အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှအကြံပြုချက်များ ပေးပို့ခြင်း

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ မြန်မာနိုင်ငံ အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓါတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများအား လျှော့ချခြင်းဆိုင်ရာ လေ့လာစိစစ်ခြင်းအတွက် အကြံပြုလွှာပေးပို့ခြင်း (အောက်တွင် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးလုံးကြည့်ရှုနိုင်ပါသည်)
ယခုအကြံပြုချက်များကို မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှရေးသား ပေးပို့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏အကြံပြုချက်များမှာ တနင်္သာရီတိုင်းဒေသကြီးရှိ ဆီအုန်းစိုက်ခင်း (၁၇)ခင်း တွင် ၂၀၁၇ ခုနစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ကွင်းဆင်းသုသေတနပြုလုပ်၍ တွေ့ရှိချက်များကို အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။ ယင်းမှာ ကဏ္ဍအလိုက် သက်ရောက်မှုများအားဆန်းစစ်လေ့လာခြင်း (SWIA)၏ အစိတ်အပိုင်းတစ်ခုလဲဖြစ်ပြီး ၎င်းအစီရင်ခံစာကို ၂၀၁၉ ခုနစ်တွင် ထုတ်ဝေသွားမည်ဖြစ်ပါသည်။ စိုက်ခင်းများ တွင် အလုပ်လုပ်ကိုင်နေသည့် မန်နေဂျာများနှင့် အလုပ်သမား ၁၀၀ ကျော်နှင့်လည်း တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ သည်သာမက သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများ၊ ဒေသခံအာဏာပိုင်များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများလည်း တွေ့ဆုံမေးမြန်းခဲ့သည်။ Fauna and Flora International (FFI) ၏ ကွင်းဆင်းလေ့လာမှုများမှ တွေ့ရှိချက်များကို ကောက်နှုတ်၍ ရေးသားထားခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် PRIMEAgri နှင့်အတူ ၂၀၁၆ ခုနစ် နိုဝင်ဘာလတွင် “မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး စားသောက်ထွက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တာဝန်ယူမှု ရှိသော ကုန်ကြမ်းထုတ်လုပ်ဝယ်ယူသုံးစွဲမှုများဆီသို့” ခေါင်းစဉ်ဖြင့် နေပြည်တော်တွင် ကျင်းပခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲမှ တွေ့ရှိချက်များလည်းပါဝင်ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိပတ်သက် ဆက်နွယ် သူများ၊ စားသောက်ကုန်များဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စံချိန်စံနှုန်းများကို လုပ်ဆောင် နေသည့် အဖွဲ့အစည်း များဖြစ်သည့် GLOBALG.A.P., Fairtrade, FSSC22000 နှင့် the Global Food Safety Initiative (GFSI)မှ အပြည်ပြည်ဆိုင်ရာမှာပညာရှင်များ အပါအဝင် လူပေါင်း (၇၀)ကျော် တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသည် အဓိက စိုက်ပျိုးရေးထွက်ကုန်များထုတ်လုပ်ခြင်း၊ ရိတ်သိမ်းခြင်းနှင့် အစားအသောက် ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေး စားသောက်ထွက်ကုန်များ ဘေးအန္တရာယ်ကင်းရင်းရေးနှင့် တာဝန်ယူမှုရှိသော ကုန်ကြမ်းထုတ်လုပ် ဝယ်ယူ သုံးစွဲမှုများကို မည်သို့မြှင့်တင်နိုင်သည်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ အရာရှိများ၊ လွှတ်တော်အမတ်များ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှပ်နှံသူများ၊ စားသုံးသူများ အခွင့်အရေးရရှိအောင် လုပ်ဆောင်နေ သည့် အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက် ပါတာနာများပါ တက်ရောက်ခဲ့သည်။ အောက်ဖော်ပြပါ အချက်အလက်များသည် အလုပ်ရုံဆွေးနွေးပွဲမှ ပညာရှင်များ ၏ ဆွေးနွေးချက်များ၊ တင်ပြချက်များကို အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး၊ သတင်းအချက်အလက် အပြည့်အစုံ ကို အလုပ်ရုံ ဆွေးနွေးပွဲ အစီရင်ခံစာတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
ကျွန်ပ်တို့ MCRBမှ စဉ်ဆက်မပြတ်လုပ်ကိုင်နေသော ကဏ္ဍအမျိုးမျိုးကို အခြေခံ၍ လူကြီးမင်းတို့ကော်မတီမှ သိရှိလိုသည့် မေးခွန်းကိုများကို အောက်ဖော်ပြပါအတိုင်း ပြန်လည်ဖြေကြားလိုပါသည်။
-
တည်ဆဲဥပဒေများဖြစ်သည့် ပိုးသတ်ဆေး ဥပဒေနှင့် အခြားသောဥပဒေများ (အောက်တွင်ရှု့) ကို အသက်ဝင် အောင်ပိုမိုလုပ်ဆောင် သင့်သည်။
-
စိုက်ပျိုးလုပ်ငန်းတွင် ရင်းနှီးမြှပ်နှံမှုများ၊ ခွင့်ပြုချက်လိုင်စင်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းကို စောင့်ကြပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းလာ အောင် လုပ်ဆာင်သင့်သည်။
-
စိုက်ခင်းမန်နေဂျာများ၊ အလုပ်သမားများ၊ အသေးစားစိုက်ပျိုးရေးသမားများနှင့် လယ်သမားများကို စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတုပစ္စည်းများအသုံးပြုပုံနှင့် ပတ်သက်၍ အမြင်ဖွင့်သင်တန်းများပိုမို ပို့ချသင့်သည်။ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်း နှစ်ရပ်လုံးတွင် တာဝန်ရှိသည်။
-
မန်မာနိုင်ငံသည် ပြည်ပပို့ကုန်ဈေးကွက်ကို လက်လှမ်းမှီရန်နှင့် မြန်မာနိုင်ငံရှိစားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် လယ်သမားများ၊ စိုက်ပျိုးသူများကိုယ်တိုင် GlobalGAP ကဲ့သို့ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ၊ စံချိန်စံနှုန်းများနှင့် အကျွမ်းတဝင်ရှိသင့်သည်။
MCRB သည် ယခုလို လူကြီးမင်းတို့ကော်မတီမှ ဦးဆောင်၍ လေ့လာစိစစ်ခြင်းလုပ်ငန်း လုပ်ဆောင်ခြင်းနှင့် ပက်သက် ဆက်နွယ်သူများမှ အကြံပြုချက်များလက်ခံခြင်းအပေါ် အလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါသည်။
Share:
