မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍာ၏ သက်ရောက်မှုများအား လေ့လာ ဆန်းစစ်ခြင်း (SWIA)
![မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍာ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) အနေဖြင့် မြန်မာနိုင်ငံ၏ အလျင်အမြန် တိုးတက်လာသော စီးပွားရေးကဏ္ဍ၌ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်စေရန် အတွက် အထောက်အပံ့ကောင်းများ ပေးနိုင်ရန် ရ](https://www.myanmar-responsiblebusiness.org/media/images/articles2/OilandGas.jpg)
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍာ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) ကို မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)နှင့်အတူ ပူးတွဲထူထောင်သူများ ဖြစ်ကြသော Institute for Human Rights and Business (IHRB) နှင့် the Danish Institute for Human Rights (DIHR) အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ အလျင်အမြန် တိုးတက်လာသော စီးပွားရေးကဏ္ဍ၌ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်စေရန် အတွက် အထောက်အပံ့ကောင်းများ ပေးနိုင်ရန် ရည်ရွယ်ပါသည်။
၎င်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှုများနှင့် သုတေသနလုပ်ငန်းများပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၂၀၁၄-ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။
သတင်းထုတ်ပြန်ချက် နှင့် ၂၀၁၄ ခုနှစ် မတ်လတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲဆိုင်ရာ စာရွက်စာတမ်းများကို လည်း ရနိုင်ပါသည်
ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္ထုကဏ္ဍာများတွင် ကုမ္ပဏီနှင့် အရပ်ဖက်လူမှု့အဖွဲ့အစည်းများကြား အဓိပ္ပယ်ရှိသော ချိတ်ဆက်ဆောင်ရွက်မှုများကို ထောက်ပံ့ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ တွင်းထွက် သယံဇာတလုပ်ငန်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများဆိုင်ရာ အနှစ်ချုပ်စာတမ်း တစ်ခုကိုလည်း MCRB အနေဖြင့် ထုတ်ဝေထားခဲ့ပြီး ဖြစ်ပါသည်။
SWIA ၏ တွေ့ရှိချက်များအပေါ် အခြေခံပြီး၊ MCRB မှ အခမ်းအနားများတွင် ပြောကြားခြင်းတို့အပြင် ကဏ္ဍ၌ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဖြစ်လာစေရန် အားပေးခြင်း နှင့် စကားဝိုင်းများ တိုးတက် ဖြစ်ပေါ်လာစေရန်အတွက် စီးပွားရေးလုပ်ငန်းများ၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများအားလုံးပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများအား စီစဉ်ဆောင်ရွက်ခြင်းနှင့် ပူးပေါင်းပါဝင်ခြင်းများ ပြုလုပ်ခဲ့ပါ
ဆက်စပ်သော အကြောင်းအရာ
- Rakhine State and Kyaukphyu Communities Want Companies and Government to Coordinate and Consult With Them on Community Development Programmes
- MCRB submits comments on draft Petroleum Bill
- MCRB Submits Comments to the Hluttaw on the Bill concerning Artisanal Oil Production
- ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ထိရောက်သော ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် လုပ်ငန်းစဉ် တည်ဆောက်ခြင်း
- Note of a Meeting on Environmental & Social Standards in the Myanmar Oil and Gas Sector
Share:
![မြန်မာ့သတ္တုတွင်းလုပ်ငန်းကဏ္ဍ၏ ကဏ္ဍအလိုက် သက်ရောက်မှုများအား ဆန်းစစ်လေ့လာခြင်း (SWIA)](https://www.myanmar-responsiblebusiness.org/media/images/articles2/article152_thumb.jpg)