေါ် လျှောက်လှမ်းနိုင်ရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ COVID-19 ကာလအတွင်း မည်သို့တိုင်ပင်ဆွေးနွေးမှုများလုပ်ဆောင်ရမည့်အပေါ် ECD မှ ထုတ်ပေးမည့် လမ်းညွှန်ချက်ကို စောင့်ဆိုင်းနေကြပါသည်ဟု MEAA မှ ပြောကြားခဲ့သည်။
(နောက်ပိုင်းတွင် မြန်မာ့အရပ်ဖက်အဖွဲ့အစည်းများမှ မေလ ၂၉ ရက်နေ့တွင် အရေးပေါ် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေအရ မြေယာမှတ်ပုံတင်ခြင်းနှင့် မြေယာသိမ်းယူမှုများအား ခြွင်းချက်မရှိ ဆိုင်းငံ့ထားရန်နှင့် COVID-19 ကပ်ရောဂါ ကာလအတွင်း ရေ၊ မြေနှင့် ဂေဟစနစ်စသည့် မြန်မာနိုင်ငံ၏သဘာဝသယံဇာတများကို အသုံးပြု၍ ရင်းနှီးမြှပ်နှံထားသော စီးပွားရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကို ဆိုင်းငံ့ပေးရန် အစိုးရကို တင်ပြတောင်းဆိုနိုင်သည်။ ကူးစက်ရောဂါကာလအတွင်း လူအများစုရုံးခြင်းကို တားမြစ်ခြင်းကြောင့် စောင့်ကြည့်လေ့လာခြင်းအပေါ် ကန့််သတ်ချက်များရှိနေပြီး၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုများအပေါ်ဆိုးကျိုးသက်ရောက်မှုများရှိသော ‘သတ္တုတွင်းများ၊ သတ္တုတွင်းများအတွက် လိုင်စင်ထုတ်ပေးခြင်း၊ စမ်းသပ်တူးဖော်ခြင်း၊ ရေကာတာဆောက်လုပ်ရေးစီမံကိန်းများ၊ ရေအားလျှပ်စစ်စီမံကိန်းများနှင့် စွမ်းအင်နှင့် ဆက်စပ်သော စီမံကိန်းများအပေါ် ထိုကူးစက်ရောဂါကာလဖြစ်ပွားနေစဥ်အတွင်း ပြည်သူလူထုမှ တုန့်ပြန်ရန် မစုစည်းနိုင်ခြင်းများကြောင့် ယာယီဆိုင်းငံ့ခြင်းများကို တောင်းဆိုနိုင်သည်။)
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဥ်များထဲတွင် ‘CSR’ သို့မဟုတ် ရပ်ရွာဖွံ့ဖြိုးမှုများကို ပါဝင်ရန် ပုံမှန်တောင်းဆိုမှုများကြောင့် EIA အတိုင်ပင်ခံများ ရင်ဆိုင်ရသော အခက်အခဲများနှင့် ပတ်သက်သော မေးခွန်းများကို အလေးထားပြီး ဆွေနွေးခဲ့ကြပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် EIA လုပ်ငန်းစဥ်၏အခြေအနေများနှင့်အညီ ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ရန် သေချာစေရမည်ဖြစ်ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ်တွင် လိုအပ်ချက်အရ ထည့်သွင်းစဥ်းစားရသည့် ကိစ္စရပ်များ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ရင်းနှီးမြှပ်နှံသူများတွင် ထိရောက်သည့်မကျေလည်မှု၊ နစ်နာမှုများကို တိုင်ကြားရန် လုပ်ငန်းစဥ်(OGM) များရှိခြင်းကြောင့် ဒေသခံများ၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုနိုင်ကြသည်။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းနှင့် ပတ်သက်ပြီး ဥပမာပေးပြီး ဗစ်ကီမှ အကောင်းဆုံးနည်းလမ်းတစ်ခုအဖြစ် မှတ်ချက်ပြုခဲ့ပါသည်။ ထိရောက်သော OGM များနှင့် ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံ၏ အများပြည်သူပူးပေါင်းပါဝင်မှုများအတွက် လမ်းညွှန်ချက် မူကြမ်းတွင် ရယူနိုင်ပါသည်။ ECD သည် ကုမ္ပဏီမှ ခြောက်လတစ်ကြိမ် အစီရင်ခံတင်ပြမှုမှ တစ်ဆင့် OGM ၏ ထိရောက်မှုကို စောင့်ကြည့်သင့်ကြောင်းနှင့် ကွင်းဆင်းလေ့လာစဥ်ကာလအတွင်း ထိုလုပ်ငန်းစဥ်ကို ရပ်ရွာလူထုမှ သိရှိခြင်း၊ မည်သည့်အကြောင်းအရာများကို တိုင်ကြားကြခြင်းနှင့် ကုမ္ပဏီမှ ထိုတိုင်ကြားမှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းပုံများကို သိရှိနိုင်သည်ဟု ဗစ်ကီမှ အကြံပြုခဲ့ပါသည်။
