မန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ဆီအုန်း ကဏ္ဍအတွက် တနင်္သာရီဒေသတွင် ကဏ္ဍအလိုက်သက်ရောက်မှုကို အသေးစား ဆန်းစစ်ခြင်း ပြုလုပ်မည်

ဆီအုန်းကဏ္ဍကြောင့် လူမှုရေးထိခိုက်မှုများကို အရပ်ဖက်အဖွဲ့အစည်းများ၏ စောင့် ကြပ်ကြည့်ရှခြင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုအပေါ် Fauna & Flora International’s (FFI)အဖွဲ့၏ သုတေသနပြုလုပ်ခြင်း နှင့် ဆီအုန်း စိုက်ခွင့်ရနေရာများကို One Map Myanmar (OMM)အဖွဲ့ ကမြေပုံပြုစုထားခြင်းတို့အပေါ် မူတည်ပြီး ပတ်ဝန်းကျင်၊ လူမှုဘဝနှင့် လု့အခွင့်အရးတို့အပေါ် အမှန်တကယ်သက်ရောက်မှုနှင့် သက်ရောက်နိုင်ဖွယ်ရှိမှုတို့ကို MCRB က လေ့လာဆန်းစစ်မှု ပြုလုပ်ရန် ရှိပါသည်။ တနင်္သာရီတိုင်းရှိ ဆီအုန်းကဏ္ဍအတွက် ကဏ္ဍအလိုက်သက်ရောက်မှုများအပေါ် လေ့လာဆန်းစစ်ခြင်း၏ ရည်မှန်းချက်မှာ ထိုကဏ္ဍအပေါ် ပိုမိုနားလည်စေရန်နှင့် ထိုကဏ္ဍတွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများက တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန် အလေ့အကျင့်များ ကျင့်သုံးစေရန် ဖြစ်သည်။
ကဏ္ဍအလိုက်သက်ရောက်မှုများအပေါ် လေ့လာဆန်းစစ်ခြင်းသည် ဆီအုန်းကဏ္ဍအတွက် အမှန်တကယ်သက်ရောက်မှုနှင့် သက်ရောက်နိုင်ဖွယ်ရှိ မှု ကောင်းကျိုးဆိုးပြစ်များကို မီးမောင်းထိုးပြပေးမည် ဖြစ်သည်။ ထို့အပြင် အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ နှင့် အခြားသော ဆက်နွယ်ပတ်သက်သူများအတွက်လည်း ကောင်းသော အကျိုးသက်ရောက်မှုများကို တိုးပွားစေပြီး ဆိုးသော သက်ရောက်မှုများကို လျော့ပါးမည့် အကြံပြုချက်များလည်း ထည့်သွင်းဖော်ပြမည် ဖြစ်သည်။ ၄င်းသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူ ပြုမည်ဖြစ်သည်။
ကဏ္ဍအလိုက်သက်ရောက်မှုများအပေါ် လေ့လာဆန်းစစ်ခြင်းတွင် ဆီအုန်းကဏ္ဍနှင့်ဆက်စပ်ပြီး ဥပဒေမူဘောင်များ၊ ဆက်နွယ်ပတ်သက်သူများနှင့် အင်တာဗျူးမေးမြန်းခြင်းများ၊ သုတေသနများနှင့် ကဏ္ဍမျိုးစုံမှ ဆက်နွယ်ပတ်သက်သူများပါဝင်သည့် တိုင်ပင်ဆွေးနွေးပွဲများ အကြောင်းလည်း ပါဝင်သည်။ လေ့လာမှုများအပေါ် အခြေခံပြီး နိုင်ငံတကာစံနှုန်းနှင့်အညီ အမူအကျင့်ကောင်းများ ပြုမူနိုင်ရန်အတွက် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရ၊ ဆီးအုန်းကုမ္ပဏီများနှင့် ၄င်းတို့၏ စားအုန်းဆီ ကိုသုံးစွဲသူများအပါအဝင် သက်ဆိုင်ရာ ဆက်နွယ်ပတ်သက်သူများ အတွက် အကြံပြုချက်များလည်း ပါဝင်မည်ဖြစ်သည်။
MCRBနှင့် မိဘအဖွဲ့အစည်းများ ဖြစ်ကြသော the Institute of Human Rights and Business (IHRB) နှင့် the Danish Institute for Human Rights (DIHR)တို့ ပူးပေါင်းပြီး မြန်မာ့စီးပွားရေး၏ ဖွံ့ဖြိုးလာသောကဏ္ဍများတွင် တာဝန်ယူမှုရှိသော အလေ့အကျင်ကောင်းများ ကျင့်သုံးနိုင်စေရန် ရည်ရွယ်ပြီး ကဏ္ဍအလိုက်သက်ရောက်မှုများအပေါ် လေ့လာဆန်းစစ်ခြင်း နည်းလမ်းကို ဖော်ထုတ်ထားပါသည်။ ကဏ္ဍအလိုက်သက်ရောက်မှုများအပေါ် လေ့လာဆန်းစစ်ခြင်းသည် ကဏ္ဍ၏ ကောင်းသော အကျိုးသက်ရောက်မှုများကို တိုးမြှင့်စေပြီး ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ရန် ရည်ရွယ်လေ့လာသည့် ဆန်းစစ်မှု ဖြစ်သည်။
ဌာနသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ(၂၀၁၄)၊ ခရီးသွားကဏ္ဍ (၂၀၁၅)၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ(၂၀၁၅)၊တို့ကို ကဏ္ဍအလိုက်သက်ရောက်မှုများအပေါ် လေ့လာဆန်းစစ်ခြင်းများပြုလုပ်ထုတ်ဝေထားပြီး ၂၀၁၇ဇူလိုင်တွင် သတ္ထုတွင်းကဏ္ဍအကြောင်းကို ထုတ်ဝေရန် ပြင်ဆင်နေပါသည်။
Share:

