မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော စိုးရိမ်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများ၏ ထုတ်ပြန်ချက် - သတင်းစဉ်
You are here Home » သတင်းစဉ် » မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော စိုးရိမ်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများ၏ ထုတ်ပြန်ချက်

မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော စိုးရိမ်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများ၏ ထုတ်ပြန်ချက်

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန အနေဖြင့် ဤထုတ်ပြန်ချက်အားရေးသားရာတွင် ကူညီပေးခဲ့ပြီး၊ ထုတ်ပြန်ချက်တွင်ပါဝင်သော ကုမ္ပဏီများ၏ အမည်စာရင်းလည်း ပါရှိပါသည်။
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန အနေဖြင့် ဤထုတ်ပြန်ချက်အားရေးသားရာတွင် ကူညီပေးခဲ့ပြီး၊ ထုတ်ပြန်ချက်တွင်ပါဝင်သော ကုမ္ပဏီများ၏ အမည်စာရင်းလည်း ပါရှိပါသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) သည် နိုင်ငံစုံ စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများစွာတို့နှင့် ချိတ်ဆက်၍ ၎င်းတို့ ကြုံတွေ့နေရသော စီးပွားရေး နှင့် လူ့အခွင့်အရေး ဆိုင်ရာ စိန်ခေါ်မှုများအား ကျော်ဖြတ်နိုင်ရန် လမ်းညွှန်ကူညီမှုများ ပေးလျက်ရှိပါသည်။

ထိုကုမ္ပဏီအချို့၏ တောင်ဆိုမှုအရ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန အနေဖြင့် အောက်ဖော်ပြပါ ထုတ်ပြန်ချက်အားရေးသားရာတွင် ကူညီပေးခဲ့ပြီး၊ ထုတ်ပြန်ချက်တွင်ပါဝင်သော ကုမ္ပဏီများ၏ အမည်စာရင်းလည်း ပါရှိပါသည် - ဤထုတ်ပြန်ချက်နှင့် အတူ ထောက်ခံရပ်တည်လိုသော အခြားသော ကုမ္ပဏီများ - နိုင်ငံတကာ သို့မဟုတ် ပြည်တွင်း ကုမ္ပဏီများအနေဖြင့် MCRB သို့ဆက်သွယ်ရန် ဖိတ်ခေါ်အပ်ပါသည်။

မြန်မာနိုင်ငံတွင် ရေးနှီးမြုပ်နှံထားသော ကျွန်ုပ်တို့ ကုမ္ပဏီများအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရေးပေါ်အခြေအနေထုတ်ပြန်သည့် အချိန်မှစတင်၍ မြန်မာနိုင်ငံ၏ အခြေအနေကို စိုးရိမ်ကြီးစွာဖြင့် စောင့်ကြည့်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ ရင်းနှီးမြုပ်နှံမှုများ၊ လုပ်ငန်းလည်ပတ်မှုများ၊ ဒေသတွင်းမိတ်ဖက် စီးပွားရေးလုပ်ငန်းများနှင့် ထုတ်လုပ်မှုများ မှတဆင့် သိန်းနှင့်ချီသော ပြည်တွင်းအလုပ်အကိုင်များစွာ အတွက် ပံ့ပိုးပေးနေပါသည်။ ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့် ဝန်ဆောင်မှုထောက်ပံ့ပေးသူများ (suppliers)၏ ဝန်ထမ်းများ ဘေးကင်းလုံခြုံမှုနှင့် အေးချမ်းသာယာမှုသည် ကျွန်ုပ်တို့အတွက် အဓိက စိုးရိမ်စိတ်ဖြစ်မိသော အချက်ဖြစ်ပါသည်။ ယခုရက်များတွင် လုပ်ငန်းများလည်ပတ်ရာ၌ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုရှိစေရေး၊ မြန်မာပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် - အစားအစာ နှင့် သောက်ဖွယ်ရာများ သော်လည်းကောင်း၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး၊ ငွေကြေးဝန်ဆောင်မှုများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ကုန်ထုတ်လုပ်မှု သော်လည်းကောင်း - အခြေအနေနှင့် လိုက်လျောညီထွေ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့ဝန်ထမ်းများနှင့် မြန်မာပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်ကိုလည်း လေးစားခဲ့ပါသည်။

ကျွန်ုပ်တို့ ရင်းနှီးမြုပ်နှံသူများအနေဖြင့် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် မြန်မာပြည်သူတို့နှင့်အတူ “shared space” တွင်အတူရှိနေပြီး - လွတ်လပ်စွာ ထုတ်ဖော်ရေးသား  ပြောဆိုခွင့် နှင့်  လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် - တရားဥပဒေစိုးမိုးရေး - တို့အပါအဝင်  ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း နှင့် အခြေခံလွတ်လပ်ခွင့်တို့မှ ကျွန်ုပ်တို့အားလုံးအတွက် အကျိုးကျေးဇူးများရရှိပါသည်။
တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု နှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှုတို့သည် တည်ငြိမ်သော စီးပွားရေးပတ်ဝန်းကျင် တည်ဆောက်ရန် အတွက် အထောက်အကူဖြစ်စေပါသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအတွင်း ပွင့်လင်းမြင်သာမှု၊ အပြည်အပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ပင်မ သဘောတူစာချုပ်များ နှင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UN Guiding Principles on Business and Human Rights) နှင့်အညီ လုပ်ငန်းများအား လုပ်ဆောင်ရန် အမြဲတစေ ကြိုးပမ်းအားထုတ်ခဲ့ပါသည်။ ယင်းတို့တွင် လူ့အခွင့်အရေးကို စဥ်ဆက်မပြတ် လေးစားလိုက်နာခြင်း၊ စီးပွားရေးလုပ်ငန်းများ ကျင့်ဝတ်ဖြောင့်မှန်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်း (business integrity) နှင့် စီးပွားရေးလုပ်ငန်းများကြောင့်ဖြစ်ပေါ်နိုင်သော သက်ရောက်မှုများကို ကြိုတင်သိမြင်ရန် စစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်တားဆီးခြင်း (due diligence)၊ သက်ဆိုင်ရာ ပိတ်ဆို့မှုများ (sanctions) ကို လေးစားလိုက်နာခြင်းအပြင် US Foreign Corrupt Practices Act (FCPA)၊ UK Anti-Bribery Act၊ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများ ကိုလေးစားလိုက်နာခြင်းတို့လည်းပါဝင်ပါသည်။

မြန်မာနိုင်ငံအတွင်းရှိ ကျွန်ုပ်တို့နှင့် သဘောထားတူ၊ ချဥ်းကပ်မှုပုံစံတူသော အခြားသော ပြည်တွင်းမိတ်ဖက် စီးပွားရေးလုပ်ငန်းများနှင့်လည်း ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများ တည်ရှိနေခြင်း၊ လုပ်ငန်းဆောင်ရွက်ပုံ အလေ့အထများ နှင့် စီးပွားရေးလုပ်ငန်းအားလုံး အခွင့်အရေးတပြေးညီ ရရှိရန်(level playing field) အတွက် စည်းရုံးလှုံ့ဆော်ခြင်း (advocacy) တို့နှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှန်းများအပေါ် ကျွန်ုပ်တို့၏ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ ပွင့်လင်းမှုရှိသော ဒီမိုကရေစီခရီး အတွက် အထောက်အကူပြုသည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် မြန်မာပြည်သူများအတွက် ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါသည်။ လက်ရှိအခြေအနေအား ဖြေရှင်းနိုင်ရန် ဆွေးနွေးညှိနှိုင်းမှု နှင့် ပြန်လည်ပေါင်းစည်းရေး တို့ကိုအခြေခံသော ပြည်သူ့ဆန္ဒ၊ အကျိုးစီးပွား နှင့်ကိုက်ညီသည့် အဖြေအား အလျင်အမြန် ရရှိရန် မျှော်လင့်ပါသည်။

လက်မှတ်ရေးထိုးသူများ

Acteus adidas Amer Sports
Artelia Asian Research Institute for Environmental Affairs (ARIEL) Pty Ltd ATALIAN Global Services Myanmar
Audaxia Global Audier & Partners Beiersdorf
Being (Myanmar) BESTSELLER Big Dutchman Myanmar
Bolloré Logistics CANAL+ Carlsberg
CastGlobal Consulting (Myanmar) Co Ltd Coca-Cola Myanmar Daizen Myanmar
De Heus Denso Industry Yangon Ltd DSV Air & Sea
EastWest Seeds Emerging Markets Investment Advisers Pte Ltd ENI
Ericsson Group Facebook Fresh Studio
Frontiir GIC Myanmar Co Ltd Gojo & Company, Inc
Golden Dowa Eco-System Myanmar H&M Group HEINEKEN
Hirokei Myanmar Systems Co Ltd (HIMS) Hongo Tsuji Tax & Accounting Myanmar Co Ltd Humology
Japan Create Engineering Co Ltd Japan Valuers (Myanmar) Co Ltd Jotun Myanmar
Kantar Myanmar KappAhl Kelvin Chia Yangon Ltd
Kubota Myanmar Co Ltd LEOPALACE21 LITHAN
L’Oréal Maersk MDF Asia Myanmar
Meranti Steel METRO Mintha Care Co Ltd (Bioderma)
Monkiri MPRL E&P Pte Ltd. Nestlé
Nishimura & Asahi Myanmar Ltd Ooredoo Otsuka Myanmar Co Ltd
PERM Rice Schenker Myanmar Co Ltd
SCS Global Consulting Myanmar Ltd Telenor TNY Legal Myanmar Co Ltd
TOTAL Unilever Unocal Myanmar (Chevron)
Woodside Yara
Zuellig Pharma

မြန်မာကုမ္ပဏီများအနေဖြင့်ကျွန်ုပ်တို့သည်ဤထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည့်စိုးရိမ်မှုများနှင့်အပြန်အလှန်ဆက်စပ်နေသည်။ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကိုလေးစားခြင်းအားဖြင့်ကျွန်ုပ်တို့၏ ၀ န်ထမ်းများ၏ လုံခြုံရေးနှင့်မြန်မာပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော ၀န်ဆောင်မှုများကို သေချာစေရန် ကျွန်ုပ်တို့၏ လုပ်ငန်းများကို လိုက်လျောညီထွေဖြစ်အောင်ကြိုးပမ်းခဲ့သည်။ ကျွန်ုပ်တို့သည် စီးပွားရေးလုပ်ငန်းများကို တာဝန်ယူမှုရှိစွာဖြင့်သမာဓိရှိစွာ၊ အပြည်ပြည်ဆိုင်ရာစီးပွားရေးနှင့်လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်အညီလုပ်ဆောင်ရန်ကတိက ၀ တ်ပြုထားပါသည်။

360ed (EdTech) ABC Beauty Co Ltd ABC Content Solutions Co Ltd
ABC Convenience Stores ABC Development Co Ltd ABC Fashion Co Ltd
ABC Logistic Co Ltd ABC Medical Solution Co Ltd ABC Mobile Co Ltd
ABC Telecomm Co Ltd ACP Management Co Ltd (Ascent Capital) Agriculture & Food Services International Myanmar (AFSIM) Co Ltd
alba Group All Myanmar Advisors Alpha Power Engineering
Amata Holding Public Co Ltd Amiways ANNAM Myanmar Co Ltd
Anthem Asia Arakan Nature Lodge Co Ltd Ayeyarwaddy Seeds & Irrigation Co Ltd
Better HR Better Life Education & Career Supporting Centre Better Version Institute
BOD Tech Ventures Co Ltd Botanical Cosmetics Co Ltd Bridge
Bumble Bee Professional Cleaning Service Burgundy Hills Burma Watches
C-ACTO Myanmar Co Ltd CCEducare Myanmar CityMart Holdings Ltd (CMHL)
Clean Pro Professional Cleaning Company Conyat Create Cube Digital
D2D Co Ltd (Zay2Go) Dagon Group of Companies DedaaBox
Doh Eain Doughnut Group Co Ltd Early Dawn Microfinance
EcoStart Myanmar Co Ltd Edify ERA Myanmar
Ever Flow River Group Public Co Ltd EXO Travel Ever Sunny Industrial Co Ltd
Exploration Travel Myanmar First Myanmar Investment (FMI) Flymya.com
Focus Asia Myanmar Frontier Myanmar Get All Myanmar Co Ltd
Global Sky Services Ltd Global Wave Technology Global United Myanmar Ltd
Greenovator Co Ltd Green & Partners Architects Hana Microfinance
HEKS/EPER Myanmar Ltd H.I.S Myanmar Travels Hla Day Myanmar
Howe Sustainable IGE Group IME Group
IMPACT Co Ltd Information Matrix Inle Heritage Co Ltd
Inle Princess Co Ltd Innoveller Co Ltd (MMBUSTICKET) Inspiral Creative
International Leadership University Javelin Services Jewel Palace Trading Co Ltd
JM Company Ltd JobNet Myanmar JP & MM Bridge Material Co Ltd
Kalaw Vista Bed & Breakfast Kasante KBZ Bank
KFC Myanmar K Global Co Ltd KMD Co Ltd
Legacy Music Network Co L-IFT (Myanmar) Co Ltd Linklusion
Lucy Wayne & Associates Luther Myanmar Maha Agriculture Public Co Ltd
Mahar Mobile App Maia Travel & Tours Mango Group
MAPCO Mee Panyar Memories Group
Mickey’s Real Wood Microfinance Delta International Co Ltd Mira Travels & Enterprises Ltd
MODULAR - Myanmar Home Design Ltd Monsoon Restaurant and Bar Moonji Production
M Pride Co Ltd Mr Chef & Pizzamaru Myanmar MultiVerse Advertising
MVC Accounting Mya Ayer Group Myanma Awba Group
Myanmar B2B Management Magazine The Myanmar Fly Fishing Project Co Ltd Gty Myanmar Indobest Co Ltd
Myanmar Parkview Tours Ltd Myanmar Polestar DMC & MICE Management Myanmar Shalom Travels
Myanmar Survey Research Myan Shwe Pyi Tractors Ltd (MSP CAT) My Mentor Myanmar
Nexlabs OnDoctor Co Ltd Organic Valley
Pacific Andaman (SEA) Co., Ltd. Parami Energy Group including 8484 Co Ltd. Pegu Partners
The Pink Sun Platform Pochi
Pro Niti Co Ltd Proven Group Proximity Designs
Pun Hlaing Hospitals Red House Bar & Restaraurant Ltd (Kalaw) Sampan Travel
Sanctum Inle Resort SCM Legal Seagram Myanmar
Shwe Bank ShweProperty Sin Sar Bar
SITHAR Coffee Smart Way Travel Strategy First Education Group Ltd.
Sushi Academy Thibi ThitsaWorks
TMW Group of Companies The Tokyo Enterprise Co Ltd Top HR Solutions
Tour Mandalay uab bank uab securities
Uncharted Horizons Vero Public Relations Victoria Hospital
Virya Myanmar The Warehouse Myanmar Co Ltd The Water Agency
Wave Money Yangon Door2Door Yangoods
Yever YKKO Yoma Bank
Yoma Group Zingo Myanmar (Guava Ventures Ltd)  

 

အဆိုပါကြေငြာချက်ကို EuroCham Myanmar ကထောက်ခံခဲ့ပြီး အခြားအပြည်ပြည်ဆိုင်ရာကုန်သည်များအသင်းများကအဖွဲ့ဝင်များသို့ဖြန့်ဝေခဲ့သည်။

သတင်းစဉ်

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးမှာ ဘာတွေကျန်ခဲ့လဲ။

2024 ခုနှစ် စက်တင်ဘာလ 16 ရက်နေ့တွင်၊ MCRB ဒါရိုက်တာ Vicky Bowman သည် Stimson Center မှ Pamela Kennedy မှ 2021 ခုနှစ် ဖေဖော်ဝါရီလ 1 ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးတွင် ဖြစ်ပျက်ခဲ့သည့်အရာများနှင့် အနာဂတ်အတွက် အလားအလာများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

© 2013-2024 Myanmar Centre for Responsible Business