“လယ်ယာမြေအခွင့်အရေးဆိုင်ရာ မှတ်တမ်းတင်ခြင်း” သင်တန်း သတင်း

၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ ၁၁-၁၂-ရက်နေ့တွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌါန (MCRB) မှ တောင်သူလယ်သမားကွန်ရက်များ၏ မေတ္တာရပ်ခံချက်အရ “လယ်ယာမြေအခွင့်အရေးဆိုင်ရာ မှတ်တမ်းတင်ခြင်း” သင်တန်းတစ်ခုကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။
၎င်းသင်တန်းသို့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အရပ်ဘက်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်ပေါင်း ၃၅ ယောက်ပါဝင် တက်ရောက် ခဲ့ပါသည်။
သင်တန်းတွင် သင်ကြားပို့ချကြသော ဆရာ၊ ဆရာမများမှာ MCRB၊ Equality Myanmar၊ the International Commission of Jurists (ICJ) နှင့် EarthRights International တို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။
ထိုသင်တန်းတွင် အောက်ဖော်ပြပါ ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါသည်။
- လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်း၏ အခြေခံမူများ
- အင်တာဗျူးဆိုင်ရာ အခြေခံမူများ
- ကွင်းဆင်းသုတေသနပြုလုပ်စဉ် လိုက်နာရမည့် ကျင့်ဝတ်နှင့် လုံခြုံရေး
- လယ်ယာမြေအခွင့်အရေး မှတ်တမ်းတင်ရာတွင် မေးမြန်းရန် စာရင်း(Checklist)
- လယ်ယာမြေ မူဝါဒ update နှင့် ပြဿနာဖြေရှင်းမှု
- နိုင်ငံသားများ၏ အခြေခံအခွင့်အရေး (Fundamental Citizen Rights)
- မြန်မာနိုင်ငံ မြေယာအခွင့်အရေး ကိစ္စများအတွက် ပြည်တွင်း (national) နှင့် ပြည်ပ (international) လူ့အခွင့်အရေး ယန္တရားများကို အသုံးပြုကာ မည်ကဲ့သို လုပ်ဆောင်နိုင်မည်နည်း။
မြန်မာနိုင်ငံ၏ မြေယာကိစ္စသည် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ခက်ခဲ ရှုပ်ထွေးဆုံးသော စိန်ခေါ်မှုတစ်ခုဖြစ်နေ၍ ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် လယ်ယာမြေကို အသုံးပြုနေသူများ (Land Users) ၏ အခွင့်အရေးကို လေးစားလိုက်နာပြီး နိုင်ငံတကာ စံချိန် စံနှုန်းများနှင့်အညီ ပြုမူဆောင်ရွက်ရန် လိုအပ်ကြောင်း MCRB မှာ မကြာသေးမီက ထုတ်ဝေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ကုမ္ပဏီများအတွက် မြန်မာနိုင်ငံ၏ မြေယာ အကြောင်းကိစ္စများ၊ စီးပွားရေး၊ လူ့အခွင့်အရေးနှင့် ဆက်စပ်သော အကြောင်းအရာများ ပါဝင်သည့် စာတမ်း(paper) အကျဉ်းချုပ် တစ်စောင်ကို MCRB မှ မကြာမီ ထုတ်ဝေဖြန့်ချိပါလိမ့်မည်။
ဆက်စပ်သော အကြောင်းအရာ
- Business Consultation on National Land Law Reform
- မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး တာဝန်ယူမှုရှိသောရင်းနှီးမြုပ်နှံမှုအပေါ် သက်ရောက်နိုင်မှုကို စိုးရိမ်ပူပန်ကြောင်း MCRB ၏သဘောထားဖော်ထုတ်ခြင်း။
- မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဆိုင်ရာ ဥပဒေ မူကြမ်းနှင့် ပတ်သက်ပြီး မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာနက လွှတ်တော်သို့ အကြံပြုချက်များပေးပို့
- Voluntary Guidelines on the Responsible Governance of Tenure (VGGT) of Land, Fisheries and Forests
- မြန်မာနိုင်ငံရှိ မြေယာအခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းများ အနှစ်ချုပ်စာစောင်ကို ပြင်ဆင်ရေးသားရန် ဆွေးနွေးတွေ့ဆုံပွဲ
Share:
