ကဏ္ဍအလိုက်သက်ရောက်မှုများအားလေ့လာဆန်းစစ်ခြင်း စစ်တမ်းမေးခွန်းများ

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန(MCRB)က ကဏ္ဍအလိုက်သက်ရောက်မှုများ အားလေ့လာဆန်းစစ်ခြင်း သုတေသနများပြုလုပ်ရာတွင်အသုံးပြုရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှု များကို ဖော်ထုတ်ရာတွင် အထောက်အကူပြုနိုင်ရန် ကဏ္ဍအလိုက်သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း စစ်တမ်းမေးခွန်းလွှာသုံးခုကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် ပြုစုထားပါသည်။
၎င်းစစ်တမ်းမေးခွန်းများသည် ကဏ္ဍအားလုံးကို ခြုံငုံမိစေရန် ယေဘူယျပြင်ဆင်ထားပြီး ကုမ္ပဏီများနှင့် လူ့အဖွဲ့အစည်းများက ၄င်းတို့နှင့်တိုက်ရိုက်သက်ဆိုင်သော လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို ချင့်ချိန်ဆုံးဖြတ်ရာတွင် ရင်းမြစ်အဖြစ် အသုံးပြုနိုင်ရန် (MCRB)ကထုတ်ပြန်ခြင်း ဖြစ်ပါသည်။ ရေနံနှင့်သဘာဝ ဓတ်ငွေ့ကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် လုပ်ဆောင်ဆဲဖြစ်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍ တို့တွင် အသုံးပြုထားသောမေးခွန်းများကို ဖယ်ထားလိုက်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ဆောင်မှုများတွင် ဆက်စက်နေသော အဓိကကျသည့် လူ့အခွင့်အရေး ကိစ္စရပ်များကို မီးမောင်းထိုးပြထားသည့် အချက်အလက်အချုပ်ကို သုတေသီများက ပြုစုထားပါသည်။ ဥပမာ အလုပ်သမား၊ မြေယာ၊ အသက်မွေးဝမ်းကြောင်း၊ လုံခြုံစိတ်ချရမှု အစရှိသဖြင့်။ ၄င်းအချက်အလက်အချုပ်များ ကို မကြာမီ ဖော်ပြပေးမည်ဖြစ်ပါသည်။
ဆက်စပ်သော အကြောင်းအရာ
Share:
