မြေယာ၊ လူ့အခွင့်အရေး ခုခံကာကွယ်သူများနှင့် လူထုပါဝင်မှုတို့သည် ၂၀၁၆ခုနှစ်အတွက် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းပြဿနာသုံးခုဖြစ်သည်။
၂၀၁၆ခုနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းပြဿနာများမှာ မြေယာ၊ လူ့အခွင့်အရေးခုခံကာကွယ်သူများနှင့် လူထုပါဝင်မှုတို့ဖြစ်သည်ကို အကျိုးစီးပွား ပါဝင်ပတ် သက်သူများအား အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အွန်လိုင်းမှတဆင့် စစ်တမ်းကောက
မြေယာအရေးသည် စာရင်းတွင် ထိပ်တန်းမှဦးဆောင်နေသည်။ (၂၀၁၁) မတိုင်ခင်က စစ်အစိုးရက ချမှတ်ခဲ့သည့် ရှုပ်ထွေးသောအလေ့အထများကို ရင်ဆိုင်ကျော်လွှားနေရဆဲဖြစ်သည်။ ၄င်းအချိန်မှစပြီး ကြုံတွေ့ခဲ့ရသော (မြေယာဆိုင်ရာ) အကြမ်းဖက်မှုများကို ဖြေရှင်းပြီးဖြစ်သော်လည်း မဖြေရှင်းရသေး သောကိစ္စများလည်း ကျန်သေးသည်များရှိနေသေးသည်။ မြေယာ အသုံးချမှု မူဝါဒကလည်း မူကြမ်း အဆင့်သာရှိသေးသည်။ ဥပဒေအဖြစ်ချမှတ်ပြီးလျှင်ပင် ပြန်လည်သုံးသပ်ရန်နှင့် ဥပဒေသစ်များ ချမှတ်ရန် လိုအပ်နေသေးသည်။ ၄င်းဥပဒေသစ်များသည် ရှုပ်ထွေးပြီး ထိခိုက်လွယ်သော ဌာနေ တိုင်းရင်းသားများအရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာအရေးများ နှင့်ပတ်သက်ပြီး အုပ်ချုပ်ရေး ပိုင်းနှင့် အစိုးရပိုင်းမှ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။
ညှိနှိုင်းဆွေးနွေးမှု (consultations) များမှ ရရှိသည့်ထိပ်တန်း(၁၀) ချက်အနက် အရေးပါသောအချက် တစ်ခုမှာ လူ့အခွင့်အရေးဆိုင်ရာ ခုခံကာကွယ်သူများအရေးဖြစ်သည်။ ယခုနှစ်များအတွင်း လူ့အခွင့် အရေးဆိုင်ရာ ခုခံကာကွယ်သူများ၏ အခွင့်အရေးအခြေအနေ တိုးတက်လာသော်လည်း ၂၀၁၅ခုနှစ် အတွင်းတွင် အလုပ်သမားကိုယ်စားလှယ်များ၊ မြေသိမ်းခံလယ်သမားများ၏ ဆန္ဒပြမှုများ၊ ဆိုးကျိုး ရှိသော သတ္တုတွင်းတူးလုပ်ငန်းများကို ဆန့်ကျင်သည့်ဒေသခံ ခေါင်းဆောင်များနှင့် လူမှုကွန်ယက်
မီဒီယာများတွင် မိမိအမြင်ကို ငြိမ်းချမ်းစွာဖော်ထုတ်သူများကို အကြမ်းဖက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ကို တွေ့နေရသေးသဖြင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများက စိုးရိမ်ပူပန်မှုများ ရှိနေသေးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူ့အခွင့်အရေးကို ကာကွယ်ပြီး မတရားဖမ်းဆီး ချုပ်နှောင်မှု၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကို ထောင်သွင်းအကျဉ်းချမှုများမှ ကာကွယ်ပေးမည်ဟု ကတိပြုထားသည်။
လူထုပါဝင်မှုမှာ ၂၀၁၆အတွက် ထပ်တန်းအရေးပါမှုသုံးချက်တွင် နောက်ဆုံးအချက်ဖြစ်သည်။ ဒီမို ကရေစီရေးပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်လာသော ၂၀၁၂ခုနှစ်အတွင်းတွင် အနောက်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာသောအခါ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများသည် ဒေသခံပြည်သူ များနှင့် ထိတွေ့ဆက်ဆံခြင်း၊ လူထုညှိနှိုင်းဆွေးနွေးခြင်းများကို အဓိပ္ပယ်ပြည့်ဝအောင် ပြုလုပ်လာကြ သည်။ ၂၀၁၆တွင်မြန်မာနိုင်ငံသည် အပြောင်းအလဲအတွက် ခြေလှမ်းသစ်စနေသောအချိန်ဖြစ်ပြီး တာ ဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများတွင် လူထုပါဝင်မှုအားကောင်းလာစေရန်မှာ စိန်ခေါ်မှုရောအခွင့် အလမ်းပါရှိနေသည်။ ဥပမာအားဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုများအားဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်း (environmental impact assessment (EIA) procedures) မူကြမ်းရေးအရ လုပ်ငန်းစီးမံကိန်းများ တွင် သတင်းအချက်အလက်များလည်း မဖြစ်မနေပေးရမည့်အပြင် ဒေသခံပြည်သူများ နှင့်ထိတွေ့ ဆက်ဆံခြင်း (public engagement) ပြုလုပ်ရမည်ဖြစ်သည်။ သို့သော်လည်း ယခုအချိန်အထိ ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေ။ ဒေသခံများ၏ အကျိုးစီးပွားကို ဖွံ့ဖြိုးမှုနည်းဗျူဟာတွင် ထည့်သွင်း လုပ်ဆောင်ခြင်းရှိမရှိ၊ ကုမ္ပဏီများ၏တာဝန်ယူမှုရှိမရှိ စသည်တို့ကို စောင့်ကြည့်သောလုပ်ငန်းများ လုပ်ကိုင်နေသည့် အရပ်ဖက်လူ့အဖွဲ့အစည်းများကိုလည်း စောင့်ကြည့်နိုင်သည့် အရည်အသွေးများ ရှိလာအောင် ထောက်ပံ့ပေးရန်လိုအပ်သည်။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန(MCRB) ၏ တည်ထောင်သူ မိဘအဖွဲ့ အစည်းဖြစ်သော (Institute for Human Rights and Business-IHRB) ကကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းစစ်တမ်း ကောက်ယူခဲ့ပြီး မြန်မာ၊ကိုလံဘီယာနှင့် ကင်ညာနိုင်ငံတို့တွင်လည်း နိုင်ငံအလိုက် စစ်တမ်းများ ကောက်ယူခဲ့သည်။ ၄င်းစစ်တမ်းကလာမည့် ၂၀၁၆ခုနှစ်အတွက် စီးပွားရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ထိပ်တန်းပြဿနာ(၁၀)ခုကို ဆုံးဖြတ်ရာတွင် အကူအညီပေးပါသည်။ ၄င်းထိပ်တန်း ပြဿနာ(၁၀)ခုကို ဒီဇင်ဘာ(၁၀)ရက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကြေငြာမည် ဖြစ်ပါသည်။ http://www.ihrb.org/top10/2016.html
IHRB ၏ထိပ်တန်းပြဿနာ(၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။ (၄င်းတို့ကို အရေးပါမှုအစီ အစဉ်အတိုင်း စီထားခြင်း မဟုတ်ပါ။)
- စီးပွားရေးလုပ်ငန်းကြီးကြီး၊ ကိန်းဂဏန်းကြီးကြီးတို့ကြောင့် လူ့အခွင့်အရေးသက်ရောက်မှုကို နားလည်သိရှိအောင် အမြင်ဖွင့်ပေးခြင်း၊ (ကိုယ်ပိုင်အချက်အလက်များအတွက်) အကာ အကွယ်ပေးမှုကို သေချာစေခြင်း။
- ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ခြင်းဖြင့် မတူညီသောအဖွဲ့အစည်းများ(လူများ)ကို တန်ဖိုးထားတတ်သည့်ရေရှည်တည်တံသော စီးပွားရေးဦးဆောင်မှုရှိခြင်း။
- အဓမ္မစေခိုင်းမှုနှင့်လူကုန်ကူးမှုကိုတိုက်ဖျက်သည့်ဦးဆောင်မှုအဟုန်ကို ရေရှည်တည်တံ့စေ ခြင်း။
- စီးပွားရေးလုပ်ငန်းများတွင် ကျင့်သုံးရမည့် နစ်နာမှုကုစားချက်များ ကျင့်သုံးခြင်းဆိုသော မေ့လျော့နေသောမဏ္ဍိုင်အား အရေးပါသေမဏ္ဍိုင်ဖြစ်လာစေရန် (စီးပွားရေးလုပ်ငန်းများ၊ စီမံကိန်းများ)ကြောင့် ထိခိုက်မှုများကို သတ်မှတ်ဖော်ထုတ် စောင့်ကြည့်လေ့လာ အကာ ကွယ်ပေးခြင်း။
- စီးပွားရေးလုပ်ငန်းများက လူ့အခွင့်အရေးဆိုင်ရာ အလေးဂရုပြုအားထုတ်ကြိုးပမ်းမှု လုပ်ငန်း စဉ်တစ်ရပ်(due diligence)ကို လုပ်ကိုင်စေရန်အစိုးရကလည်း ဥပမာစံပြဖြစ်နေခြင်း၊ ဥပဒေ နှင့်အညီ ထိန်းချုပ်ခြင်း။
- စီးပွားရေးလုပ်ငန်းများက ရာသီဥတုဆိုင်ရာလုပ်ငန်းစဉ်(ဥပမာ-ကာဗွန်လျော့ချရေး)များတွင် ပါဝင်ခြင်းဖြင့် လူ့အခွင့်အရေးနှင့် ရာသီဥတုဆိုင်ရာဆိုးကျိုးများကို လျော့နည်းစေခြင်း။
- ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များ (UN Sustainable Development Goals )အကောင်ထည်ဖော်ရာတွင် ကွာဟချက်များကို ဂရုပြုခြင်း။
- အရပ်ဖက်လူမှုအဖွဲ့အစည်းများကိုလည်း စီးပွားရေးလုပ်ငန်းများက ထောက်ခံကာကွယ်ပေးရန်။
- စီးပွားရေးလုပ်ငန်းကြီးများ၏ လူ့အခွင့်အရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုများလုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်သောလုပ်ဆောင်ချက်များကို စာတွေ့မဟုတ်ဘဲလက်တွေ့ဆောင်ရွက်ခြင်း။
- ၂၀၁၆ခုနှစ်ကို ကြီးမားသောအားကစားပွဲများကြောင်း လူ့အခွင့်အရေးထိခိုက်မှုများ မရှိစေရန်လုပ်ကိုင်နိုင်မည့် အိုလံပစ်နှစ်အဖြစ် ဆောင်ရွက်နိုင်ရန်အခက်အခဲကို ရင်ဆိုင်ကျော်လွှားခြင်း။