ရင်းနှီးမြှပ်နှံသူတစ်ဦးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၂)နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ (၂၀၁၄) အရ မျှော်မှန်းထားသည့် ယခုထိတိုင် မတည်ထောင်ရသေးသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုရန်ပုံငွေ (EMF) ကိုထည့်ဝင်ရန် တရားဝင်တာဝန်ရှိသလား၊ မရှိသလားဆိုသည့်မှာလည်း ဆွေးနွေးရမည့် အချက်တစ်ချက်ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ‘ဂေဟစနစ်ဝန်ဆောင်မှုများအတွက် ငွေပေးဆောင်ရခြင်း’ (PES) ကို မည်သို့ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ထားမှုနှင့် စပ်လျဥ်းပြီး အလားတူရှင်းလင်းပြတ်သားမှု မရှိခြင်းများကို တွေ့ရသည်။
၂၀၁၈- ခုနှစ်တွင် MCRB မှထုတ်ဝေခဲ့သော ဇီဝမျိုးစုံမျိုးကွဲများ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျဥ်းချုပ်စာတမ်း၏ ဖော်ပြချက်မှာ ‘ဂေဟစနစ်ဝန်ဆောင်မှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းတွင် တစ်ခုတည်းသော ရည်ညွှန်းချက်မှာ နည်းဥပဒေ ပုဒ်မ ၃၀နှင့်အညီ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုရန်ပုံငွေ ထည့်ဝင်ခြင်း - (၁) လေထုညစ်ညမ်းမှု (ထုတ်လွှတ်မှု၊ စွန့်ပစ်ပစ္စည်း) နှင့် (၂) သဘာဝသယံဇာတများသုံးစွဲမှုနှင့် ဂေဟစနစ်ဝန်ဆောင်မှုများမှ အကျိုးအမြတ်များအတွက် ကောက်ခံခြင်း’ ကို ဝန်ကြီးဌာနမှ သတ်မှတ်ထားသော ပုဒ်မ ၉၁ (ပ) တွင် ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ထဲတွင်PES ကို ဖော်ပြထားပြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်သည် ကာကွယ်စောင့်ရှောက်ထားသော ဧရိယာများအတွင်းရှိ ဂေဟစနစ်များမှ ဆင်းသက်လာသော ဂေဟစနစ်ဝန်ဆောင်မှုအတွက် ငွေပေးဆောင်ရမှုစနစ်ကို ဆုံးဖြတ်ပေးလိမ့်မည်ဟု ထိုဥပဒေ၏ (စာပိုဒ် ၁၃ ဃ) တွင် မှတ်ချက်ပြုထားသည်။
ဗစ်ကီမှ ဤကဲ့သို့တာဝန်ရှိသော ထည့်ဝင်မှုများအတွက် အစီအစဥ်များကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် (MNHRC) မှ တည်ထောင်ပေးခြင်း မရှိသေးကြောင်းကို ပြောကြားခဲ့သည်။ သို့သော် ၎င်းတို့သည် အပိုဆောင်းလုပ်ဆောင်ရခြင်းများဖြစ်ပြီး၊ EIA/EMP ထဲရှိ ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးသက်ရောက်မှုများကို ရှောင်ရှားရန်၊ လျော့ချရန်၊ ရှောင်ကြဥ်ရန်အတွက် ရင်းနှီးမြှပ်နှံသူများ ကျခံရမည့် ကုန်ကျစရိတ်များအတွက် ၎င်းတို့ကို လုပ်ဆောင်ခြင်းဖြင့် အစားထိုးခြင်း မဟုတ်ပါ။
အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ ဆက်လက်ဖတ်ရှုလိုပါက
- MCRB comments on the draft registration procedure for ‘3rd party’ EIA consultants
- Workshop for Kyaukphyu communities on EIA and public participation
- Strengthening Public Understanding Of Environmental Impact Assessment
- Civil Society Organisations Stress the Need for More Information in the EIA Process