သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ပါဝင်ပတ်သက်သူများ၏ အစည်းအဝေးကျင်းပ

ဖေဖော်ဝါရီလ (၁၉) ရက်တွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကုမ္ပဏီအချို့၊ အရပ်ဖက်လူ့အဖွဲ့အစည်း၊ အစိုးရနှင့် အစိုးရမဟုတ်သောနိုင်ငံတကာ အဖွဲ့အစည်းများအပါအ၀င် သီလ၀ါ အထူးစီးပွားရေးဇုန်အပိုင်း (၁) စီမံကိန်းတွင်ပါဝင်သည့် တသီးပုဂ္ဂလ ပုဂ္ဂိုလ်များလည်း ပါဝင်သော အစည်းအဝေးတစ်ခုကို မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB ) ကကျင်းပခဲ့သည်။ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စကားဝိုင်းမျာအတွက် ကြားနေ၍ လွတ်လပ်သော အခင်းအကျင်းတစ်ခု ထောက်ပံ့ရန်နှင့် နိုင်ငံတကာ စံနှုန်းများကိုသိရှိလာစေပြီး လက်တွေ့ကျင့်သုံးနိုင်ရေး အားပေးရန်ဖြစ်သော (MCRB )၏ လုပ်ငန်းလမ်းညွှန်များ နှင့်အညီ စီမံကိန်းတွင်ပါဝင်သူများ၏တောင်းဆိုမှုအရ အစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်အဝေးကို သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ကိုယ်စားလှယ်များ၊ မြန်မာ-ဂျပန် သီလ၀ါ ဖွံ့ဖြိုးရေးကုမ္ပဏီ၊ ပေါင်းကူး၊ Earthrights International၊ (ကျောက်တန်းအခြေစိုက်လူမှုအဖွဲ့အစည်းဖြစ် သည့်) ရွှေမှော်ဝန်း၊ International Alert ၊ International Physicians for Human Rights၊ ဂျိုက်ကာ မှ ကျွမ်းကျင်သူများအဖွဲ့/ နိပွန်ကိုအိ၊ TWA Consultancy၊ Social Clarity နှင့် Reeman Consulting တို့မှ တက် ရောက်ခဲ့သည်။
ထို့အပြင် ဒေသခံဘာသာရေးခေါင်းဆောင် ဆရာတော်ဦးစန္ဒာဝရ ကြွရောက်ချီးမြှင့်ခဲ့ရာ အစည်းအဝေးမှာ ဂုဏ် ယူဖွယ်ရာ ဖြစ်ခဲ့ရပါသည်။ တက်ရောက်သူများကလည်း အထူးစီးပွားရေးဇုန်ကို နိုင်ငံတကာစံနှုန်းများအတိုင်း အောင်မြင်စွာ အကောင်ထည်ဖော်တည်ထောင်နိုင်ရေး၊ အထူးသဖြင့် ပြန်လည်နေရာချထားပေးရေးနှင့် စီမံကိန်း ကြောင့်ထိခိုက်ခံရသော ရပ်ရွာပြည်သူများ၏ထိခိုက်သက်ရောက်မှုများကို ဖြေရှင်းရေးဆိုင်ရာ ဘုံမျှော်မှန်းချက်၊ ရည်ရွယ်ချက်များကိုလည်း မျှဝေခဲ့ကြသည်။
ထို့အတူ သီလ၀ါ အထူးစီးပွားရေးဇုန်အပိုင်း (၁) စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသူများနှင့် ပတ်သက်၍ တက် ရောက်လာသူများက ၄င်းတို့၏ဦးစားပေးအချက်များ၊အစီအစဉ်များနှင့် စိုးရိမ်မှု (concerns) စသော သတင်း အချက်အလက်များကို မျှဝေခဲ့သည်။ TWA က ၂၀၁၄၊အောက်တိုဘာက ပြုလုပ်ခဲ့သည့် တတိယအဖွဲ့အစည်း အနေဖြင့် စောင့်ကြည့်လေ့လာစစ်တမ်းကောက်ယူမှု စစ်တမ်း၏ရလဒ်များ နှင့် ၂၀၁၃ ခုနှစ်က ကောက်ယူထား သည့် ကနဦးစစ်တမ်းကောက်ယူမှုမှရရှိသော အိမ်ထောင်စုဝင်ငွေများနှင့် အခြေအနေများကို နှိုင်းယှဉ်ပြီး တင်ပြခဲ့သည်။ ၄င်းအစီရင်ခံစာကို (http://myanmarthilawa.com) တွင် မကြာမီရရှိနိုင်ပါမည်။
ဂျိုက်ကာ မှ ကျွမ်းကျင်သူများအဖွဲ့က မူလ၀င်ငွေပြန်လည်ရရှိရေးအစီအစဉ်၏ ရေရှည်တည်မြဲသော အသက် မွေးဝမ်းကြောင်းနိုင်မှုနည်းလမ်းကို တင်ပြခဲ့သည်။ သီလ၀ါအထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှု ကော်မတီကလည်း ဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသောနောက်ဆုံးအခြေအနေကို တင်ပြရာ အစည်းအဝေးကျင်းပသည့် နေ့အထိ ကုမ္ပဏီ၃၅ခုက စိတ်ဝင်ကြောင်း ဖော်ပြကြပြီး၊ ၁၅ခုမှာ လုပ်ပိုင်ခွင့် ရရှိ နေပြီဖြစ်သည်။စက်ရုံနှစ်ခုမှာ စတင်တည်ဆောက်နေပြီ ဖြစ်သည်။ ဇုန်တွင် လက်ရှိလုပ်ကိုင်နေသူ အလုပ် သမားပေါင်း ၁၆၀၀ ရှိပြီး ၄င်းတို့အနက် ၁၀ဦးမှာ စီမံကိန်းကြောင့် ထိခိုက်ခံရသည့်အသိုင်းအ၀ိုင်းမှ လူများ ဖြစ်သည်။
မီးမောင်းထိုးပြနိုင်ခဲ့သော အကြောင်းအရာများမှာ …
- ဂျိုက်ကာ မှ ကျွမ်းကျင်သူများအဖွဲ့/ နိပွန်ကိုအိမှ ရပ်ရွာအသိုင်းအ၀ိုင်းနှင့် လုပ်ကိုင်ကြရသည့် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးတွေးရန် ဖော်ထုတ်ထားသော မူလ၀င်ငွေ ပြန်လည်ရရှိရေး အစီ အစဉ်ကို စီစဉ်ထားသည့်အတိုင်း လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး စီမံကိန်းကြောင့် ထိခိုက်မှုဖြစ်ခဲ့သော လူထုထံ ဖေဖော်ဝါရီ (၂၀)ရက်တွင် ပြန်လည်ရှင်းလင်းကာ တုန့်ပြန်အကြံပြုချက်များ တောင်းခံမည်ဖြစ်သည်။ ၄င်းအပိုင်းတွင်
* မှီခိုမှုကို လျော့ချနိုင်ရန်အတွက် အလုပ်လုပ်ရန် သို့မဟုတ် သင်တန်းတက်ရောက်ရန်ဟူသော လုပ်ဆောင်ရန် လိုအပ်ချက်များပါဝင်သော လူမှုရေးထောက်ပံ့မှုအစီအစဉ် တစ်ခု။ သို့သော် ၄င်းမှာ ထိခိုက်လွယ်သော မိသားစု များအတွက် မဖြစ်နို်င်ပါက ခြွင်းချက်ထားရှိနိုင်သည်။
* အသိုင်းအ၀ိုင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ထားသော ရန်ပုံငွေကို လက်လှမ်းမီရန် ။
* ထိခိုက်အလွယ်ဆုံး မိသားစုများကို ရည်ရွယ်ပြီး ထောက်ပံ့ပေးရန် တို့ပါဝင်သည်။
- သင့်တော်မည့် အလုပ်အကိုင်ရှာဖွေပေးမှုအထောက်အပံ့၊အရေးပေါ်ဖြေရှင်းဆောင်ရွက်နိုင်ရန်လိုအပ်မှု။
၎င်းတွင်
* အိမ်ထောင်စုအချို့ ၏ ဆိုးဝါးသော အကြွေးတင်မှု ပြဿနာ။
* မိုးရာသီတွင် ပြန်လည်နေရာချထားပေးသောနေရာများ၌ ဖြစ်ပေါ်လာသော ရေမြောင်း စနစ် ပြဿနာများ နှင့် ရေလွှမ်းမိုးမှုများကိုဖြေရှင်းရန် နိပွန်ကိုအိက လုပ်ကိုင်ထားသော အစီအစဉ်များ ပါဝင် သည်။
- ၀င်လာမည့် ရင်းနှီးမြှုပ်နှံသူများကို စီမံကိန်းကြောင့် ထိခိုက်မှုဖြစ်ခဲ့ရသော လူထုနှင့် ဒေသခံများကို ၄င်းတို့၏လုပ်ငန်းများ၌ အလုပ်ခန့်ထားရန်နှင့် ညှိနှိုင်းပေါင်းစပ်၍ ဒေသခံတို့၏လိုအပ်မှုနှင့်ကိုက်ညီသော ဒေသအတွက် ရပ်ရွာအသိုင်းအ၀ိုင်း၏ ရင်းနှီးမြှုပ်နှံမှုများကို ထည့်ဝင်ရန် သီလ၀ါအထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီ၏ တက်ကြွစွာတွန်းအားပေးမှုကလည်း အရေးကြီးသည်။
- ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေသည် ဤရည်မှန်းချက်ဆီသို့ ဦးတည်မောင်းနှင်ပေးမည့် ယာဉ်တစ်ခု ဖြစ်နိုင်ပါသည်။ ဆိပ်ကမ်းနှင့် သီလ၀ါ အထူးစီးပွားရေးဇုန်အပိုင်း-၂ တို့အပါအ၀င်
ဆောင်ရွက်ဆဲ(သို့) ဆောင်ရွက်ရန်လျာထားသော သီလ၀ါဧရိယာအတွင်းရှိ မတူညီသောစီမံကိန်းများ၌ ပွင့်လင်းမြင်သာမှုမရှိသော မြေယာသိမ်းဆည်းမှုများနှင့် လျော်ကြေးပေးမှုအလေ့အထ ကွာဟချက်များနှင့် ဆက်စပ်သည့် အန္တရာယ်များ။
- စီမံကိန်းကြောင့် ထိခိုက်ခံရသူများ၏ အသက်မွေးဝမ်းကြောင်းများကို မူလအတိုင်းပြန်လည်ရရှိအောင်၊ တိုး တက်လာအောင် လုပ်ဆောင်ပေးရန်အတွက် အလုပ်တွင်ပါဝင်သူများအားလုံး၏ ကောင်းမွန်သော စိတ်ခံယူ ချက်၊ ယုံကြည်ချက် ရှိရန်အရေးကြီးမှု။
- တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများ အပါအ၀င် အထူးစီးပွားရေးဇုန်အကြောင်း သတင်းအချက်အလက်များ ပိုမိုရရှိရန် အရပ်ဖက်လူ့အဖွဲ့အစည်းအပိုင်းမှ စိတ်ဆန္ဒရှိမှု ။
- ၁၉၉၆၊၉၇ ခုနှစ်များက ယခုစီးပွားရေးဇုန်နေရာတွင် မြေသိမ်းထားမှုများရှိခဲ့ရာ ၄င်းသမိုင်းဆိုင်ရာ ပြဿနာ များကို အသိမှတ်ပြုခြင်းကလည်း အရေးပါသည်။ ထို့ကြောင့်မြေပိုင်ဆိုင်မှုတွင် ရှုပ်ထွေးမှုများ ရှိနေရာ ၂၀၁၅ တွင် ဖြစ်ပေါ်လာသော စီမံကိန်းကြောင့် ထိခိုက်သည့်လူမှုအဖွဲ့အစည်း၏ မကျေနပ်မှုများသည် ၄င်းဖြစ်ရပ်များ နှင့် ဆက်စပ်မှုရှိသည်။ Earthrights က အစည်းအဝေးတွင် ၄င်းတို့၏ ဥပဒေပိုင်းဆိုင်ရာ လေ့လာသုံးသပ်မှုများ ကို မျှဝေခဲ့သည်။
- ဆွေးနွေးညှိနှိုင်းမှုနှင့် ထုတ်ဖော်ပြောကြားမှု၊ မူလ၀င်ငွေပြန်လည်ရရှိရေးအစီအစဉ်ပုံစံ၊ အထူးသဖြင့် အထိခိုက်ခံခဲ့ရဆုံးမိသားစုများ နှင့် မြူနီစီပယ် အလုပ်များ၊ ပြန်လည်နေရာချထားခံရသူများအပြင် အိမ်ရှင် ဒေသခံများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားခြင်းများအပါအ၀င် အပိုင်း(၁)ကိုနေရာချထားစဉ်က ရရှိသည့် သင်ခန်းစာများကိုလည်း လေ့လာရန်လိုအပ်သည်။ ထို့အပြင် အပိုင်း(၂)တွင် တက်တက်ကြွကြွ ပြန်လည်အသုံးချရန်လည်း လိုအပ်သည်။
ပါဝင်ပတ်သက်သူများ၏ ချိတ်ဆက်ညှိနှိုင်းဆွေးနွေးမှု စဉ်ဆက်မပြတ်ရှိနေခြင်း၏ တန်ဖိုးရှိမှုကို အစည်းအဝေး တွင် လက်ခံသဘောတူခဲ့သည်။ တက်ရောက်သောအဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် တက်ကြွစွာစိတ်ပါ ၀င်စားမှုရှိသော အခြားသူများနှင့်ဖွဲ့စည်းမည့် ပါဝင်ပတ်သက်သူများ၏ လွတ်လပ်သော အကြံပေး ကော်မတီဖွဲ့စည်းရန် အကြံပြု ပုံစံကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့သည်။ ၄င်း ကော်မတီကအထက်တွင် ဦးစားပေး ဖော်ပြခဲ့သောကိစ္စများအတွက် အထူးသဖြင့် အခြားလမ်းကြောင်းဖြင့် ဖြေရှင်းရန်ခက်ခဲသော ပြဿနာများတွင် ပိုမိုနက်နဲသော စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် သီလ၀ါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီကိုလည်း အကြံဉာဏ်များ ပေးနိုင်မည်ဖြစ်သည်။
Earthrights International က ဒေသခံများနှင့် သင့်လျော်သော နစ်နာချက်ဖြေရှင်းရေး နည်းလမ်းပုံစံများကို ကူညီပေးနေပြီး အကြံပေးကော်မတီက ဒေသခံများပုံစံရေးဆွဲဖော်ထုတ်ထားသော ၄င်းနစ်နာချက် ဖြေရှင်းရေး ယန္တယားနှင့် အပြန်အလှန်ချတ်ဆက်ကာ ၄င်းအချက်များ ကို မည်သို့ဖြေရှင်းပေးသင့်သည် ဆိုသည်များကို အစည်းအဝေးတက်ရောက်သူများက ဆွေးနွေးခဲ့ကြသည်။
ပြန်လည်နေရာချထားရေးအစီအစဉ်ကို လွတ်လပ်စွာ စောင့်ကြည့်နိုင်မည့် ယုံကြည်စိတ်ချရသော တတိယ အဖွဲ့အစည်း ခန့်အပ်ထားခြင်းနှင့် ပတ်သက်ပြီး အခြားနိုင်ငံများက ကျင့်သုံးသည့် ပြန်လည်နေရာချထားရေး အစီအစဉ်များကိုလည်း အစည်းအဝေးတွင် မှတ်ချက်ပြုကြသည်။ (ဥပမာကို IFC Performance အဆင့်ငါး) တွင် ကြည့်နိုင်သည်။ အဆိုပါ ယုံကြည်စိတ်ချရသော တတိယ အဖွဲ့အစည်းသည် ပုံမှန်အားဖြင့် အကြံပေး ကော်မတီ အဖွဲ့ဝင်များဖြစ်သည်။
တက်ရောက်လာသူများက အဆိုပြုသည့် သက်ဆိုင်သူများပါဝင်သော အကြံပေးကော်မတီဖွဲ့စည်းရေးနှင့် စပ် လျဉ်းပြီး တစ်လအတွင်း အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရန် MCRB က ဆက်လက်လုပ်ဆောင်မည်ဖြစ် သည်။
ဆက်စပ်သော အကြောင်းအရာ
Share:
