ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် MCRB နှင့် Peace Nexus တို့၏ ပူးတွဲစီစဉ်မှုဖြင့် ကုမ္ပဏီများ၊ သံရုံးများ၊ နိုင်ငံတကာအေဂျင်စီများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် နှင့် NGO များမှ ၂၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး VPSHR အတွက် Pilot အနေဖြင့် ပြည်တွင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အလားအလာရှိသော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းနိုင်ရန်နှင့် ၎င်းအတွက် ဖြစ်နိုင်ခြေ လုပ်ငန်းစဉ်များ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြေများကို ဆွေးနွေးခဲ့ကြပါသည်။
၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံကို အလားအလာရှိသော ကနဦးစမ်းသပ်ဆဲအဆင့် နိုင်ငံ သုံးနိုင်ငံတွင် တစ်နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါသည်။
အကြံပေးအဖြစ်ဆောင်ရွက်သူ David Nyheimသည် လေ့လာဆန်းစစ်ခြင်း၏ တစိတ်တပိုင်းအဖြစ် ပတ်သက်ဆက်နွယ်သူများနှင့် ဆွေးနွေးခြင်းကို ၁၀ ရက်ကြာ အင်တာဗျူးများ ဆောင်ရွက်ခဲ့ပါသည်။
ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ (VPSHR) သည် နယ်ပယ်အစုံမှ ပတ်သက်ဆက်နွယ်သူများပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ ကနဦးဆောင်ရွက်မှုကို ၂၀၀၀ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ဒီဇိုင်းရေးဆွဲထားပြီး၊ လုပ်ငန်းလည်ပတ်နေသည့် နေရာများ၌ ဘေးအန္တရယ်နှင့် လုံခြုံရေးဆိုင်ရာများကို ထိန်းသိမ်းရန် အားပေးထားသည့် မူဘောင်လည်း ဖြစ်ပါသည်။
VPs သည် ကုမ္ပဏီများ၊ အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရတို့ အတူတကွ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
ဤပဏမစတင်မှုသည် ပြည်သူ့လုံခြုံရေးနှင့် ပုဂ္ဂလိက လုံခြုံရေးတို့မှ တွင်းထွက်တူးဖော်ရေးလုပ်ငန်းများအနီးရှိ ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်နိုင်ခြေရှိသည့် အန္တရာယ်များကို လျာ့ချရန်နှင့် ဖြေရှင်းနိုင်သည့် လုပ်ငန်းများကို ရှာဖွေဖော်ထုတ်ရေးအတွက် ကြိုတင်စီမံထားရှိမှုတစ်ခုဖြစ်ပါသည်။
VPSHR ထဲတွင် ဖော်ပြထားသည့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ပေးထားသည့် နည်းလမ်းများသည် ကုမ္ပဏီများ၊ ၎င်းတို့၏ဝန်ထမ်းများ၊ တဆင့်ခံလုပ်ကိုင်သူများအနေဖြင့် ထို အခြေခံမူများကို အသုံးပြုနိုင်ရန် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။
မြန်မာနိုင်ငံတွင် ရှိနေသည့် (သို့မဟုတ်) စိတ်ဝင်စားမှုရှိသည့် အချို့သောVPs ၏ အဖွဲ့ဝင် ကုမ္ပဏီများမှာ TOTAL, Shell, Chevron, Woodside, PanAust နှင့် Freeport တို့ ဖြစ်ကြပါသည်။
VPSHR ကို တွင်းထွက် သယံဇာတ ကဏ္ဍအတွက် အထူးရည်ရွယ်ပြီး ဒီဇိုင်းလုပ်ထားသော်လည်း ၎င်းကို ထိုထက်ပို၍ ကျယ်ပြန့်စွာ အသုံးချနိုင်ပါသည်။ VPs အခြေခံမူများမှာ ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍရေးကော်ပိုရေးရှင်း (IFC) မှ လုပ်ဆောင်ထားသည့် Good Practice Handbook on Use if Security Forces လက်စွဲစာအုပ်တွင်ပါရှိသည့် အန္တရာယ်နှင့် သက်ရောက်မှုများအား စီမံခန့်ခွဲခြင်းနှင့် အကဲဖြတ်ခြင်း (၂၀၁၇ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့ပါသည်) များအား ထည့်သွင်း ပေါင်းစပ်ထားခြင်းဖြစ်ပြီး ၎င်းမှာ လုပ်ဆောင်မှုစံသတ်မှတ်ချက်(၄) ကို အကောင်အထည်ဖော်ရန် ထောက်ပံ့ပေးထားပြီး
ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှပ်နှံမှုများအတွက် ရပ်ရွာအသိုင်းအဝိုင်း၏ ကျန်းမာရေး၊ ဘေးအန္တရယ်ကင်းရှင်းရေးနှင့် လုံခြုံရေးများအတွက် ဆက်စပ်မှု ရှိပါသည်။
MCRB မှ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေခဲ့သော ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍရှိသက်ရောက်မှုများ အားလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာတွင် ကုမ္ပဏီများအတွက် လက်တွေ့ ဥပမာကောင်းများအနေဖြင့် VPs ကိုအခြေခံ အသုံးပြု၍ စီမံခန့်ခွဲခြင်း၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ ပစ္စည်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ လုံခြုံရေးဝန်ဆောင်မှုပေးသူများကို ဆန်းစစ်ခြင်းတို့အပြင် လုံခြုံရေးနှင့် ပတ်သက်သော အကြောင်းအရာများအပေါ် သက်ဆိုင်ရာ အာဏပိုင်များဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဥပမာကောင်းအနေဖြင့် သတ်မှတ် ဖော်ပြခဲ့ပါသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍာ၏ သက်ရောက်မှုများကို လေ့လာဆန်းစစ်ခြင်းနှင့် ထွက်ရှိလာမည့် သတ္တုတွင်းကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (မတ်လ ၈ ရက်နေ့တွင် ထုတ်ဝေခဲ့သည်) နှစ်ခုစလုံးတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း(EIA) နှင့် ကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်များ (ESMS) လုပ်ငန်းစဉ်များ ထဲတွင် လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်အား VPs ကို အခြေခံအသုံးပြု၍ ထည့်သွင်းရန်နှင့် ၎င်းတို့ကို အစိုးရမှ ပါမစ်များနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေစာချုပ်တွင် ထင့်သွင်းသင့်ကြောင်းအကြံပြုထားပါသည်။
ဆက်စပ်သော အကြောင်းအရာ
- Members of the Myanmar VPSHR Steering Committee meet the Deputy Home Minister
- “ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ” အလုပ်ရုံဆွေးနွေးပွဲတွင် သတ္တုတွင်းလုပ်ငန်းများအတွင်း ကုမ္ပဏီနှင့် ရပ်ရွာအသိုင်းအဝိုင်းကြား ပဋိပက္ခများဖြစ်ပွားလာစေနိုင်သည့် တွန်းအားများနှင့်ပတ်သက်သော စိုးရိမ်ချက်များကို အရ
- ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ (VPSHR)နှင့် စပ်လျဉ်း၍ အသိအမြင်များ မြှင့်တင်ပေးခြင်း ဆွေးနွေးပွဲကို ရန်ကုန်နှင့် နေပြည်တော် တွင် ကျင်းပခဲ့
- ပထမဦးဆုံးအကြိမ် VPSHRs ဆိုင်ရာ ပြည်တွင်းလုပ်ငန်းအဖွဲ့၏ ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ
Share:

