၂၀၁၉ ပွင့်သစ်စ ၊ မြန်မာရှိ စီးပွားရေးလုပ်ငန်းများ၏ပွင့်လင်းမြင်သာမှု အစီရင်ခံစာ ထုတ်ပြန် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ၂၀၁၉ ပွင့်သစ်စ ၊ မြန်မာရှိ စီးပွားရေးလုပ်ငန်းများ၏ပွင့်လင်းမြင်သာမှု အစီရင်ခံစာ ထုတ်ပြန်

၂၀၁၉ ပွင့်သစ်စ ၊ မြန်မာရှိ စီးပွားရေးလုပ်ငန်းများ၏ပွင့်လင်းမြင်သာမှု အစီရင်ခံစာ ထုတ်ပြန်


မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် ပဉ္စမ အကြိမ်မြောက် ပွင့်သစ်စ အစီရင်ခံစာ၊ မြန်မာရှိ စီးပွားရေးလုပ်ငန်းများ၏ပွင့်လင်းမြင်သာမှု အစီရင်ခံစာကို ယနေ့တွင် ထုတ်ပြန်လိုက် သည်။ ယခုနှစ်တွင်လည်း စီးပွားရေး အတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်သည့် Yeverနှင့်ပင်တွဲ ဖက်လုပ်ကိုင် ခဲ့ရာ Yeverက အစီရင်ခံစာအတွက် အခကြေးငွေ မယူဘဲ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

2019 Pwint Thit Sa Report (English)
Document PDF, 8121 downloads, ဧပြီ 30, 2019

၂၀၁၉ ပွင့်သစ်စတွင် မြန်မာစီးပွားရေးလုပ်ငန်းပေါင်း ၂၄၈ ခု၏ ဝဘ်ဆိုဒ်များကို လေ့လာအကဲဖြတ်ထားပါသည်။ ၎င်းတွင် စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီ ငါးခု၊ အများပိုင် ကုမ္ပဏီ ၅၅ခု နှင့် ပုဂ္ဂလိကပိုင် ထင်ရှားသော ကုမ္ပဏီ ၁၆၀ ပါဝင်သည်။ အစိုးရပိုင် လုပ်ငန်း ၂၈ခု လည်း ပထမဆုံးအကြိမ် အဖြစ် ပါဝင်သည်။ ၎င်း အချက်က ၂၀၁၉ ပွင့်သစ်စ အစီရင်ခံစာကို  စီးပွားရေးလုပ်ငန်းဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် ပတ်သက်ပြီး ရည်မှန်းချက် အမြင့်ဆုံး အများပြည်သူဆိုင်ရာ အစီရင်ခံစာဖြစ်စေပါသည်။ အစီရင်ခံစာသည်   မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက် ၂၀၁၈ ၏ ရည်ရွယ်ချက်များကို အထောက်အကူပြုစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်SDG (အထူးသဖြင့် SDG16) အောင်မြင်စေရန်အတွက် အထောက်အကူဖြစ်စေရန် ရည် ရွယ်သည်။

၂၀၁၉ ပွင့်သစ်စ အစီရင်ခံစာ စစ်တမ်းဆောင်ပုံနည်းလမ်းသည် ၂၀၁၈ ကနည်းလမ်းကိုပင် ဆက်လက်အသုံးပြု ထားပါသည်။ ကုမ္ပဏီများ၏ဝဘ်ဆိုဒ်ပေါ်တွင် ဖော်ပြထားသော သတင်းအချက်အလက်များကိုသာ အမှတ်ပေးထားပြီး ကော်ပိုရိတ် အကြောင်းအရာ၊ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံ၊ ရေရှည်တည်တဲ့ခိုင်မြဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် အစီရင်ခံခြင်းတို့ကို အာဆီယံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ရမှတ်မှတ်တမ်း စံသတ်မှတ်ချက်များနှင့် တိုင်းတာ အကဲဖြတ် အမှတ်ပေးထားသည်။ MCRB နှင့် Yeverတို့သည် ၂၀၁၉အစီရင်ခံစာတွင် ရေရှည်တည်တံ့ ခိုင်မြဲမှုဆိုင်ရာ  စီမံခန့်ခွဲခြင်းနှင့် ပတ်သက်သော စွမ်းဆောင်ရည်ကို အမှတ်ပိုပေးထားပါသည်။ ၂၀၁၉ ပွင့်သစ်၏ အသေးစိတ်အချက်အလက်များရရှိနိုင်ပါသည်။

၂၀၁၉ပွင့်သစ်စတွင် ရမှတ်အများဆုံးရရှိသည့် ကုမ္ပဏီများမှာ City Mart Holdings (CMHL)၊ First Myanmar Investment (FMI)Max Myanmar နှင့် Shwe Taung တို့ဖြစ်သည်။ ထုတ်ဝေခဲ့ပြီးသော အစီရင်ခံစာများတွင် ထိုကုမ္ပဏီများသာ ထိပ်တန်း (၁၀)တွင် ရပ်တည်နေသည်ကိုတွေ့ရသလို ၂၀၁၉ တွင်လည်း ၎င်းတို့၏ ထုတ်ဖော်တင်ပြမှုများမှာ ဆက်လက် တိုးတက်နေသည်ကို တွေ့ရသည်။

ရမှတ်မြင့်မားသည့် အခြားကုမ္ပဏီများမှာ   United Amara Bank, Grand Guardian Insurance, Myanmar Thilawa SEZ Holdings, Dagon Group, Myan Shwe Pyi Tractors Ltd နှင့်  AYA Bank တို့ဖြစ်သည်။

အစိုးရပိုင် လုပ်ငန်းများတွင်ရမှတ်အများဆုံးမှာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်  နှင့် ရန်ကုန်လျှပ်စစ်ဓတ်အားပေး ကော်ပိုရေးရှင် တို့ဖြစ်ပြီး ၎င်းတို့နှစ်ခု တည်းသာ ပျမ်းမျှရမှတ် ငါး ရာခိုင်နှုန်းအထက်ရရှိထားသည်။

အကဲဖြတ်ခဲ့သည့် လုပ်ငန်းများတွင် ကော်ပိုရိတ်ဝဘ်ဆိုဒ်ပင်မရှိသည့် လုပ်ငန်း များ ကိုတွေ့ရသည်။ (၂၄၈ခုအနက် ၁၀၈ခု သို့မဟုတ် ၄၄ ရခိုင်နှုန်း) ။ ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင် ကိုမ္ပဏီငါးခုက ပျမ်းမျှအမှတ် ၃၂ရာခိုင်နှုန်း ရရှိသည်။

ထို့အပြင် အဂတိလိုက်စားမှု၊ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်ခြင်းနှင့်အကျိုးအမြတ်ပိုင်ဆိုင်မှုစသည့်  ကော်ပိုရိတ်စီမံအုပ်ချုပ်နှင့် သက်ဆိုင်သည့် လက်ရှိဖြစ်ပေါ်နေသော စည်းမျဉ်းဆိုင်ရာ လိုအပ်ချက်များကိုပါ မီးမောင်းထိုးပြထားသည်။ ပွင့်သစ် ၂၀၁၉တွင်လည်း ကုမ္ပဏီများ၊အစိုးရနှင့် အခြား ဆက်နွယ်ပတ်သက်သူများအတွက် အကြံပြုချက်များကိုထည့်သွင်းဖော်ပြထားပါသည်။

MCRB နှင့် Yeverသည် လာမည့်၂၀၂၀ ပွင့်သစ်စကို တစ်နှစ်လုံးအချိန်ယူလုပ်ကိုင်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းမှ ထုတ်ပြန်ရည် ရည်ရွယ်ထားသည်။


In the Media:

2019 Pwint Thit Sa Report2019 Pwint Thit Sa Report
2019 Pwint Thit Sa Report2019 Pwint Thit Sa Report

Presentation from Launch Event:

Publication of the 2019 Pwint Thit Sa Report

© 2024 Myanmar Centre for Responsible Business