MCRB မှ နည်းပညာကဏ္ဍအတွက် UNGPs ၏ လက်တွေ့ကျင့်သုံးမှုကို OHCHR သို့ အကြံပြုချက် ထည့်သွင်းတင်ပြသည်
MCRB သည် နည်းပညာကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UNGPs) ၏ လက်တွေ့ကျင့်သုံးမှုဆိုင်ရာ မဟာမင်းကြီး အစီရင်ခံစာနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN Office of the High Commissioner on Human Rights) ထံသို့ အကြံပြုချက် ထည့်သွင်းတင်ပြခဲ့ပါသည်။ ယင်းအစီရင်ခံစာကို ၂၀၂၂ ခုနှစ် ဇွန်လတွင် ပြုလုပ်မည့် လူ့အခွင့်အရေးကောင်စီ၏ အကြိမ် ၅၀ မြောက် အစည်းအဝေးတွင် တင်ပြမည်ဖြစ်သည်။
MCRB မှ အကြံပြုထည့်သွင်းထားသည့် စာတမ်းတွင် UNGPs ကို မူဘောင်အဖြစ် အသုံးပြုခဲ့သည့် ၂၀၁၄/၅ တွင် ပြုလုပ်ခဲ့သော အိုင်စီတီကဏ္ဍဆိုင်ရာ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ အပါအဝင် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရှစ်နှစ်အတွင်း ဤနယ်ပယ်၌ MCRB ၏ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ခြင်း (advocacy) ကို အကျဉ်းချုပ်ဖော်ပြထားသည်။ ထိုစာတမ်းတွင် MCRB ၏ မြန်မာအစိုးရနှင့် လွှတ်တော်အပေါ် စည်းရုံးလှုံ့ဆော်ခြင်း (advocacy) ဆောက်ရွက်မှု အတွေ့အကြုံအပေါ် အခြေခံ၍ ‘အစိုးရမှ ကာကွယ်စောင့်ရှောက်ပေးရမည့် တာဝန်၊ သို့မဟုတ် စည်းမျဉ်းနှင့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများ’ ကို အထူးဖော်ပြထားပါသည်။ အခြားအစိုးရများမှ လူ့အခွင့်အရေးများကို လေးစားမှုရှိသော မူဝါဒနှင့် ဥပဒေများကို ပံ့ပိုးပေးခြင်းဖြင့် မည်သို့ပါဝင်နိုင်သည်ကို အကြံပြုချက်များပေးထားပါသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ ဆက်လက်ဖတ်ရှုလိုပါက
- MCRB မှ ဒစ်ဂျစ်တယ်ခေတ်တွင် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ OHCHR သို့ အကြံပြုချက် ထည့်သွင်းတင်ပြသည်
- ဆိုက်ဘာလုံခြုံရေးဥပဒေ မူကြမ်းနှင့် သက်ဆိုင်သော နောက်ဆုံးပေါ်အခြေအနေနှင့် ယင်း၏ ဒစ်ဂျစ်တယ် အခွင့်အရေးနှင့် ဒစ်ဂျစ်တယ် စီးပွားရေးအပေါ် သက်ရောက်မှုများ
- မြန်မာနိုင်ငံ၏ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေမူဘောင်အား နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ရန် လိုအပ်သည်
- အချက်အလက်ကာကွယ်ခြင်း (Data Protection) ဘာကြောင့် အရေးပါသလဲ၊ သင်ဝေမျှသည့်အရာကို သိရှိပါ!
- MCRBသည် အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး မဟာဗျူဟာ မူကြမ်း၊ အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး လမ်းညွှန်ချက် မူကြမ်းတို့နှင့်စပ်လျဉ်း၍ သဘောထားသုံးသပ်ချက်များ ပေးပို့ခဲ့ပါသည်။